အင်္ဂလိပ်၊ဇီဝနဲ့ဓာတုဗေဒ သုံးဘာသာအမှတ်ကောင်းရုံနဲ့ဆေးကျောင်းကို ထောက်ပံ့ကြေးပေးပြီး တက်ခွင့်ပြုမယ်လို့ နစက ဥက္ကဌဆို

0
189

(Unicode)

အင်္ဂလိပ်၊ဇီဝနဲ့ဓာတုဗေဒ သုံးဘာသာအမှတ်ကောင်းရုံနဲ့ဆေးကျောင်းကို ထောက်ပံ့ကြေးပေးပြီး တက်ခွင့်ပြုမယ်လို့ နစက ဥက္ကဌဆို

နေပြည်တော် ဒီဇင်ဘာ ၁၄

မနေ့က နေပြည်တော်ရှိ နစက ဥက္ကဌရုံး အစည်းအဝေးခန်းမမှာကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ နစက ဥက္ကဌက ဆေးကျောင်းဝင်ခွင့်စာမေးပွဲ နဲ့ပါတ်သက်ပြီး အခုလိုပြောခဲ့တာပါ။

(၁၉၉၅)ခုနှစ်ကနေ (၂၀၂၀)ပြည့်နှစ်အထိ နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များက မွေးထုတ်ပေးခဲ့သည့် ဆရာဝန် သုံးသောင်းကျော်ရှိသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အရေအတွက်က တစ်သောင်းခန့်သာရှိတဲ့အတွက် ထက်ဝက်ပင်မရှိကြောင်း ၊ကျန်ရှိနေတဲ့ဆရာဝန်တွေအနေနဲ့ လက်ရှိမှာ အသက်(၅၅)နှစ်ခန့်သာရှိပြီး နိုင်ငံ့တာဝန်ကိုကောင်းစွာထမ်းဆောင်နိုင်သော်လည်း ဆောင်ရွက်ကြခြင်းမရှိတဲ့အတွက် နိုင်ငံတော်အတွက်များစွာနစ်နာနေရတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါကြောင့်လာမယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ အင်္ဂလိပ်၊ဇီဝ‌ဗေဒနဲ့ဓါတုဗေဒ သုံးဘာသာမှာအမှတ်ကောင်းရင် ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခိုင်းမှာဖြစ်ပြီး ဆေးကျောင်းတက်နေစဉ်မှာလည်း ပညာသင်ထောက်ပံ့ကြေးပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်အခုလိုမျိုး တက်ရောက်ခွင့်ရတဲ့ဆေးကျောင်းသားတွေအနေနဲ့ နိုင်ငံ့ဝန်ထမ်းမဖြစ်မ​နေဆယ်နှစ်တာဝန်ထမ်း‌ဆောင်ဖို့ ဝန်ခံကတိပြုရမှာဖြစ်ပြီး မထမ်းဆောင်လိုသူတွေက ပညာသင်စာရိတ်နိုင်ငံတော်ကိုပြန်လည်ပေးချေရမယ်လို့ နစက ဥက္ကဌက ‌ဆိုပါတယ်။

ဒါ့အပြင်နေပြည်တော်ကောင်စီနယ်မြေထဲမှာလည်း ဝိဇ္ဇာ၊သိပ္ပံ၊ဥပဒေ၊စီးပွားရေး၊ဆေးပညာစတဲ့ဘာသာရပ်တွေသင်ကြားနိုင်မယ့် တက္ကသိုလ်တစ်ခုရှိဖို့ လိုအပ်တယ်လို့ယူဆထားပြီး ဖွင့်လှစ်နိုင်ဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ နစက ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။

(Zawgyi)

အဂၤလိပ္၊ဇီဝနဲ႔ဓာတုေဗဒ သုံးဘာသာအမွတ္ေကာင္း႐ုံနဲ႔ေဆးေက်ာင္းကို ေထာက္ပံ့ေၾကးေပးၿပီး တက္ခြင့္ျပဳမယ္လို႔ နစက ဥကၠဌဆို

