အသက် ၃၃နှစ်ပြည့်ပြီဖြစ်တဲ့ Park Seon Joon

0
89

(Unicode)

အသက် ၃၃နှစ်ပြည့်ပြီဖြစ်တဲ့ Park Seon Joon

ဒီဇင်ဘာ ၁၆ရက်နေ့ဟာ Park Seon Joon ရဲ့ မွေးနေ့ဖြစ်ပါတယ်။၁၉၈၈ ခုနှစ်မှာမွေးခဲ့တဲ့ Park Seon Joon ဟာ ၃၃နှစ်ပြည့်ခဲ့ပါပြီ။

တောင်ကိုရီးယားရဲ့ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကမ္ဘာတဝှမ်းက ပရိတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူပါ။

Park Seon Joon ဟာ Seoul Institute of the Art မှာ ပညာသင်ကြားခဲ့ပြီး အသက်၁၉နှစ်ပြည့်တဲ့ ၂၀၀၈ ခုနှစ်မှာ စစ်မှုထမ်းခဲ့ကာ ၂၀၁၀ မှာ တာဝန်ပြီးဆုံးခဲ့ပါတယ်။

၂၀၁၁ခုနှစ်မှာ Bang Yong-guk ရဲ့ သီချင်းဗီဒီယိုတစ်ခုမှာပါဝင်ခဲ့ပြီး အနုပညာလောကထဲ ခြေလှမ်းစခဲ့ပါတယ်။

၂၀၁၂တွင် Dream High 2 ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် Pots of Gold ဒရာမာမှာ ပါဝင်ခဲ့ကာ APAN Star Awards မှာ အကောင်းဆုံးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းဝင်ခဲ့ပါတယ်။

Park Seon Joon ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့-
1.She Was Pretty (2015)
2.Hwarang:The Poet Worrior Youth (2016-2017)
3.Fight for My Way (2017)
4.What’s Wrong With Secretary Kim(2018)
5.Itaewon Class (2020)
တို့ဖြစ်ပါတယ်။

Park Seon Joon ဟာ ဒရာမာတွေမှာသာအောင်မြင်ခဲ့တာမဟုတ်ပဲ ရုပ်ရှင်ကားရိုက်ကူးရာမှာပါအောင်မြင်ခဲ့ပါတယ်။

၂၀၁၇မှာ ထွက်ခဲ့တဲ့ Midnight Runner ၊ ၂၀၁၉ မှာထွက်ခဲ့တဲ့ Divine Fury နဲ့ Concrete Utopia ဇာတ်လမ်းတွေမှာ အောင်မြင်မှုတွေရခဲ့ပါသေးတယ်။

Park Seon Joon ဟာ ဒရာမာဇာတ်လမ်းတွဲတွေနဲ့ ဆုတွေအများကြီးရခဲ့ပြီး K-drama လောကတွင်သာမက Hollywood ထိပါ ခြေဆန့်ခဲ့ပါတယ်။

Park Seon Joon ဟာ MCU ကရိုက်ကူးတဲ့ The Marvels မှာ သရုပ်ဆောင်ထားပြီး ဒီဇာတ်လမ်းကိုတော့ ၂၀၂၃ ဖေဖော်ဝါရီမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)







1.She Was Pretty (2015)
3.Fight for My Way (2017)
5.Itaewon Class (2020)
တို့ဖြစ်ပါတယ်။






LEAVE A REPLY

Please enter your comment!
Please enter your name here