တာချီလိတ် ၊မူဆယ်နှင့် မြဝတီမြို့တို့တွင် စိတ် ကြွရူးသွပ်ဆေးပြားနှင့်ဘိန်းဖြူများ ဖမ်းဆီးရမိ

0
162

(Unicode)

တာချီလိတ် ၊မူဆယ်နှင့် မြဝတီမြို့တို့တွင် စိတ် ကြွရူးသွပ်ဆေးပြားနှင့်ဘိန်းဖြူများ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၂ရက်နေ့ နေ့လည် ၃နာရီ ၃၀မိနစ်အချိန်က မူးယစ်ဆေးဝါးတာရဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ သတင်းအရ တာချီလိတ်မြို့နယ်၊လွယ်တော်ခမ်းအုပ်စု၊လွယ်တော်ခမ်းကျေးရွာသွားလမ်းကြားတွင် လုကာ(ခ)အာခါလေးမောင်းနှင်းလာတဲ့ မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ လုကာ(ခ)အာခါလေးရဲ့ လွယ် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ ပြား(ကာလတန်ဖိုး ၂၅.၂သိန်း)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ထို့ကြောင့် လုကာ(ခ)အာခါလေး(၂၉)နှစ်ကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

အလားတူ ၄င်းနေ့ ညနေ ၄နာရီ၃၀မိနစ်အချိန်တွင် ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မူဆယ်မြို့နယ် ၊၁၀၅ မိုင် (မိုင်းယု)ကျေးရွာအနီး မူဆယ်-ကွတ်ခိုင်သွား ပြည်ထောင်စုလမ်းမကြီးတွင် ကွတ်ခိုင်ဘက်မှ မူဆယ်ဘက်သို့ မနန်းရွှေစိန် မောင်းနှင်ပြီး မနန်းဆိုင်ခေါင်လိုက်ပါလာတဲ့ TOYATA Mark II အမျိုးအစားမော်တော်ယာဉ် ကို စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်းရှိ ဆောင်းဘောက်များအတွင်းမှ ဘိန်းဖြူအလေးချိန် ၂.၉၇ ကီလို (ကာလတန်ဖိုး ၂၉၇သိန်း)နှင့်
လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ထို့ကြောင့် မနန်းရွှေစိန်(၂၃)နှစ်နှင့် မနန်းဆိုင် ခေါင်(၂၆)နှစ်တို့အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

အလားတူပဲ ဒီဇင်ဘာလ ၁၂ရက်နေ့ ည ၇နာရီ ၅၀မိနစ်အချိန်က ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်၊အေးသာယာ(၇)လမ်းပေါ်မှာ စောဝင်းဌေး(ခ)ဝင်းဌေးမောင်းနှင်လာတဲ့ Honda Fit အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ပါတယ်။

မော်တော်ယာဉ်အတွင်းမှ သိုဝှက်သယ်ဆောင် လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၇၀ပြား(ကာ လတန်ဖိုး ငွေကျပ်၂၈.၀၅သိန်း)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်လက်ပြီး မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်၊အောင်မြင်ရွှေဘုံရပ်၊ငွေင်္ဟသာလမ်းမှာရှိတဲ့ စောဝင်းဌေး(ခ)ဝင်းဌေး၏ နေအိမ်ကို ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ ပြား (ကာလတန်ဖိုး ငွေကျပ် ၁၁၄ သိန်း)အား ထပ်မံသိမ်းဆည်းရမိခဲ့တာကြောင့် စောဝင်းဌေး(ခ)ဝင်းဌေး အသက် (၄၇)နှစ်အား
မြဝတီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနဲ့စိတ် ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

(Zawgyi)










LEAVE A REPLY

Please enter your comment!
Please enter your name here