ကာကွယ်ဆေးတွေသတ်မှတ်ချိန်တွင်းရောက်ရှိပါက အသက် ၅နှစ်နှင့် ၁၁နှစ်ကြားကလေးတွေအတွက် ကာကွယ်ဆေးထိုးမှုများ လာမည့်အပတ်တွင် စင်ကာပူစတင်မည်

0
109

(Unicode)

ကာကွယ်ဆေးတွေသတ်မှတ်ချိန်တွင်းရောက်ရှိပါက အသက် ၅နှစ်နှင့် ၁၁နှစ်ကြားကလေးတွေအတွက် ကာကွယ်ဆေးထိုးမှုများ လာမည့်အပတ်တွင် စင်ကာပူစတင်မည်

ကာကွယ်ဆေးတွေသတ်မှတ်ထားသည့်အချိန် တိုင်းရောက်လာပါက အသက်၅နှစ်နှင့်၁၁နှစ် ကြားကလေးငယ်တွေအတွက် ကိုဗစ်၁၉ကာကွ ယ်ဆေးထိုးနှံမည့်စာရင်းကြိုတင်ပေးသွင်းခြင်းကို လာမည့်သီတင်းပတ်ကစတင်မည်ဖြစ် ကြောင်း စင်ကာပူပညာရေးဝန်ကြီး Chan Chun Sing က ဒီဇင်ဘာ ၁၄ရက်(င်္အဂါနေ့)က ပြောခဲ့ပါတယ်။

Pfizer-BioNTech/Comirnaty ကာကွယ်ဆေးရောက်ရှိလာမည့်နေ့ကို အစိုးရက စောင့်ဆိုင်းနေပြီး အတည် ပြုချက်ထုတ်ပြန်ဖို့ ဆောင်ရွက် နေတယ်လို့ Mr.Chan က ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာ ပြောခဲ့ပါတယ်။

“တကယ်လို့ ဆေးတွေကို သတ်မှတ်ချိန်အတိုင်းပေးပို့လာမယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးဖို့ကြိုတင်စာရင်းကောက်ယူမှုအဆင့်ဆင့်ကို လာ
မယ့်အပတ်မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။မူ လတန်း ၃ကနေ ၅အထိကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးခြင်းကို ဒီဇင်ဘာလနှောင်းပိုင်းမှာ စတင်မှာဖြစ်ပြီး ဒီ့ထက်ငယ်တဲ့ကလေးတွေကိုတော့ ၂၀၂၂ အစောပိုင်းမှာ ထိုးနှံပေးသွားမယ်” လို့ ၄င်းကဆိုပါတယ်။

စင်ကာပူကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့က အသက် ၅နှစ်နှင့် ၁၁နှစ်ကြားကလေးငယ်တွေမှာ Pfizer-BioNTech/Comirnaty ကာကွယ် ဆေးအသုံးပြုဖို့ပြီးခဲ့တဲ့အပတ်က ခွင့်ပြုခဲ့တာပါ။

ကာကွယ်ဆေးအတွက် Pfizer-BioNTech နှင့်ထောက်ပံ့ရေးသဘောတူစာချုပ်ကို လက်မှတ် ထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပြီး တင်ပို့မှုမှာ ဒီဇင်ဘာလမကုန်မီ ရောက်ရှိလာဖို့ ဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။

စင်ကာပူမှာကာလရှည်နေထိုင်ခွင့်ရသူတွေအပါအဝင် ကလေး ၃၀၀,၀၀၀ ကျော်ကို ကာကွယ် ဆေးထိုးပေးမည်ဖြစ်ကြောင်း Mr.Chanက ပြောခဲ့ပါတယ်။

Source-CNA

(Zawgyi)

ကာကြယ္ေဆးေတြသတ္မွတ္ခ်ိန္တြင္းေရာက္ရွိပါက အသက္ ၅ႏွစ္ႏွင့္ ၁၁ႏွစ္ၾကားကေလးေတြအတြက္ ကာကြယ္ေဆးထိုးမႈမ်ား လာမည့္အပတ္တြင္ စင္ကာပူစတင္မည္

