အင်ဒိုနီးရှားတွင် အသက် ၆နှစ်နှင့် ၁၁နှစ်ကြား ကလေးငယ်များကို ကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံပေးမည်

0
152

(Unicode)

အင်ဒိုနီးရှားတွင် အသက် ၆နှစ်နှင့် ၁၁နှစ်ကြား ကလေးငယ်များကို ကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံပေးမည်

Photo Credit-AP

အင်ဒိုနီးရှားနိုင်ငံဟာ ဒီဇင်ဘာ ၁၄ရက်နေ့တွင် အသက် ၆နှစ်နှင့် ၁၁နှစ်ကြားကလေးငယ်တွေကို ကိုဗစ်၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်ဒိုနီးရှားဟာ ကလေးတွေအတွက် တရုတ်နိုင်ငံထုတ် Sinovac Biotech ကာကွယ်ဆေးကို ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပြီး ကလေး၂၆.၅ သန်းခန့်ကို ကာကွယ်ဆေးထိုးဖို့ ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိ Maxi Rein Rondonuwu က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Sinovac ကာကွယ်ဆေးဟာ အင်ဒိုနီးရှားနိုင်ငံမှ ကလေးငယ်တွေအတွက် အတည်ပြုထားတဲ့ တစ်ခုတည်းသောကာကွယ်ဆေးဖြစ်ပြီး အာ ဏာပိုင်တွေဟာ လာမယ့်နှစ်ကစလို့ ၄င်းဆေးကို ယင်းအသက်အရွယ်အုပ်စုအတွက်သာ အသုံးပြုဖို့ ကန့်သတ်သွားမှာကြောင်း Maxi က ပြောခဲ့ပါတယ်။

” အင်ဒိုနီးရှားရှိလူတိုင်းကို ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနေပါတယ်” လို့ Maxi က တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အသက် ၆နှစ်မှ ၁၁နှစ်အတွင်း ကလေးငယ် တွေရဲ့ ကာကွယ်ဆေးထိုးနှံခြင်းကို ဂျာကာတာဧရိယာကနေ စတင်မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

အာရှမှာတော့ တရုတ်နိုင်ငံဟာ အသက် ၃နှစ်နှင့်အထက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံကတော့ စက်တင်ဘာလမှာ အသက် ၆နှစ်နှင့် ၁၂ကြား ကလေးငယ်တွေအတွက် ပထမဆုံး ကာကွယ် ဆေးထိုးနှံပေးခဲ့ပါတယ်။

စင်ကာပူကတော့ ယခုနှစ်မကုန်မီ အသက် ၅နှစ် နှင့်၁၁နှစ်ကြားကလေးငယ်တွေကို ကာကွယ် ဆေးထိုးနှံပေးမည်ဟု ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ အာရှနိုင်ငံတွေထဲမှာ ကိုဗစ်၁၉ ဖြစ်ပွါးမှု ဆိုးရွားစွာကြုံခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း မကြာမီကာလတွေအတွင်းမှာ ကူးစက်မှုနှုန်းကျဆင်းသွားခဲ့ပါတယ်။

ဇူလိုင်လက တနေ့ကိုပျမ်းမျှကူးစက်နှုန်း ၄၀၀၀၀ ခန့်ရှိရာကနေ ၄၀၀ ခန့်အထိ ကျဆင်းလာခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ နိုင်ငံ့လူဦးရေ သန်း၂၇၀ရဲ့ စုစုပေါင်း ၃၈% ကို ကာကွယ်ဆေးအပြည့်ထိုးနှံပေးပြီးဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ကိုဗစ်၁၉ကာကွယ် ဆေးတွေအဖြစ် Moderna,Pfizer-BioNTech နဲ့ Astra Zeneca တို့ကိုလည်း အသုံးပြုပါတယ်။

Source- CNA
Photo Credit-AP

(Zawgyi)

အင္ဒိုနီးရွားတြင္ အသက္ ၆ႏွစ္ႏွင့္ ၁၁ႏွစ္ၾကား ကေလးငယ္မ်ားကို ကိုဗစ္၁၉ကာကြယ္ေဆးထိုးႏွံေပးမည္

