တောင်အာဖရိကသမ္မတ ကိုဗစ်ကူးစက်ခံရ

0
154

တောင်အာဖရိကသမ္မတကိုဗစ်ကူးစက်ခံရ

တောင်အာဖရိကသမ္မတ Cyril Ramaphosa ဟာ တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၂)ရက်နေ့မှာ ကိုဗစ်၁၉ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အပျော့စားလက္ခဏာတွေအတွက် ကုသမှုခံယူနေရကြောင်း သမ္မတရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ Ramaphosa ဟာ အဲ့ဒီ့နေ့အစောပိုင်း Cape Town မှာ ဒုသမ္မ တဟောင်း F W de Klerk အ တွက်ပြုလုပ်တဲ့ နိုင်ငံတော်အောက်မေ့ဖွယ်အခမ်းအနားက ထွက်လာပြီးနောက် နေမကောင်းစဖြစ်လာခဲ့တာပါ။

ဒါပေမယ့် အခြေအနေကောင်းမွန်ပြီး ဆရာဝန် တွေက စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

ကိုဗစ်၁၉ရဲ့မျိုးကွဲတခုဖြစ်တဲ့ Omicron ကို ပြီးခဲ့တဲ့လက တောင်အာဖရိကမှာစတင်တွေ့ရှိခဲ့ပြီး အခြားမျိုးကွဲတွေထက် ပိုကူးစက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် တကမ္ဘာလုံးကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

လက်ရှိမှာတော့ သမ္မတ Ramaphosa ဟာ Cape Town မှာ သီးသန့်နေထိုင်နေပြီး လာမည့် အပတ်အတွက် အလုပ်အားလုံးကို ဒုသမ္မတ David Mabuza ကို လွှဲအပ်ထားပါတယ်။

မကြာသေးမီက အာဖရိကအနောက်ပိုင်းက ပြည်နယ် ၄ခုကို သွားရောက်ခဲ့တဲ့ သမ္မတနဲ့ကိုယ်စားလှယ် အဖွဲ့တစ်ခုလုံးကို နိုင်ငံတိုင်းမှာ ကိုဗစ်၁၉စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

သမ္မတနဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဗစ်ပိုးမရှိကြောင်းစစ်ဆေးချက်ရရှိပြီးနောက် ဒီဇင်ဘာ ၈ ရက်(ဗုဒ္ဓဟူး)နေ့က ဆီနီဂေါသမ္မတနိုင်ငံမှ တောင်အာဖရိကကို ပြန်ရောက်ခဲ့တာပါ။

သမ္မတဟာ ဒီဇင်ဘာ ၈ရက်နေ့ ဂျိုဟန်နက်စ် ဘာ့ဂ်ကပြန်လာချိန်မှာလည်း ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး အဖြေက Negative ထွက်ခဲ့ပါတယ်။

Ramaphosa ရဲ့ထုတ်ပြန်ချက်ထဲမှာ သူ့ရဲ့ကူးစက်မှုဟာ ကာကွယ်ဆေးထိုးထားပေမယ့်လည်း ရောဂါပိုးရှိသူ နဲ့ ထိတွေ့မှုကနေ ကင်းဝေးဖို့ သတိ ထားတာ အရေးကြီးကြောင်း နိုင်ငံသားအားလုံးကို သတိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ကာကွယ်ဆေးထိုးခြင်းဟာ ပြင်းထန်ဖျားနာမှုနဲ့ ဆေးရုံတက်ခြင်းမှ အကောင်းဆုံ းကာကွယ်မှုအဖြစ် ဆက်လက်တည်ရှိနေပါတယ်”လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၄င်းနေ့က သမ္မတနဲ့ထိတွေ့ခဲ့သူတွေ အနေနဲ့လည်း ရောဂါလက္ခဏာကို စောင့်ကြည့်ဖို့နဲ့ ကိုယ် တိုင်စစ်ဆေးမှုတွေပြုလုပ်ဖို့ အကြံပြုထားပါတယ်။

Source-CNA

Photo Credit-Reuters

Zaw Gyi

ေတာင္အာဖရိကသမၼတကိုဗစ္ကူးစက္ခံရ

ေတာင္အာဖရိကသမၼတ Cyril Ramaphosa ဟာ တနဂၤေႏြေန႔(ဒီဇင္ဘာ ၁၂)ရက္ေန႔မွာ ကိုဗစ္၁၉ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီး အေပ်ာ့စားလကၡဏာေတြအတြက္ ကုသမွုခံယူေနရေၾကာင္း သမၼတ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကာကြယ္ေဆးအျပည့္ထိုးထားတဲ့Ramaphosa ဟာ အဲ့ဒီ့ေန႔အေစာပိုင္း Cape Town မွာ ဒုသမၼ တေဟာင္း F W de Klerk အ တြက္ျပဳလုပ္တဲ့ နိုင္ငံေတာ္ေအာက္ေမ့ဖြယ္အခမ္းအနားက ထြက္လာၿပီးေနာက္ ေနမေကာင္းစျဖစ္လာခဲ့တာပါ။

