အာဖရိက ၁၁နိုင်ငံရဲ့ ပြည်ဝင်ခွင့်ပိတ်ထားမှုကို ဗြိတိန်ရုပ်သိမ်း

0
115

(Unicode)

အာဖရိက ၁၁နိုင်ငံရဲ့ ပြည်ဝင်ခွင့်ပိတ်ထားမှုကို ဗြိတိန်ရုပ်သိမ်း

Photo Credit-Reuters

Omicron ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲပျံ့နှံ့မှုကြောင့် အာဖရိက ၁၁နိုင်ငံမှ ခရီးသွားတွေကို ပြီးခဲ့တဲ့လကစပြီး ခရီးသွားလာခွင့်ပိတ်ပင်ထားမှုကို ရုတ်သိမ်းမယ်လို့ ဗြိတိန်အစိုးရက ပြောခဲ့ပါတယ်။

UK ရဲ့ ကိုဗစ်၁၉ခရီးသွားလာမှုတားမြစ်ထားသောနိုင်ငံများစာရင်းမှ နိုင်ငံများကို ဗုဒ္ဓဟူးနေ့တွင် စတင်ဖယ်ရှားမည်ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီး Sajid Javid က အင်္ဂါနေ့မှာ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

“ယခုအချိန်မှာ နိုင်ငံတွင်းမှာ ကိုဗစ်မျိုးကွဲကူးစက်မှုဟာပျံ့နှံ့နေပြီး ကမ္ဘာတဝှမ်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံလာနေပါတယ်။ ပြည်ပကနေ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ခရီးသွားကန့်သတ်မှုတွေလုပ်တာဟာ ထိ ရောက်မှုနည်းပါးလာတယ်”လို့ Javid က ပြော ပါတယ်။

ခရီးသွားလာမှုတားမြစ်ထားသည့်စာရင်းမှ ပယ်ဖျက်မည့်နိုင်ငံများမှာ အင်ဂိုလာ၊ဘော့ဆွာနာ၊အက်စဝါတီနီ၊လီဆိုသို၊မာလာဝီ၊မိုဇမ်ဘစ်၊နမီးဘီးယား၊နိုင်ဂျီးရီးယား၊တောင်အာဖရိက၊ဇမ်ဘီယာနဲ့ ဇင်ဘာဘွေနိုင်ငံတို့ ဖြစ်ပါတယ်။

၄င်းနိုင်ငံတွေမှ လာရောက်မည့်ခရီးသွားများသည် နိုင်ငံတွင်းမဝင်ခင် တစ်ခါ စစ်ဆေးမှုခံယူခဲ့ရမှာဖြစ်ပြီး နိုင်ငံတွင်းဝင်ရောက်ပြီးတဲ့အခါမှာလည်း ထပ်မံစစ်ဆေးမှုခံယူရမှာ ဖြစ်ပါတယ်။

UKမှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အသစ် ၅၉၀၀၀ ကျော်ရှိကြောင်း အစိုးရက အတည်ပြုခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံတွင်း Omicron မျိုးကွဲကူးစက် ခံထားရသူ ၅၀၀၀ ကျော်ရှိနေပြီး Omicronရဲ့ ကူးစက်မှုနှုန်းက မြင့်မားတာကြောင့် အမှန်တကယ်ကူးစက်ခံရတဲ့အရေအတွက်ဟာ ဒီ့ထက်ပိုများလိမ့်မယ်လို့ အစိုးရက သံသယရှိနေပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေကတော့ ထပ်ဆောင်းကာကွယ်ဆေးထိုးတာတွေကို အရှိန်မြှင့်လုပ် ဆောင်နေပြီး ပိုးကူးစက််မှုကိုထိန်းချုပ်နိုင်မယ့် အခြားအစီအမံတွေကိုလည်း လုပ်ဆောင်နေပါတယ်။

Source- NHK

(Zawgyi)

