ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ရန်ရှိ

0
219

(Unicode)

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ရန်ရှိ

၂၀၂၂ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည့် ကမ္ဘောဒီးယားနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းမည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြရေးသားသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် ၏ ဒီဇင်ဘာ ၁၅ ရက် ပြောကြားချက်ကို ကိုးကားကာ ဖော်ပြရေးသားကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သော ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Erywan bin Pehin Yusof ၏ နေရာတွင်ဆက်ခံသွားမည့် ကိုယ်စားလှယ်အသစ်ကို အာဆီယံနိုင်ငံများက သဘောတူလျှင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်သစ်ဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီး မစ္စတာPrak Sokhonnသည်ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်တာဝန်ကို ပူးတွဲယူထားသူဖြစ်သည့်အပြင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဧပြီလတွင် ကျင်းပခဲ့သောအာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးတွင် မြန်မာနိုင်ငံ၌ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်အပါအဝင် သဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သဘောတူခဲ့ကြသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်သည် လာမည့် ဇန်နဝါရီ ၇ ရက် မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

(Zawgyi)

ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးအား ျမန္မာႏိုင္ငံဆိုင္ရာအာဆီယံဥကၠ႒၏အထူးကိုယ္စားလွယ္သစ္အျဖစ္ ခန႔္အပ္ရန္ရွိ

၂၀၂၂ခုႏွစ္အတြက္ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူသြားမည့္ ကေမာၻဒီးယားႏိုင္ငံက ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးအား ျမန္မာႏိုင္ငံဆိုင္ရာအာဆီယံဥကၠ႒၏အထူးကိုယ္စားလွယ္သစ္အျဖစ္ ခန႔္အပ္ရန္ အမည္စာရင္းတင္သြင္းမည္ဟု ဆင္ဟြာသတင္းဌာနက ေဖာ္ျပေရးသားသည္။

ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ၏ ဒီဇင္ဘာ ၁၅ ရက္ ေျပာၾကားခ်က္ကို ကိုးကားကာ ေဖာ္ျပေရးသားၾကျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံဆိုင္ရာအာဆီယံ အထူးကိုယ္စားလွယ္ျဖစ္ေသာ ဘ႐ူႏိုင္းႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး Erywan bin Pehin Yusof ၏ ေနရာတြင္ဆက္ခံသြားမည့္ ကိုယ္စားလွယ္အသစ္ကို အာဆီယံႏိုင္ငံမ်ားက သေဘာတူလွ်င္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးသည္ ျမန္မာႏိုင္ငံဆိုင္ရာအာဆီယံဥကၠ႒၏အထူးကိုယ္စားလွယ္သစ္ျဖစ္လာမည္ျဖစ္သည္။

ဝန္ႀကီး မစၥတာPrak Sokhonnသည္ကေမာၻဒီးယားႏိုင္ငံ၏ ဒုတိယဝန္ႀကီးခ်ဳပ္တာဝန္ကို ပူးတြဲယူထားသူျဖစ္သည့္အျပင္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ပါ တာဝန္ထမ္းေဆာင္ေနသူျဖစ္သည္။

ဧၿပီလတြင္ က်င္းပခဲ့ေသာအာဆီယံေခါင္းေဆာင္မ်ား၏ အထူးအစည္းအေဝးတြင္ ျမန္မာႏိုင္ငံ၌ ေတြ႕ဆုံေဆြးေႏြးေရး လုပ္ငန္းစဥ္အပါအဝင္ သေဘာတူညီခ်က္(၅)ခ်က္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္အတြက္ သေဘာတူခဲ့ၾကသည္။

ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ဟြန္ဆန္သည္ လာမည့္ ဇန္နဝါရီ ၇ ရက္ မွ ၈ ရက္အထိ ျမန္မာႏိုင္ငံသို႔ သြားေရာက္လည္ပတ္မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here