ေနျပည္ေတာ္ ဒီဇင္ဘာ ၁၄

မေန႔က ေနျပည္ေတာ္ရွိ နစက ဥကၠဌ႐ုံး အစည္းအေဝးခန္းမမွာက်င္းပတဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝးမွာ နစက ဥကၠဌက ေဆးေက်ာင္းဝင္ခြင့္စာေမးပြဲ နဲ႔ပါတ္သက္ၿပီး အခုလိုေျပာခဲ့တာပါ။

(၁၉၉၅)ခုႏွစ္ကေန (၂၀၂၀)ျပည့္ႏွစ္အထိ ႏိုင္ငံအတြင္းရွိ ေဆးတကၠသိုလ္မ်ားက ေမြးထုတ္ေပးခဲ့သည့္ ဆရာဝန္ သုံးေသာင္းေက်ာ္ရွိေသာ္လည္း ႏိုင္ငံ့ဝန္ထမ္းအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့အေရအတြက္က တစ္ေသာင္းခန႔္သာရွိတဲ့အတြက္ ထက္ဝက္ပင္မရွိေၾကာင္း ၊က်န္ရွိေနတဲ့ဆရာဝန္ေတြအေနနဲ႔ လက္ရွိမွာ အသက္(၅၅)ႏွစ္ခန႔္သာရွိၿပီး ႏိုင္ငံ့တာဝန္ကိုေကာင္းစြာထမ္းေဆာင္ႏိုင္ေသာ္လည္း ေဆာင္႐ြက္ၾကျခင္းမရွိတဲ့အတြက္ ႏိုင္ငံေတာ္အတြက္မ်ားစြာနစ္နာေနရတယ္လို႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္လာမယ့္တကၠသိုလ္ဝင္တန္းစာေမးပြဲမွာေတာ့ အဂၤလိပ္၊ဇီဝ‌ေဗဒနဲ႔ဓါတုေဗဒ သုံးဘာသာမွာအမွတ္ေကာင္းရင္ ေဆးတကၠသိုလ္ဝင္ခြင့္ေျဖဆိုခိုင္းမွာျဖစ္ၿပီး ေဆးေက်ာင္းတက္ေနစဥ္မွာလည္း ပညာသင္ေထာက္ပံ့ေၾကးေပးသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဒါေပမယ့္အခုလိုမ်ိဳး တက္ေရာက္ခြင့္ရတဲ့ေဆးေက်ာင္းသားေတြအေနနဲ႔ ႏိုင္ငံ့ဝန္ထမ္းမျဖစ္မ​ေနဆယ္ႏွစ္တာဝန္ထမ္း‌ေဆာင္ဖို႔ ဝန္ခံကတိျပဳရမွာျဖစ္ၿပီး မထမ္းေဆာင္လိုသူေတြက ပညာသင္စာရိတ္ႏိုင္ငံေတာ္ကိုျပန္လည္ေပးေခ်ရမယ္လို႔ နစက ဥကၠဌက ‌ဆိုပါတယ္။

ဒါ့အျပင္ေနျပည္ေတာ္ေကာင္စီနယ္ေျမထဲမွာလည္း ဝိဇၨာ၊သိပၸံ၊ဥပေဒ၊စီးပြားေရး၊ေဆးပညာစတဲ့ဘာသာရပ္ေတြသင္ၾကားႏိုင္မယ့္ တကၠသိုလ္တစ္ခုရွိဖို႔ လိုအပ္တယ္လို႔ယူဆထားၿပီး ဖြင့္လွစ္ႏိုင္ဖို႔အတြက္လည္း ျပင္ဆင္ေနတယ္လို႔ နစက ေခါင္းေဆာင္က ေျပာခဲ့ပါေသးတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here