မဟာအောင်မြေမြို့နယ်က ၃၇ လမ်းစျေး(ရေနီမြောင်းစျေး)မှာ စစ်သားသုံးယောက် သေနတ်နဲ့ပစ်ခံရ ၊တစ်ဦးသေဆုံး

0
130

(Unicode)

မဟာအောင်မြေမြို့နယ်က ၃၇ လမ်းစျေး(ရေနီမြောင်းစျေး)မှာ စစ်သားသုံးယောက် သေနတ်နဲ့ပစ်ခံရ ၊တစ်ဦးသေဆုံး

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ၃၇ လမ်းအခွန်လွတ်စျေး(ရေနီမြောင်းစျေး)မှာ စျေးလာဝယ်တဲ့စစ်သားသုံးယောက် ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရတာကြောင့် တစ်ယောက်သေဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စျေးလာဝယ်တဲ့ စစ်သား သုံးယောက်ဟာအရပ်ဝတ်နဲ့လာတဲ့အချိန် ဆိုင်ကယ်နဲ့ကပ်မောင်းပြီး သေနတ်နဲ့တေ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကိုသေနတ်နဲ့ပစ်ပြီးတာနဲ့မောင်းပြေးသွားတယ် တစ်ယောက်ကတော့ နားထင်ကိုမှန်ပြီးလဲကျသွားတယ် တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးသွားတယ် တစ်ယောက်ကတော့လွတ်သွားတယ် ဖြစ်စဥ်ပြီးတော့စျေးသည်တွေလည်းဆိုင်တွေပြန်သိမ်းလိုက်ကြတယ်” လို့ စျေးသည်တစ်ယောက်ကပြောပါတယ်။

သေဆုံးသူအလောင်းကို လာသယ်စဥ်မှာ လုံခြုံ ရေးအဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့စစ်ဆေးတာ ဆိုင်ကယ်တွေကိုလည်းတားဆီးစစ်ဆေးတာ စျေးသည်တွေကိုစစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူပါဝင်တဲ့ လုံခြုံရေးအဖွဲ့ဟာ မဟာနွယ်စဥ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးမှာလုံခြုံရေးတာဝန်ကျနေတဲ့အဖွဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo-CJ

(Zawgyi)

မဟာအောင်မြေမြို့နယ်က ၃၇ လမ်းဈေး(ရေနီမြောင်းဈေး)မှာ စစ်သားသုံးယောက် သေနတ်နဲ့ပစ်ခံရ ၊တစ်ဦးသေဆုံး

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ၃၇ လမ်းအခွန်လွတ်ဈေး(ရေနီမြောင်းဈေး)မှာ ဈေးလာဝယ်တဲ့စစ်သားသုံးယောက် ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရတာကြောင့် တစ်ယောက်သေဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဈေးလာဝယ်တဲ့ စစ်သား သုံးယောက်ဟာအရပ်ဝတ်နဲ့လာတဲ့အချိန် ဆိုင်ကယ်နဲ့ကပ်မောင်းပြီး သေနတ်နဲ့တေ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကိုသေနတ်နဲ့ပစ်ပြီးတာနဲ့မောင်းပြေးသွားတယ် တစ်ယောက်ကတော့ နားထင်ကိုမှန်ပြီးလဲကျသွားတယ် တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးသွားတယ် တစ်ယောက်ကတော့လွတ်သွားတယ် ဖြစ်စဉ်ပြီးတော့ဈေးသည်တွေလည်းဆိုင်တွေပြန်သိမ်းလိုက်ကြတယ်” လို့ ဈေးသည်တစ်ယောက်ကပြောပါတယ်။

သေဆုံးသူအလောင်းကို လာသယ်စဉ်မှာ လုံခြုံ ရေးအဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့စစ်ဆေးတာ ဆိုင်ကယ်တွေကိုလည်းတားဆီးစစ်ဆေးတာ ဈေးသည်တွေကိုစစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။


Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here