အကုိ​လေး ( ဘိုကလေးတင့်အောင် ) ဆုံးပါးသွားတာက အနုပညာလောကအတွက်အကြီးမားဆုံးဆုံးရှုံးမှုဖြစ်တယ်လို့ ပြောခဲ့တဲ့ဒါရိုက်တာဦးနှင်းမိုး

0
224

(Unicode)

အကုိလေး ( ဘိုကလေးတင့်အောင် ) ဆုံးပါးသွားတာက အနုပညာလောကအတွက်အကြီးမားဆုံးဆုံးရှုံးမှုဖြစ်တယ်လို့ ပြောခဲ့တဲ့ဒါရိုက်တာဦးနှင်းမိုး

ရုပ်ရှင်ဂီတအနုပညာလောကမှာနှစ်ပေါင်းများစွာအောင်မြင်မှုရလာခဲ့တဲ့ စွယ်စုံရအနုပညာရှင်ဖြစ်တဲ့ ဘဘ ဘိုကလေးတင့်အောင်ဆုံးပါးသွားတာက အနုပညာလောကအတွက် အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ဒါရိုက်တာ ဦးနှင်းမိုးက ပြောခဲ့ပါတယ်။

ဒါရိုက်တာဦးနှင်းမိုးက ” အကိုလေး(ဗိုလ်ကလေးတင့်အောင်)အသက် ၁၀၀ သည် ၁၆.၁၂.၂၀၂၁ နေ့ ည ၁၁ နာရီတွင်ကွယ်လွန်သွားပြီဖြစ်ပါ၍ တိုင်းပြည်အတွက် အနုပညာလောကအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ခဲ့ပြီးလွန်စွာမှကြေကွဲဝမ်းနည်းရပါသည် အကိုလေးမြင့်မြတ်သောဘုံဘဝရောက်ပါစေ ” လို့သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

ဘဘ ဘိုကလေးတင့်အောင်က နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံတော်ကပေးအပ်သော စည်သူဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here