ဒါေပမယ့္ အေျခအေနေကာင္းမြန္ၿပီး ဆရာဝန္ ေတြက ေစာင့္ၾကည့္ေနတယ္လို႔ဆိုပါတယ္။

ကိုဗစ္၁၉ရဲ့မ်ိဳးကြဲတခုျဖစ္တဲ့ Omicron ကို ၿပီးခဲ့တဲ့လက ေတာင္အာဖရိကမွာစတင္ေတြ႕ရွိခဲ့ၿပီး အျခားမ်ိဳးကြဲေတြထက္ပိုကူးစက္နိုင္တယ္ဆိုတဲ့
စိုးရိမ္မွုေတြေၾကာင့္ တကမၻာလုံးကို အထိတ္တလန္႔ ျဖစ္ေစခဲ့ပါတယ္။

လက္ရွိမွာေတာ့ သမၼတ Ramaphosa ဟာ Cape Town မွာ သီးသန္႔ေနထိုင္ေနၿပီး လာမည့္
အပတ္အတြက္ အလုပ္အားလုံးကို ဒုသမၼတ David Mabuza ကို လႊဲအပ္ထားပါတယ္။

မၾကာေသးမီက အာဖရိကအေနာက္ပိုင္းက ျပည္နယ္ ၄ခုကို သြားေရာက္ခဲ့တဲ့ သမၼတနဲ႔ကိုယ္စားလွယ္အဖြဲ႕တစ္ခုလုံးကို နိုင္ငံတိုင္းမွာ ကိုဗစ္၁၉စစ္ေဆးမွုေတြျပဳလုပ္ခဲ့တယ္လို႔ ထုတ္ျပန္ ခ်က္မွာေဖာ္ျပထားပါတယ္။

သမၼတနဲ႔ကိုယ္စားလွယ္အဖြဲ႕ဟာ ကိုဗစ္ပိုးမရွိေၾကာင္းစစ္ေဆးခ်က္ရရွိၿပီးေနာက္ ဒီဇင္ဘာ ၈ ရက္(ဗုဒၶဟူး)ေန႔က ဆီနီေဂါသမၼတနိုင္ငံမွ ေတာင္အာဖရိကကို ျပန္ေရာက္ခဲ့တာပါ။

သမၼတဟာ ဒီဇင္ဘာ ၈ရက္ေန႔ ဂ်ိဳဟန္နက္စ္ ဘာ့ဂ္ကျပန္လာခ်ိန္မွာလည္း ကိုဗစ္စစ္ေဆးမွု
ျပဳလုပ္ခဲ့ၿပီး အေျဖက Negative ထြက္ခဲ့ပါတယ္။

Ramaphosa ရဲ့ထုတ္ျပန္ခ်က္ထဲမွာ သူ႔ရဲ့ကူးစက္မွုဟာ ကာကြယ္ေဆးထိုးထားေပမယ့္လည္း ေရာဂါပိုးရွိသူနဲ႔ ထိေတြ႕မွုကေန ကင္းေဝးဖို႔
သတိထားတာအေရးႀကီးေၾကာင္း နိုင္ငံသားအားလုံးကို သတိေပးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

“ကာကြယ္ေဆးထိုးျခင္းဟာ ျပင္းထန္ဖ်ားနာမွုနဲ႔ ေဆး႐ုံတက္ျခင္းမွ အေကာင္းဆုံးကာကြယ္မွုအျဖစ္ ဆက္လက္တည္ရွိေနပါတယ္”လို႔ ထုတ္ ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၄င္းေန႔က သမၼတနဲ႔ထိေတြ႕ခဲ့သူေတြအေနနဲ႔လည္း ေရာဂါလကၡဏာကို ေစာင့္ၾကည့္ဖို႔နဲ႔ ကိုယ္ တိုင္စစ္ေဆးမွုေတြျပဳလုပ္ဖို႔ အႀကံျပဳထားပါတယ္။

Source-CNA


LEAVE A REPLY

Please enter your comment!
Please enter your name here