ချမ်းမြသာစည်က ယာဥ်ထိန်းရဲကင်းရုံးမှာထောင် ထားတဲ့မိုင်းကိုရှင်းစဥ် အနီးကဓာတ်တိုင်မှာဆင်ထားတဲ့ အဝေးထိန်းမိုင်းပေါက်ကွဲ

0
135

(Unicode)

ချမ်းမြသာစည်က ယာဥ်ထိန်းရဲကင်းရုံးမှာထောင် ထားတဲ့မိုင်းကိုရှင်းစဥ် အနီးကဓာတ်တိုင်မှာဆင်ထားတဲ့ အဝေးထိန်းမိုင်းပေါက်ကွဲ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်းနဲ့သိပ္ပံလမ်းထောင့်က ယာဥ်ထိန်းရဲကင်းရုံးမှာ ထောင်ထားတဲ့ အဝေးထိန်းလက်လုပ်မိုင်းကို လုံ ခြုံရေးအဖွဲ့တွေကရှင်းလင်းဖို့လုပ်စဥ်မှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့တာပါ။

လုံခြုံရေးအဖွဲ့တွေက ယနေ့မနက် ၉ နာရီလောက်က ယာဥ်ထိန်းရဲကင်းရုံးမှာ အဝေးထိန်းလက်လုပ်မိုင်းတစ်လုံးထောင်ထားတယ်ဆိုတဲ့ သတင်းအရ သွားပြီးရှင်းလင်းဖို့ပြင်ခဲ့ကြပါတယ်။

ပြင်ဆင်နေစဥ်မှာ အနီးကဓာတ်တိုင်ရဲ့လျှပ်စစ်မိန်းခလုတ်ပုံးထဲမှာ ထောင်ထားတဲ့ အဝေးထိန်းလက်လုပ်မိုင်းပေါက်ကွဲခဲ့တာပါ။ပေါက်ကွဲမှုဖြစ်စဥ်မှာ ဆိုင်ကယ်မောင်းလာသူတစ်ယောက် မိုင်းစထိမှန်ဒဏ်ရာရခဲ့ပါတယ်။

“ထိသွားတဲ့လူက ဖြစ်နေတာကိုမသိပဲဖြတ်မောင်းလာတဲ့အချိန်ပေါက်ကွဲတာနဲ့က အချိန်ကိုက်ဖြစ်သွားတာ လူနာတင်ကားရောက်လာပြီးချက်ခြင်းခေါ်သွားတယ် တခြားလူတွေတော့ဒဏ်ရာရတာမတွေ့ဘူး”လို့ချမ်းမြသာစည်မြို့နယ်နေသူတစ်ယောက်ကပြောပါတယ်။

ဒဏ်ရာရတဲ့သူကို မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပြီး ယာဥ်ထိန်းရဲကင်းရုံးက အဝေးထိန်းလက်လုပ်မိုင်းကိုလည်းရှင်းလင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

(Zawgyi)

ခ်မ္းျမသာစည္က ယာဥ္ထိန္းရဲကင္း႐ုံးမွာေထာင္ ထားတဲ့မိုင္းကိုရွင္းစဥ္ အနီးကဓာတ္တိုင္မွာဆင္ထားတဲ့ အေဝးထိန္းမိုင္းေပါက္ကြဲ

မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၇၈ လမ္းနဲ႔သိပၸံလမ္းေထာင့္က ယာဥ္ထိန္းရဲကင္း႐ုံးမွာ ေထာင္ထားတဲ့ အေဝးထိန္းလက္လုပ္မိုင္းကို လုံ ၿခဳံေရးအဖြဲ႕ေတြကရွင္းလင္းဖို႔လုပ္စဥ္မွာ အခုလိုျဖစ္စဥ္ျဖစ္ပြားခဲ့တာပါ။

လုံၿခဳံေရးအဖြဲ႕ေတြက ယေန႔မနက္ ၉ နာရီေလာက္က ယာဥ္ထိန္းရဲကင္း႐ုံးမွာ အေဝးထိန္းလက္လုပ္မိုင္းတစ္လုံးေထာင္ထားတယ္ဆိုတဲ့ သတင္းအရ သြားၿပီးရွင္းလင္းဖို႔ျပင္ခဲ့ၾကပါတယ္။

ျပင္ဆင္ေနစဥ္မွာ အနီးကဓာတ္တိုင္ရဲ႕လွ်ပ္စစ္မိန္းခလုတ္ပုံးထဲမွာ ေထာင္ထားတဲ့ အေဝးထိန္းလက္လုပ္မိုင္းေပါက္ကြဲခဲ့တာပါ။ေပါက္ကြဲမႈျဖစ္စဥ္မွာ ဆိုင္ကယ္ေမာင္းလာသူတစ္ေယာက္ မိုင္းစထိမွန္ဒဏ္ရာရခဲ့ပါတယ္။

“ထိသြားတဲ့လူက ျဖစ္ေနတာကိုမသိပဲျဖတ္ေမာင္းလာတဲ့အခ်ိန္ေပါက္ကြဲတာနဲ႔က အခ်ိန္ကိုက္ျဖစ္သြားတာ လူနာတင္ကားေရာက္လာၿပီးခ်က္ျခင္းေခၚသြားတယ္ တျခားလူေတြေတာ့ဒဏ္ရာရတာမေတြ႕ဘူး”လို႔ခ်မ္းျမသာစည္ၿမိဳ႕နယ္ေနသူတစ္ေယာက္ကေျပာပါတယ္။

ဒဏ္ရာရတဲ့သူကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးကိုပို႔ေဆာင္ေပးခဲ့ၿပီး ယာဥ္ထိန္းရဲကင္း႐ုံးက အေဝးထိန္းလက္လုပ္မိုင္းကိုလည္းရွင္းလင္းဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here