ငွေကျပ်သိန်း၁၆၀၀ ကျော်တန်ဖိုးရှိတဲ့ ထိန်းချုပ်ဓာတုပစ္စည်းများ သာစည်မြို့တွင် ဖမ်းမိ

0
155

(Unicode)

ငွေကျပ်သိန်း၁၆၀၀ ကျော်တန်ဖိုးရှိတဲ့ ထိန်းချုပ်ဓာတုပစ္စည်းများ သာစည်မြို့တွင် ဖမ်းမိ

ဒီဇင်ဘာ ၁၁ရက်နေ့၊ညနေ၃နာရီ၃၀မိနစ်အချိန် က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ သာစည် မြို့နယ်၊မိတ္ထီလာ-တောင်ကြီးသွားကားလမ်း၊ ကျွဲတပ်ဆုံကျေးရွာအနီး၊မိုင်တိုင်အမှတ်(၃၁/၄)တွင် မိတ္ထီလာမှ တောင်ကြီးဘက်သို့ ထွန်းလင်းနောင်(ခ)နောင်နောင် မောင်းနှင်ပြီး ဇော်မျိုးဦးလိုက်ပါလာတဲ့ ၂၂ဘီးတွဲကားမော်တော်ယာဉ် ကို သတင်းအရ ရှာဖွေစစ်ဆေးခဲ့ပါတယ်။

ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသည့် ကာလတန်ဖိုးငွေကျပ် သိန်း၁၆၀၀ကျော် တန်ဖိုးရှိတဲ့ ထိန်းချုပ်ဓာတုပစ္စည်း Toluene
၇၅၀၀ လီတာ၊Acetone ၃၀၀၀ လီတာနှင့် Ethylacetate ၇၅၀၀ လီတာ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ၄င်းဓာတုပစ္စည်းတွေကို ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသဖြင့် ထွန်းလင်းနောင်(ခ)နောင်နောင် (၂၄)နှစ်နှင့် ဇော်မျိုးဦး (၂၂)နှစ်တို့ကို ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

(Zawgyi)

ေငြက်ပ္သိန္း၁၆၀၀ ေက်ာ္တန္ဖိုးရွိတဲ့ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ား သာစည္ၿမိဳ႕တြင္ ဖမ္းမိ

ဒီဇင္ဘာ ၁၁ရက္ေန႔၊ညေန၃နာရီ၃၀မိနစ္အခ်ိန္ က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ဟာ သာစည္ ၿမိဳ႕နယ္၊မိတၳီလာ-ေတာင္ႀကီးသြားကားလမ္း၊ ကြၽဲတပ္ဆုံေက်း႐ြာအနီး၊မိုင္တိုင္အမွတ္(၃၁/၄)တြင္ မိတၳီလာမွ ေတာင္ႀကီးဘက္သို႔ ထြန္းလင္းေနာင္(ခ)ေနာင္ေနာင္ ေမာင္းႏွင္ၿပီး ေဇာ္မ်ိဳးဦးလိုက္ပါလာတဲ့ ၂၂ဘီးတြဲကားေမာ္ေတာ္ယာဥ္ ကို သတင္းအရ ရွာေဖြစစ္ေဆးခဲ့ပါတယ္။

ယာဥ္ေပၚတြင္ တရားမဝင္သယ္ေဆာင္လာသည့္ ကာလတန္ဖိုးေငြက်ပ္ သိန္း၁၆၀၀ေက်ာ္ တန္ဖိုးရွိတဲ့ ထိန္းခ်ဳပ္ဓာတုပစၥည္း Toluene
၇၅၀၀ လီတာ၊Acetone ၃၀၀၀ လီတာႏွင့္ Ethylacetate ၇၅၀၀ လီတာ တို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ၄င္းဓာတုပစၥည္းေတြကို ရန္ကုန္တိုင္းေဒသႀကီးမွ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္းသိရသျဖင့္ ထြန္းလင္းေနာင္(ခ)ေနာင္ေနာင္ (၂၄)ႏွစ္ႏွင့္ ေဇာ္မ်ိဳးဦး (၂၂)ႏွစ္တို႔ကို ဥပေဒအရ အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here