ရွာငံတွင် သိန်း၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

0
106

(Unicode)

ရွာငံတွင် သိန်း၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်မှာ ဒီဇင် ဘာ ၁၁ရက်နေ့က ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိမှု ဖြစ်ပွါးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ရက်နေ့ ၊ညနေ ၃နာရီ ၃၀ မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ ရွာငံမြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း၊ယုန်တောင်ကျေးရွာအနီးမှာ ရွာငံမှ ဟန်မြင့်မိုရ်ဘက်သို့ မောင်းနှင်လာတဲ့ FUSO ၆ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ပါတယ်။

ယာဉ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၂၁ ဒဿမ ၁၃ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော် ထုတ်ချက်အရ ည ၈နာရီအချိန်တွင် ဘိန်းဖြူများကို တာဝန်ခံသယ်ဆောင်သူ ဝင်းနောင်(ခ) ဘိုဘိုအား AD Van မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေ သကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သဖြင့် FUSO ၆ဘီးယာဉ်မောင်းနှင်သူ ဘိုဘိုဇော်နှင့် အတူလိုက်ပါလာသူ ပိုင်ထက်အောင်အပါအဝင် ဝင်းနောင်(ခ)ဘိုဘိုတို့ကို ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

(Zawgyi)

႐ြာငံတြင္ သိန္း၃၀၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

ရွမ္းျပည္နယ္ေတာင္ပိုင္း၊႐ြာငံၿမိဳ႕နယ္မွာ ဒီဇင္ ဘာ ၁၁ရက္ေန႔က ေငြက်ပ္သိန္း ၃၀၀၀ ေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴမ်ားဖမ္းဆီးရမိမႈ ျဖစ္ပြါးခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ ၁၁ရက္ေန႔ ၊ညေန ၃နာရီ ၃၀ မိနစ္အခ်ိန္က မူးယစ္ေဆးဝါးတားဆီးႏွိမ္ နင္းေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ဟာ ႐ြာငံၿမိဳ႕နယ္၊ ႐ြာငံ-ဟန္ျမင့္မိုရ္သြားကားလမ္း၊ယုန္ေတာင္ေက်း႐ြာအနီးမွာ ႐ြာငံမွ ဟန္ျမင့္မိုရ္ဘက္သို႔ ေမာင္းႏွင္လာတဲ့ FUSO ၆ဘီးေမာ္ေတာ္ယာဥ္ကို သတင္းအရရွာေဖြစစ္ေဆးခဲ့ပါတယ္။

ယာဥ္အတြင္းမွ ကာလတန္ဖိုး ေငြက်ပ္သိန္း ၃၀၀၀ေက်ာ္ တန္ဖိုးရွိတဲ့ ဘိန္းျဖဴ ၂၁ ဒႆမ ၁၃ကီလို သိမ္းဆည္းရမိခဲ့ၿပီး ကြင္းဆက္ေဖာ္ ထုတ္ခ်က္အရ ည ၈နာရီအခ်ိန္တြင္ ဘိန္းျဖဴမ်ားကို တာဝန္ခံသယ္ေဆာင္သူ ဝင္းေနာင္(ခ) ဘိုဘိုအား AD Van ေမာ္ေတာ္ယာဥ္တစ္စီးနဲ႔အတူ ဖမ္းဆီးရမိခဲ့ပါတယ္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဘိန္းျဖဴမ်ားကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ မႏၲေလးတိုင္းေဒ သႀကီးသို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရ သျဖင့္ FUSO ၆ဘီးယာဥ္ေမာင္းႏွင္သူ ဘိုဘိုေဇာ္ႏွင့္ အတူလိုက္ပါလာသူ ပိုင္ထက္ေအာင္အပါအဝင္ ဝင္းေနာင္(ခ)ဘိုဘိုတို႔ကို ဥပေဒအရ အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here