နာမည်ကျော် ဇလုံတောင်တော်(၂၄)နာရီ လျှပ်စစ်မီးစတင်ရရှိ

0
215

(Unicode)

နာမည်ကျော် ဇလုံတောင်တော်(၂၄)နာရီ လျှပ်စစ်မီးစတင်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်တော်ကို (၂၄) နာရီ လျှပ်စစ်မီးစတင်ပေးနေပြီဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က သိရသည်။

ဇလုံတောင်တော်သည် ဗန်းမောက်မြို့နှင့် (၁၄)မိုင်ခန့်ကွာဝေးသည့် ဇလုံတောင်တော် ၂၄နာရီလျှပ်စစ်မီးလင်းရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ် သိန်း၁၀၀၀ကျော် ကုန်ကျခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု ဗန်းမောက်မြို့နယ် လျှပ်စစ်မှူး ဦးမောင်တိုး၏ ပြောပြချက်အရသိရသည်။

တောင်တော်မီးဖွင့်ပွဲကို. ဒီဇင်ဘာ ၁၅ရက်က တာဝန်ရှိသူများက ပြုလုပ်ပေးခဲ့ကြသည်။

ဇလုံတောင်တော်မီးလင်းရေးအတွက် နှစ်ပေါင်းများစွာစောင့်ခဲ့ရသည်ဟု ဒေသခံတို့ကပြောဆိုကြသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here