စားသုံးဆီတန်ချိန် ၇၆၃၁.၈၇တန်ကို အမြတ် ၂%ထက်မပိုသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချမည်

0
169

(Unicode)

စားသုံးဆီတန်ချိန် ၇၆၃၁.၈၇တန်ကို အမြတ် ၂%ထက်မပိုသော စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချမည်

ဗဟိုဘဏ်ကရောင်းချပေးခဲ့တဲ့ဒေါ်လာတွေထဲက ဒေါ်လာ၁၀သန်းကို စားသုံးဆီကုမ္ပဏီ ၈ခုက ဝယ်ယူရရှိခဲ့တာကြောင့် လက်လီလက်ကားရောင်းဝယ်သူတွေနှင့်စားသုံးဆီဝယ်ယူလိုတဲ့ ကုမ္ပဏီတွေကို သက်ဆိုင်ရာကုမ္ပဏီများမှ တိုက်ရိုက်ရောင်း ချသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌဦးဆန်းလင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့လတွေက ဗဟိုဘဏ်ကနေ ဝယ်ယူရရှိထားတဲ့ ဒေါ်လာတွေနဲ့ ဝယ်ထားတဲ့ ဆီတွေရောက်လာပါပြီ။ တင်သွင်းလာတဲ့ကုမ္ပဏီတွေကပဲ တိုက်ရိုက်ရောင်းချဖို့ ညွှန်ကြားထားတာကြောင့် ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်” လို့ ဦးဆန်းလင်းက ပြောပါတယ်။

လက်လီလက်ကား ပြန်လည်ရောင်းချရာမှာလည်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကချမှတ်ထားတဲ့စျေးနှုန်းအတိုင်း စျေးကွက်ထဲပြန်လည်ရောင်းချရမှာဖြစ်ပြီး ဖြန့်ဖြူးရောင်းချပြီးစီးမှုအခြေအနေကိုလည်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီသို့ တင်ပြတဲ့စနစ်ကို ကျင့်သုံးဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချရေးကော်မတီက နေ့စဉ်ပေါက်စျေးအတိုင်းတွက်ချက်ပြီး အပြင်စျေးနှုန်းတွေကို ထုတ်ပြန်မှာဖြစ်ကာ စျေးနှုန်းထုတ်ပြန်မှုအတွက် SOP ရေးဆွဲဖို့ Technical Team ဖွဲ့ကာ ဆောင်ရွက်နေတယ်လို့လည်း ဦးဆန်းလင်းက ပြောပါတယ်။

ဒီလိုဆောင်ရွက်နေတဲ့ကာလအတွင်းမှာတော့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ဖြစ်ပေါ်နေတဲ့နိုင်ငံခြားကစျေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနဲ့ ဗဟိုဘဏ်ရည်ညွှန်းနှုန်းတွေကို တွက်ချက်ပြီး နေ့စဉ်စျေးနှုန်းတွေထုတ် ပြန်ပေးမယ်လို့ ဆိုပါတယ်။

စားသုံးဆီပြန်ရောင်းချရာမှာလည်း စျေးမြှင့်တင်ရောင်းချခြင်းများမပြုရန်နှင့် ဆီသိုလှောင်ပြီး စျေးကစားခြင်းတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဦးဆန်းလင်းက ပြောပြပါတယ်။

ဝယ်ယူသူများအနေနဲ့ သတ်မှတ်စျေးနှုန်းထက် စျေးတင်ရောင်းချခြင်းများကြုံတွေ့ရပါက ရန် ကုန်တိုင်းဒေသကြီး၊စားသုံးသူရေးရာအသင်းဌာန၊မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းသို့ တိုင်ကြားနိုင်ကြောင်းလည်း သိရပါတယ်။

ကုမ္ပဏီ ၈ခုမှတင်သွင်းလာတဲ့ဆီတန်ချိန်ဟာ ၇၆၃၁.၈၇တန်ရှိပြီး ၄င်းတို့ကို အသင်းမှ သတ်မှတ်ထားတဲ့ တန်ချိန်နဲ့စျေးနှုန်းအတိုင်း လက်လီလက်ကားရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

(Zawgyi)

စားသုံးဆီတန်ချိန် ၇၆၃၁.၈၇တန်ကို အမြတ် ၂%ထက်မပိုသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချမည်



လက်လီလက်ကား ပြန်လည်ရောင်းချရာမှာလည်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကချမှတ်ထားတဲ့ဈေးနှုန်းအတိုင်း ဈေးကွက်ထဲပြန်လည်ရောင်းချရမှာဖြစ်ပြီး ဖြန့်ဖြူးရောင်းချပြီးစီးမှုအခြေအနေကိုလည်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီသို့ တင်ပြတဲ့စနစ်ကို ကျင့်သုံးဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချရေးကော်မတီက နေ့စဉ်ပေါက်ဈေးအတိုင်းတွက်ချက်ပြီး အပြင်ဈေးနှုန်းတွေကို ထုတ်ပြန်မှာဖြစ်ကာ ဈေးနှုန်းထုတ်ပြန်မှုအတွက် SOP ရေးဆွဲဖို့ Technical Team ဖွဲ့ကာ ဆောင်ရွက်နေတယ်လို့လည်း ဦးဆန်းလင်းက ပြောပါတယ်။

ဒီလိုဆောင်ရွက်နေတဲ့ကာလအတွင်းမှာတော့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ဖြစ်ပေါ်နေတဲ့နိုင်ငံခြားကဈေးနှုန်း၊
နိုင်ငံခြားငွေလဲနှုန်းနဲ့ ဗဟိုဘဏ်ရည်ညွှန်းနှုန်းတွေကို တွက်ချက်ပြီး နေ့စဉ်ဈေးနှုန်းတွေထုတ် ပြန်ပေးမယ်လို့ ဆိုပါတယ်။

စားသုံးဆီပြန်ရောင်းချရာမှာလည်း ဈေးမြှင့်တင်ရောင်းချခြင်းများမပြုရန်နှင့် ဆီသိုလှောင်ပြီး ဈေးကစားခြင်းတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့

ဝယ်ယူသူများအနေနဲ့ သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းများကြုံတွေ့ရပါက ရန် ကုန်တိုင်းဒေသကြီး၊စားသုံးသူရေးရာအသင်းဌာန၊မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းသို့ တိုင်ကြားနိုင်ကြောင်းလည်း သိရပါတယ်။

ကုမ္ပဏီ ၈ခုမှတင်သွင်းလာတဲ့ဆီတန်ချိန်ဟာ ၇၆၃၁.၈၇တန်ရှိပြီး ၄င်းတို့ကို အသင်းမှ သတ်မှတ်ထားတဲ့ တန်ချိန်နဲ့ဈေးနှုန်းအတိုင်း လက်လီလက်ကားရောင်းချပေးသွားမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here