သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)ကို တ ရုတ်နိုင်ငံကအဆင့်မြှင့်တင်ပေးပြီး ပြန်လည်လွှဲ ပြောင်းပေး

0
332

(Unicode)

သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)ကို တ ရုတ်နိုင်ငံကအဆင့်မြှင့်တင်ပေးပြီး ပြန်လည်လွှဲ ပြောင်းပေး

တရုတ်နိုင်ငံရဲ့အထောက်အပံ့နဲ့ ၂၀၁၉ ခုနှစ်၊သြဂုတ် ၁၁ ရက်မှာစတင်အဆင့်မြှင့်တင်ဆောင်လုပ်ခဲ့တဲ့ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ဟာ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၄ ရက်ကအလုံးစုံပြီး စီးခဲ့ပါတယ်။

ဒါ့ကြောင့် ဒီဇင်ဘာ ၁၄ ရက်မှာ မြန်မာနိုင်ငံဆိုင် ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီးဦးမင်းသိန်းဇံကို ပြန်လည်လွှဲ ပြောင်းပေးအပ်ခဲ့ပါတယ်။

အခုလို ဆောင်ရွက်ပေးမှုဟာ တရုတ်နိုင်ငံနဲ့မြန် မာနိုင်ငံကြားမှာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ်ကျန်ရှိမှာဖြစ်တယ်လို့ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံကပြောပါတယ်။

သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)ကို အဆင့်မြှင့်တင်ဆောက်လုပ်ပေးခြင်းဟာ တရုတ်အစိုးရရဲ့ရန်ပုံငွေနဲ့ဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး ယွမ်သန်း ၂၂၀ ကုန်ကျခဲ့ပါတယ်။တရုတ်- မြန်မာ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို သ င်္ကေတပြုနိုင်တဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်လို့ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချင်းဟိုင်ကပြောပါတယ်။

တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံကြား အားကစားနယ် ပယ်မှာ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ နှစ်နိုင်ငံကြား အားကစားနယ်ပယ် ဖလှယ်မှုအားကောင်းလာစေဖို့၊ လူငယ်အားကစားသမားတွေ အပြန်အလှန်ဖလှယ်ဖို့တွေကို လုပ် ဆောင်သွားမယ်လို့ တရုတ်နိုင်ငံသံအမတ်ကြီးကပြောပါတယ်။

(Zawgyi)

သုဝဏၰအမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁)ကို တ ႐ုတ္ႏိုင္ငံကအဆင့္ျမႇင့္တင္ေပးၿပီး ျပန္လည္လႊဲ ေျပာင္းေပး

တ႐ုတ္ႏိုင္ငံရဲ႕အေထာက္အပံ့နဲ႔ ၂၀၁၉ ခုႏွစ္၊ၾသဂုတ္ ၁၁ ရက္မွာစတင္အဆင့္ျမႇင့္တင္ေဆာင္လုပ္ခဲ့တဲ့ သုဝဏၰအမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁) ဟာ ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၁၄ ရက္ကအလုံးစုံၿပီး စီးခဲ့ပါတယ္။

ဒါ့ေၾကာင့္ ဒီဇင္ဘာ ၁၄ ရက္မွာ ျမန္မာႏိုင္ငံဆိုင္ ရာ တ႐ုတ္ႏိုင္ငံသံအမတ္ႀကီး မစၥတာခ်န္းဟိုင္က အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာန၊ျပည္ ေထာင္စုဝန္ႀကီးဦးမင္းသိန္းဇံကို ျပန္လည္လႊဲ ေျပာင္းေပးအပ္ခဲ့ပါတယ္။

အခုလို ေဆာင္႐ြက္ေပးမႈဟာ တ႐ုတ္ႏိုင္ငံနဲ႔ျမန္ မာႏိုင္ငံၾကားမွာ သမိုင္းမွတ္တိုင္တစ္ခုအျဖစ္က်န္ရွိမွာျဖစ္တယ္လို႔ အားကစားႏွင့္လူငယ္ေရး ရာဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးမင္းသိန္းဇံကေျပာပါတယ္။

သုဝဏၰအမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁)ကို အဆင့္ျမႇင့္တင္ေဆာက္လုပ္ေပးျခင္းဟာ တ႐ုတ္အစိုးရရဲ႕ရန္ပုံေငြနဲ႔ေဆာက္လုပ္ေပးခဲ့တာျဖစ္ၿပီး ယြမ္သန္း ၂၂၀ ကုန္က်ခဲ့ပါတယ္။တ႐ုတ္- ျမန္မာ ႏွစ္ႏိုင္ငံေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးကို သ ေကၤတျပဳႏိုင္တဲ့စီမံကိန္းတစ္ခုျဖစ္ပါတယ္လို႔ တ႐ုတ္ႏိုင္ငံသံအမတ္ႀကီး မစၥတာခ်င္းဟိုင္ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံနဲ႔ျမန္မာႏိုင္ငံၾကား အားကစားနယ္ ပယ္မွာ ပိုမိုနက္ရႈိင္းတဲ့ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ဖို႔၊ ႏွစ္ႏိုင္ငံၾကား အားကစားနယ္ပယ္ ဖလွယ္မႈအားေကာင္းလာေစဖို႔၊ လူငယ္အားကစားသမားေတြ အျပန္အလွန္ဖလွယ္ဖို႔ေတြကို လုပ္ ေဆာင္သြားမယ္လို႔ တ႐ုတ္ႏိုင္ငံသံအမတ္ႀကီးကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here