အိပ်ယာထဲလဲနေတဲ့ခင်ပွန်းဖြစ်သူကို ထမင်းခြောက်လေးရောင်းပြီး ရှာဖွေပြုစုပေးနေတဲ့အဖွားကို ကူညီထောက်ပံ့ပေးခဲ့တဲ့ ဟာသသရုပ်ဆောင် မိုးစက်

0
312

(Unicode)

အိပ်ယာထဲလဲနေတဲ့ခင်ပွန်းဖြစ်သူကို ထမင်းခြောက်လေးရောင်းပြီး ရှာဖွေပြုစုပေးနေတဲ့အဖွားကို ကူညီထောက်ပံ့ပေးခဲ့တဲ့ ဟာသသရုပ်ဆောင် မိုးစက်

ဟာသသရုပ်ဆောင်လူရွှင်တော်မိုးစက်က ဒီကနေ့ဒီဇင်ဘာ ၁၄ရက်နေ့မှာ အဖွားတစ်ဦးကို အလှူငွေ ၅သောင်းကျပ် လှူဒါန်းခဲ့ပါတယ်။

အဖွားဟာအသက် ၇၇နှစ်ရှိပြီဖြစ်ပြီး အိပ်ယာထဲလဲနေတဲ့ခင်ပွန်းဖြစ်သူကို ထမင်းခြောက်ရောင်းရင်း ရှာဖွေပြုစုနေရတယ်လို့ဆိုပါတယ်။

ထမင်းခြောက်တစ်ထုပ်ကို ၁၅၀၀ကျပ်နဲ့ရောင်းချနေပြီး တောင်ဒဂုံ၁၉ဈေးနဲ့ ရန်ကင်းဂွတ္တလစ်ဈေးတို့မှာ ရောင်းချလေ့ရှိတယ်လို့သိရပါတယ်။

ယခုအလှူနဲ့ပတ်သက်ပြီး ဟာသသရုပ်ဆောင်မိုးစက်က “တစ်ဦးစေတနာတစ်ဦးမေတ္တာကြောင့် အဖွားကိုလှူဒါန်းလိုက်ရတာ တကယ်ပီတိဖြစ်စရာပါ၊ ချစ်စရာကောင်းတဲ့ ဖွားဖွားရဲ့ထမင်းခြောက်လေးတွေ အားပေးကြပါဦး၊ ဒီလိုမျိုးကြုံတိုင်းဆုံတိုင်း လှူခွင့်ရအောင် ပါဝင်လှူဒါန်းကြသူများ ကျေးဇူးကမ္ဘာပါဗျာ” လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရေသားမျှဝေထားပါတယ်။

ဟာသသရုပ်ဆောင်မိုးစက်ဟာ ယခုလှူဒါန်းမှုကဲ့သို့ပဲ အခြားလှူဒါန်းမှုတွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here