အာဖရိက ၁၁ႏိုင္ငံရဲ႕ ျပည္ဝင္ခြင့္ပိတ္ထားမႈကို ၿဗိတိန္႐ုပ္သိမ္း

Omicron ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲပ်ံ႕ႏွံ႔မႈေၾကာင့္ အာဖရိက ၁၁ႏိုင္ငံမွ ခရီးသြားေတြကို ၿပီးခဲ့တဲ့လကစၿပီး ခရီးသြားလာခြင့္ပိတ္ပင္ထားမႈကို ႐ုတ္သိမ္းမယ္လို႔ ၿဗိတိန္အစိုးရက ေျပာခဲ့ပါတယ္။

UK ရဲ႕ ကိုဗစ္၁၉ခရီးသြားလာမႈတားျမစ္ထားေသာႏိုင္ငံမ်ားစာရင္းမွ ႏိုင္ငံမ်ားကို ဗုဒၶဟူးေန႔တြင္ စတင္ဖယ္ရွားမည္ျဖစ္ေၾကာင္း က်န္းမာ ေရးဝန္ႀကီး Sajid Javid က အဂၤါေန႔မွာ လႊတ္ေတာ္ကို တင္ျပခဲ့ပါတယ္။

“ယခုအခ်ိန္မွာ ႏိုင္ငံတြင္းမွာ ကိုဗစ္မ်ိဳးကြဲကူးစက္မႈဟာပ်ံ႕ႏွံ႔ေနၿပီး ကမာၻတဝွမ္းမွာလည္း က်ယ္က်ယ္ျပန္႔ျပန္႔ပ်ံ႕ႏွံလာေနပါတယ္။ ျပည္ပကေန ဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ခရီးသြားကန္႔သတ္မႈေတြလုပ္တာဟာ ထိ ေရာက္မႈနည္းပါးလာတယ္”လို႔ Javid က ေျပာ ပါတယ္။

ခရီးသြားလာမႈတားျမစ္ထားသည့္စာရင္းမွ ပယ္ဖ်က္မည့္ႏိုင္ငံမ်ားမွာ အင္ဂိုလာ၊ေဘာ့ဆြာနာ၊အက္စဝါတီနီ၊လီဆိုသို၊မာလာဝီ၊မိုဇမ္ဘစ္၊နမီးဘီးယား၊ႏိုင္ဂ်ီးရီးယား၊ေတာင္အာဖရိက၊ဇမ္ဘီယာနဲ႔ ဇင္ဘာေဘြႏိုင္ငံတို႔ ျဖစ္ပါတယ္။

၄င္းႏိုင္ငံေတြမွ လာေရာက္မည့္ခရီးသြားမ်ားသည္ ႏိုင္ငံတြင္းမဝင္ခင္ တစ္ခါ စစ္ေဆးမႈခံယူခဲ့ရမွာျဖစ္ၿပီး ႏိုင္ငံတြင္းဝင္ေရာက္ၿပီးတဲ့အခါမွာလည္း ထပ္မံစစ္ေဆးမႈခံယူရမွာ ျဖစ္ပါတယ္။

UKမွာ အဂၤါေန႔က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ အသစ္ ၅၉၀၀၀ ေက်ာ္ရွိေၾကာင္း အစိုးရက အတည္ျပဳခဲ့ပါတယ္။

လက္ရွိမွာ ႏိုင္ငံတြင္း Omicron မ်ိဳးကြဲကူးစက္ ခံထားရသူ ၅၀၀၀ ေက်ာ္ရွိေနၿပီး Omicronရဲ႕ ကူးစက္မႈႏႈန္းက ျမင့္မားတာေၾကာင့္ အမွန္တကယ္ကူးစက္ခံရတဲ့အေရအတြက္ဟာ ဒီ့ထက္ပိုမ်ားလိမ့္မယ္လို႔ အစိုးရက သံသယရွိေနပါတယ္။

က်န္းမာေရးအာဏာပိုင္ေတြကေတာ့ ထပ္ေဆာင္းကာကြယ္ေဆးထိုးတာေတြကို အရွိန္ျမႇင့္လုပ္ ေဆာင္ေနၿပီး ပိုးကူးစက္္မႈကိုထိန္းခ်ဳပ္ႏိုင္မယ့္ အျခားအစီအမံေတြကိုလည္း လုပ္ေဆာင္ေနပါတယ္။

Source- NHK


LEAVE A REPLY

Please enter your comment!
Please enter your name here