ဩစတေးလျတွင် လေထိုးရဲတိုက်ပေါ်မှ ကလေး ၅ဦးပြုတ်ကျသေဆုံး

0
168

(Unicode)

ဩစတေးလျတွင် လေထိုးရဲတိုက်ပေါ်မှ ကလေး ၅ဦးပြုတ်ကျသေဆုံး

Photo Credit-DW

လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လေထိုးရဲတို က်ပေါ်မှ ကလေး ၅ဦးပြုတ်ကျသေဆုံးခဲ့တယ်လို့ ဩစတေးလျရဲတပ်ဖွဲ့က ပြောပါတယ်။

Tasmania ပြည်နယ်၊ Devonport မြို့က မူလတန်းကျောင်းမှာ မတော်တဆမှုဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေဆော့ကစားနေချိန်မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လေထိုးထားတဲ့ရဲတို က်နဲ့အတူ အခြားပျော့ပျောင်းတဲ့ အရာဝတ္ထုတွေကိုပါ တိုက်မိသွားတယ်လို့ ရဲကပြောပါတယ်။

ဆော့ကစားနေတဲ့ ကလေး ၉ ဦးဟာ မြေပြင် ၁၀မီတာလောက်ထိ ပြုတ်ကျခဲ့ပါတယ်။

အခြား ၄ဦးကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လေထိုးရဲတိုက်နဲ့အခြားကစားစရာတွေဟာ ကလေးတွေရဲ့ နွေရာသီကျောင်းပိတ်ရက်မတိုင် မီ ကျောင်းနောက်ဆုံးနေ့ကို ဆင်နွှဲရန် ကျောင်းသားတွေအတွက် ပြုလုပ်ထားတဲ့ အပန်းဖြေနေရာတစ်ခု ဖြစ်ပါတယ်။

ဩစတေးလျဝန်ကြီးချုပ် Scott Morrison က “ကလေးတွေဟာ သူတို့ရဲ့ မိသားစုတွေနဲ့ အတူတူပျော်ရွှင်စရာကောင်းတဲ့နေ့တစ်နေ့မှာ ဆိုးရွားတဲ့ ကြေကွဲစရာအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်”လို့ ပြောခဲ့ပါတယ်။

Morrison က ” ဩစတေးလျအစိုးရဟာ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေပေးဖို့အတွက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

Source- NHK
Photo Credit-DW

(Zawgyi)










Source- NHK
Photo Credit-DW


LEAVE A REPLY

Please enter your comment!
Please enter your name here