အမေရိကန်တွင် ကိုဗစ်၁၉ကြောင့် သေဆုံးသူ ၈၀၀,၀၀၀ ကျော်ထိရှိလာ

0
163

(Unicode)

အမေရိကန်တွင် ကိုဗစ်၁၉ကြောင့် သေဆုံးသူ ၈၀၀,၀၀၀ ကျော်ထိရှိလာ

Photo Credit- iNews

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်နွယ်တဲ့ သေဆုံးမှုအရေအတွက်ဟာ ၈၀၀,၀၀၀ ကျော် သွားပြီဖြစ်ပါတယ်။

Omicron အပါအဝင် ဗိုင်းရပ်စ်ပိုးတွေဟာ နိုင်ငံတွင်းမှာ အလျင်အမြန်ပျံ့နှံ့နေတယ်လို့ အာဏာ ပိုင်တွေက သတိပေးထားပါတယ်။

Johns Hopkins တက္ကသိုလ်မှပြုစုထားတဲ့ အ ချက်အလက်တွေအရ ကိုဗစ်၁၉ကြောင့်သေဆုံးမှုဟာ အင်္ဂါနေ့မှာ မှတ်တိုင်တစ်ခုအဖြစ် ထိပ်ဆုံးကိုရောက်ရှိလာကြောင်း ပြသနေပါတယ်။

အောက်တိုဘာလအစောပိုင်းက သေဆုံးသူ ၇၀၀,၀၀၀ ကျော်ရှိရာကနေ ၂လအတွင်းမှာ လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း အဆိုပါကိန်းဂဏန်းကညွှန်ပြနေပါတယ်။

အမေရိကန်မှာ ကူးစက်မှုအသစ်တွေက နေ့စဉ် တိုးလာနေပြီး ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ် ရေးစင်တာများရဲ့ ပြောဆိုချက်အရ ၇ရက်အတွင်း တိုးလာတဲ့လူနာသစ်အရေအတွက်က စ နေနေ့ထိ ပျမ်းမျှ ၁၁၇,၀၀၀ ခန့်ရှိတယ်လို့ သိ ရပါတယ်။

CDC ရဲ့ နောက်ဆုံးစိစစ်ချက်အရ Omicron မျိုးကွဲကြောင့် ရောဂါဖြစ်ပွါးမှုဟာ နိုင်ငံတဝှမ်းမှာ ၃%ခန့်ရှိပြီး အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ နယူးယော့ခ်နဲ့ နယူးဂျာစီတို့မှာတော့ ၁၃%ရှိကြောင်း ပြောထားပါတယ်။

Omicron ကူးစက်မှုတွေတိုးလာတာကြောင့် ပြည်နယ်အချို့မှာ အစီအမံတွေ တင်းကြပ်ဖို့ လုပ်ဆောင်နေပြီး ကယ်လီဖိုးနီးယားမှာတော့ ဗုဒ္ဓဟူးနေ့ကစပြီး လူအများအပြားရှိတဲ့ အဆောက်အအုံတွင်းတွေမှာပါ mask တွေမဖြစ်မနေတပ်ဆင်ဖို့ ပြန်လည်ပြဌါန်းခဲ့ပါတယ်။

Photo Credit- iNews

(Zawgyi)

အေမရိကန္တြင္ ကိုဗစ္၁၉ေၾကာင့္ ေသဆုံးသူ ၈၀၀,၀၀၀ ေက်ာ္ထိရွိလာ

အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ဆက္ႏြယ္တဲ့ ေသဆုံးမႈအေရအတြက္ဟာ ၈၀၀,၀၀၀ ေက်ာ္ သြားၿပီျဖစ္ပါတယ္။

Omicron အပါအဝင္ ဗိုင္းရပ္စ္ပိုးေတြဟာ ႏိုင္ငံတြင္းမွာ အလ်င္အျမန္ပ်ံ႕ႏွံ႔ေနတယ္လို႔ အာဏာ ပိုင္ေတြက သတိေပးထားပါတယ္။

Johns Hopkins တကၠသိုလ္မွျပဳစုထားတဲ့ အ ခ်က္အလက္ေတြအရ ကိုဗစ္၁၉ေၾကာင့္ေသဆုံးမႈဟာ အဂၤါေန႔မွာ မွတ္တိုင္တစ္ခုအျဖစ္ ထိပ္ဆုံးကိုေရာက္ရွိလာေၾကာင္း ျပသေနပါတယ္။

ေအာက္တိုဘာလအေစာပိုင္းက ေသဆုံးသူ ၇၀၀,၀၀၀ ေက်ာ္ရွိရာကေန ၂လအတြင္းမွာ လူေပါင္း ၁၀၀,၀၀၀ ခန္႔ ေသဆုံးခဲ့ေၾကာင္း အဆိုပါကိန္းဂဏန္းကၫႊန္ျပေနပါတယ္။

အေမရိကန္မွာ ကူးစက္မႈအသစ္ေတြက ေန႔စဥ္ တိုးလာေနၿပီး ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ ေရးစင္တာမ်ားရဲ႕ ေျပာဆိုခ်က္အရ ၇ရက္အတြင္း တိုးလာတဲ့လူနာသစ္အေရအတြက္က စ ေနေန႔ထိ ပ်မ္းမွ် ၁၁၇,၀၀၀ ခန္႔ရွိတယ္လို႔ သိ ရပါတယ္။

CDC ရဲ႕ ေနာက္ဆုံးစိစစ္ခ်က္အရ Omicron မ်ိဳးကြဲေၾကာင့္ ေရာဂါျဖစ္ပြါးမႈဟာ ႏိုင္ငံတဝွမ္းမွာ ၃%ခန္႔ရွိၿပီး အေရွ႕ပိုင္းျပည္နယ္ေတြျဖစ္တဲ့ နယူးေယာ့ခ္နဲ႔ နယူးဂ်ာစီတို႔မွာေတာ့ ၁၃%ရွိေၾကာင္း ေျပာထားပါတယ္။

Omicron ကူးစက္မႈေတြတိုးလာတာေၾကာင့္ ျပည္နယ္အခ်ိဳ႕မွာ အစီအမံေတြ တင္းၾကပ္ဖို႔ လုပ္ေဆာင္ေနၿပီး ကယ္လီဖိုးနီးယားမွာေတာ့ ဗုဒၶဟူးေန႔ကစၿပီး လူအမ်ားအျပားရွိတဲ့ အေဆာက္အအုံတြင္းေတြမွာပါ mask ေတြမျဖစ္မေနတပ္ဆင္ဖို႔ ျပန္လည္ျပဌါန္းခဲ့ပါတယ္။

Photo Credit- iNews


LEAVE A REPLY

Please enter your comment!
Please enter your name here