အင္ဒိုနီးရွားႏိုင္ငံဟာ ဒီဇင္ဘာ ၁၄ရက္ေန႔တြင္ အသက္ ၆ႏွစ္ႏွင့္ ၁၁ႏွစ္ၾကားကေလးငယ္ေတြကို ကိုဗစ္၁၉ကာကြယ္ေဆး စတင္ထိုးႏွံေပးမယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အင္ဒိုနီးရွားဟာ ကေလးေတြအတြက္ တ႐ုတ္ႏိုင္ငံထုတ္ Sinovac Biotech ကာကြယ္ေဆးကို ၿပီးခဲ့တဲ့လက အတည္ျပဳခဲ့ၿပီး ကေလး၂၆.၅ သန္းခန္႔ကို ကာကြယ္ေဆးထိုးဖို႔ ရည္မွန္းထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အႀကီးတန္းအရာရွိ Maxi Rein Rondonuwu က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

Sinovac ကာကြယ္ေဆးဟာ အင္ဒိုနီးရွားႏိုင္ငံမွ ကေလးငယ္ေတြအတြက္ အတည္ျပဳထားတဲ့ တစ္ခုတည္းေသာကာကြယ္ေဆးျဖစ္ၿပီး အာ ဏာပိုင္ေတြဟာ လာမယ့္ႏွစ္ကစလို႔ ၄င္းေဆးကို ယင္းအသက္အ႐ြယ္အုပ္စုအတြက္သာ အသုံးျပဳဖို႔ ကန္႔သတ္သြားမွာေၾကာင္း Maxi က ေျပာခဲ့ပါတယ္။

” အင္ဒိုနီးရွားရွိလူတိုင္းကို ကာကြယ္ေဆးထိုးႏွံျခင္းလုပ္ငန္းေတြ အရွိန္ျမႇင့္လုပ္ေဆာင္ေနၿပီး ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးေနပါတယ္” လို႔ Maxi က တနဂၤေႏြေန႔က ေျပာခဲ့ပါတယ္။

အသက္ ၆ႏွစ္မွ ၁၁ႏွစ္အတြင္း ကေလးငယ္ ေတြရဲ႕ ကာကြယ္ေဆးထိုးႏွံျခင္းကို ဂ်ာကာတာဧရိယာကေန စတင္မွာျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။

အာရွမွာေတာ့ တ႐ုတ္ႏိုင္ငံဟာ အသက္ ၃ႏွစ္ႏွင့္အထက္ကေလးငယ္ေတြကို ကာကြယ္ေဆးထိုးႏွံေပးၿပီးျဖစ္ၿပီး ကေမာၻဒီးယားႏိုင္ငံကေတာ့ စက္တင္ဘာလမွာ အသက္ ၆ႏွစ္ႏွင့္ ၁၂ၾကား ကေလးငယ္ေတြအတြက္ ပထမဆုံး ကာကြယ္ ေဆးထိုးႏွံေပးခဲ့ပါတယ္။

စင္ကာပူကေတာ့ ယခုႏွစ္မကုန္မီ အသက္ ၅ႏွစ္ ႏွင့္၁၁ႏွစ္ၾကားကေလးငယ္ေတြကို ကာကြယ္ ေဆးထိုးႏွံေပးမည္ဟု ၿပီးခဲ့တဲ့ သီတင္းပတ္က ေျပာခဲ့ပါတယ္။

အင္ဒိုနီးရွားဟာ အာရွႏိုင္ငံေတြထဲမွာ ကိုဗစ္၁၉ ျဖစ္ပြါးမႈ ဆိုး႐ြားစြာႀကဳံခဲ့ရတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာ္လည္း မၾကာမီကာလေတြအတြင္းမွာ ကူးစက္မႈႏႈန္းက်ဆင္းသြားခဲ့ပါတယ္။

ဇူလိုင္လက တေန႔ကိုပ်မ္းမွ်ကူးစက္ႏႈန္း ၄၀၀၀၀ ခန္႔ရွိရာကေန ၄၀၀ ခန္႔အထိ က်ဆင္းလာခဲ့ပါတယ္။

အင္ဒိုနီးရွားဟာ ႏိုင္ငံ့လူဦးေရ သန္း၂၇၀ရဲ႕ စုစုေပါင္း ၃၈% ကို ကာကြယ္ေဆးအျပည့္ထိုးႏွံေပးၿပီးျဖစ္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာေတာ့ ကိုဗစ္၁၉ကာကြယ္ ေဆးေတြအျဖစ္ Moderna,Pfizer-BioNTech နဲ႔ Astra Zeneca တို႔ကိုလည္း အသုံးျပဳပါတယ္။

Source- CNA
Photo Credit-AP


LEAVE A REPLY

Please enter your comment!
Please enter your name here