နိုင်ငံတွင်းတိုက်ပွဲတွေကြောင့် မြန်မာပြည်အနောက်မြောက်ပိုင်းမှာ နေရပ်စွန့်ခွါထွက်ပြေးမှုမြင့်တက်လာဟု OCHA ဆို

0
181

(Unicode)

နိုင်ငံတွင်းတိုက်ပွဲတွေကြောင့် မြန်မာပြည်အနောက်မြောက်ပိုင်းမှာ နေရပ်စွန့်ခွါထွက်ပြေးမှုမြင့်တက်လာဟု OCHA ဆို

နိုင်ငံတွင်းဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် မြန် မာနိုင်ငံအနောက်မြောက်ပိုင်းမှာ နေရပ်စွန့်ခွါထွက်ပြေးရမှုတွေ မြင့်တက်လာတယ်လို လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိင်းရေးရုံး (OCHA)က ဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်၄ခုမှာ နေရပ်စွန့်ခွါထွက်ပြေးနေရပြီး တိုက်ပွဲရှောင်ထွက်ပြေးရသူဦးရေဟာ ၅၉၀၀၀ ကျော်ရှိနေပြီလို့ OCHA က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၇ရက်ထိ ကိန်းဂဏန်းတွေအရ တပ်မ တော်၊ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့နဲ့ အ ခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် လူဦးရေ ၁သိန်းကျော်ဟာ မေလကတည်းက တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာလည်း ထပ်မံအိုးအိမ်စွန့်ခွါထွက်ပြေးရ သူဦးရေ ၁၀၅၀၀ ခန့်ရှိခဲ့ပြီး လက်ရှိအချိန်ထိ ၄၀၁၀၀ခန့် ရှိသွားပြီလို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးမှာတော့ လူပေါင်း ၃၀၀ ခန့် ထပ်မံတိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြပြီး မြို့နယ်၃ခုမှာ ထွက်ပြေးလာသူဦးရေ စုစုပေါင်း ၁၂၀၀၀ခန့်ရှိနေပြီလို့ OCHA ကဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က မင်းတပ်မြို့ပေါ်က နေရပ်စွန့်ခွါလာသူတွေဆီကို နိုဝင်ဘာလကုန်လောက်မှာ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အစားအစာနဲ့ အကာအကွယ်ပေးရေးဝန်ဆောင်မှုတွေ လိုအပ်နေတဲ့ နေရပ်စွန့်ခွါလာသူ၊လက်ခံလူထုအသိုင်းအဝိုင်းတွေရှိနေတဲ့ မင်းတပ်က ရွာတွေဆီကို ရောက်ရှိနိုင်ဖို့ သွားလာခွင့်ရရှိရေး အရေးပေါ်လိုအပ်နေပါတယ်လို့ OCHA ကပြောပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ သွားလာခွင့်အနည်းငယ်သာရတဲ့ မင်းတပ်မြို့နယ်မှာ လုံလောက်တဲ့အကူအညီတွေ မရရှိခြင်းအတွက် စိုးရိမ်နေပါတယ်။ အဆိုပါ မြို့နယ်မှာ လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေ ကြီးထွားလာနေပါတယ်လို့လည်းOCHA က ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ထန်တလန်မြို့မှာ စက်တင်ဘာ လ ၁၈ရက်နေ့ကတည်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၄ခု၊စာသင်ကျောင်း ၁ခုအပါအဝင် အိမ်ပေါင်း ၅၃၀ကျော် မီးလောင်ပျက်စီးခဲ့တဲ့ သတင်းကိုလည်း ကြားသိခဲ့ရပြီး ထန်တလန် မြို့နေလူထုကတော့ လပေါင်းများစွာကတည်း က လုံခြုံတဲ့နေရာတွေဆီ စွန့်ခွါထွက်ပြေးခဲ့ကြပြီးဖြစ်တယ်လို့ OCHA ကဆိုပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီလကတည်းက အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာခဲ့သူ ၁၅၀၀၀ အပြင် ထပ်မံထွက်ပြေးလာသူတွေရှိနေတယ်လို့ OCHA ကဖော်ပြထားပါတယ်။

(Zawgyi)

ႏိုင္ငံတြင္းတိုက္ပြဲေတြေၾကာင့္ ျမန္မာျပည္အေနာက္ေျမာက္ပိုင္းမွာ ေနရပ္စြန္႔ခြါထြက္ေျပးမႈျမင့္တက္လာဟု OCHA ဆို

ႏိုင္ငံတြင္းျဖစ္ပြါးေနတဲ့တိုက္ပြဲေတြေၾကာင့္ ျမန္ မာႏိုင္ငံအေနာက္ေျမာက္ပိုင္းမွာ ေနရပ္စြန္႔ခြါထြက္ေျပးရမႈေတြ ျမင့္တက္လာတယ္လို လူ သားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ညႇိႏွိင္းေရး႐ုံး (OCHA)က ဆိုပါတယ္။