ကာကြယ္ေဆးေတြသတ္မွတ္ထားသည့္အခ်ိန္ တိုင္းေရာက္လာပါက အသက္၅ႏွစ္ႏွင့္၁၁ႏွစ္ ၾကားကေလးငယ္ေတြအတြက္ ကိုဗစ္၁၉ကာကြ ယ္ေဆးထိုးႏွံမည့္စာရင္းႀကိဳတင္ေပးသြင္းျခင္းကို လာမည့္သီတင္းပတ္ကစတင္မည္ျဖစ္ ေၾကာင္း စင္ကာပူပညာေရးဝန္ႀကီး Chan Chun Sing က ဒီဇင္ဘာ ၁၄ရက္(အၤဂါေန႔)က ေျပာခဲ့ပါတယ္။

Pfizer-BioNTech/Comirnaty ကာကြယ္ေဆးေရာက္ရွိလာမည့္ေန႔ကို အစိုးရက ေစာင့္ဆိုင္းေနၿပီး အတည္ ျပဳခ်က္ထုတ္ျပန္ဖို႔ ေဆာင္႐ြက္ ေနတယ္လို႔ Mr.Chan က ေဖ့စ္ဘုတ္ပို႔စ္တစ္ခုမွာ ေျပာခဲ့ပါတယ္။

“တကယ္လို႔ ေဆးေတြကို သတ္မွတ္ခ်ိန္အတိုင္းေပးပို႔လာမယ္ဆိုရင္ေတာ့ ကာကြယ္ေဆးထိုးဖို႔ႀကိဳတင္စာရင္းေကာက္ယူမႈအဆင့္ဆင့္ကို လာ
မယ့္အပတ္မွာ ဖြင့္လွစ္သြားမွာျဖစ္ပါတယ္။မူ လတန္း ၃ကေန ၅အထိကေလးငယ္ေတြအတြက္ ကာကြယ္ေဆးထိုးျခင္းကို ဒီဇင္ဘာလေႏွာင္းပိုင္းမွာ စတင္မွာျဖစ္ၿပီး ဒီ့ထက္ငယ္တဲ့ကေလးေတြကိုေတာ့ ၂၀၂၂ အေစာပိုင္းမွာ ထိုးႏွံေပးသြားမယ္” လို႔ ၄င္းကဆိုပါတယ္။

စင္ကာပူက်န္းမာေရးသိပၸံအာဏာပိုင္အဖြဲ႕က အသက္ ၅ႏွစ္ႏွင့္ ၁၁ႏွစ္ၾကားကေလးငယ္ေတြမွာ Pfizer-BioNTech/Comirnaty ကာကြယ္ ေဆးအသုံးျပဳဖို႔ၿပီးခဲ့တဲ့အပတ္က ခြင့္ျပဳခဲ့တာပါ။

ကာကြယ္ေဆးအတြက္ Pfizer-BioNTech ႏွင့္ေထာက္ပံ့ေရးသေဘာတူစာခ်ဳပ္ကို လက္မွတ္ ထိုးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့အပတ္က ေျပာခဲ့ၿပီး တင္ပို႔မႈမွာ ဒီဇင္ဘာလမကုန္မီ ေရာက္ရွိလာဖို႔ ဝန္ႀကီးဌာနက ေမွ်ာ္မွန္းထားပါတယ္။

စင္ကာပူမွာကာလရွည္ေနထိုင္ခြင့္ရသူေတြအပါအဝင္ ကေလး ၃၀၀,၀၀၀ ေက်ာ္ကို ကာကြယ္ ေဆးထိုးေပးမည္ျဖစ္ေၾကာင္း Mr.Chanက ေျပာခဲ့ပါတယ္။

Source-CNA


LEAVE A REPLY

Please enter your comment!
Please enter your name here