လက္ရွိအခ်ိန္ထိ စစ္ကိုင္းတိုင္းေဒသႀကီးက ၿမိဳ႕နယ္၄ခုမွာ ေနရပ္စြန္႔ခြါထြက္ေျပးေနရၿပီး တိုက္ပြဲေရွာင္ထြက္ေျပးရသူဦးေရဟာ ၅၉၀၀၀ ေက်ာ္ရွိေနၿပီလို႔ OCHA က ထုတ္ျပန္ပါတယ္။

ဒီဇင္ဘာ ၇ရက္ထိ ကိန္းဂဏန္းေတြအရ တပ္မ ေတာ္၊ခ်င္းျပည္နယ္ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ အ ျခားျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကားက တိုက္ပြဲေတြေၾကာင့္ လူဦးေရ ၁သိန္းေက်ာ္ဟာ ေမလကတည္းက တိုက္ပြဲေရွာင္ထြက္ေျပးေနရတယ္လို႔ ဆိုပါတယ္။

ခ်င္းျပည္နယ္၊မင္းတပ္နဲ႔ ကန္ပက္လက္ၿမိဳ႕နယ္ေတြမွာလည္း ထပ္မံအိုးအိမ္စြန္႔ခြါထြက္ေျပးရ သူဦးေရ ၁၀၅၀၀ ခန္႔ရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ ၄၀၁၀၀ခန္႔ ရွိသြားၿပီလို႔ သိရပါတယ္။

မေကြးတိုင္းေဒသႀကီးမွာေတာ့ လူေပါင္း ၃၀၀ ခန္႔ ထပ္မံတိုက္ပြဲေရွာင္ထြက္ေျပးခဲ့ၾကၿပီး ၿမိဳ႕နယ္၃ခုမွာ ထြက္ေျပးလာသူဦးေရ စုစုေပါင္း ၁၂၀၀၀ခန္႔ရွိေနၿပီလို႔ OCHA ကဆိုပါတယ္။

ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ုံး(UNHCR)က မင္းတပ္ၿမိဳ႕ေပၚက ေနရပ္စြန္႔ခြါလာသူေတြဆီကို ႏိုဝင္ဘာလကုန္ေလာက္မွာ ေထာက္ပံ့ေရးပစၥည္းေတြ ေပးအပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ အစားအစာနဲ႔ အကာအကြယ္ေပးေရးဝန္ေဆာင္မႈေတြ လိုအပ္ေနတဲ့ ေနရပ္စြန္႔ခြါလာသူ၊လက္ခံလူထုအသိုင္းအဝိုင္းေတြရွိေနတဲ့ မင္းတပ္က ႐ြာေတြဆီကို ေရာက္ရွိႏိုင္ဖို႔ သြားလာခြင့္ရရွိေရး အေရးေပၚလိုအပ္ေနပါတယ္လို႔ OCHA ကေျပာပါတယ္။

ဒါ့အျပင္ လူသားခ်င္းစာနာမႈလုပ္ငန္းေဆာင္႐ြက္သူေတြဟာ သြားလာခြင့္အနည္းငယ္သာရတဲ့ မင္းတပ္ၿမိဳ႕နယ္မွာ လုံေလာက္တဲ့အကူအညီေတြ မရရွိျခင္းအတြက္ စိုးရိမ္ေနပါတယ္။ အဆိုပါ ၿမိဳ႕နယ္မွာ လူသားခ်င္းစာနာမႈအကူအညီလိုအပ္ခ်က္ေတြ ႀကီးထြားလာေနပါတယ္လို႔လည္းOCHA က ေဖာ္ျပထားပါတယ္။

ခ်င္းျပည္နယ္၊ထန္တလန္ၿမိဳ႕မွာ စက္တင္ဘာ လ ၁၈ရက္ေန႔ကတည္းက ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း ၄ခု၊စာသင္ေက်ာင္း ၁ခုအပါအဝင္ အိမ္ေပါင္း ၅၃၀ေက်ာ္ မီးေလာင္ပ်က္စီးခဲ့တဲ့ သတင္းကိုလည္း ၾကားသိခဲ့ရၿပီး ထန္တလန္ ၿမိဳ႕ေနလူထုကေတာ့ လေပါင္းမ်ားစြာကတည္း က လုံၿခဳံတဲ့ေနရာေတြဆီ စြန္႔ခြါထြက္ေျပးခဲ့ၾကၿပီးျဖစ္တယ္လို႔ OCHA ကဆိုပါတယ္။

၂၀၂၁၊ ေဖေဖာ္ဝါရီလကတည္းက အိႏၵိယႏိုင္ငံထဲ ထြက္ေျပးလာခဲ့သူ ၁၅၀၀၀ အျပင္ ထပ္မံထြက္ေျပးလာသူေတြရွိေနတယ္လို႔ OCHA ကေဖာ္ျပထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here