ဘော်စတွန်မြို့က Northeastern တက္ကသိုလ်စာကြည့်တိုက်တွင် ကျောင်းသားတစ်ယောက် မိမိကိုယ်ကိုအဆုံးစီရင်

0
270

(Unicode)

ဘော်စတွန်မြို့က Northeastern တက္ကသိုလ်စာကြည့်တိုက်တွင် ကျောင်းသားတစ်ယောက် မိမိကိုယ်ကိုအဆုံးစီရင်

အမေရိကန်နိုင်ငံ၊ဘော်စတွန်မြို့မှာရှိတဲ့ Northeastern တက္ကသိုလ်က ကျောင်းသားတစ်ယောက်ဟာ ဗုဒ္ဓဟူးနေ့က Snell စာကြည့်တိုက်မှာကိုယ့်ကိုယ်ကိုသတ်​သေသွားခဲ့တယ်လို့ ကျောင်းရဲ့သတင်းစာThe Huntington News က ဖော်ပြခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ရက်နေ့၊ နံနက် ၁၁နာရီ ၃၀မိနစ် ကျောင်းသားကို တွေ့တဲ့အချိန်မှာ ကျောင်းသားဟာ လှုပ်ရှားမှုမရှိပဲ သေဆုံးနေခဲ့တယ်လို့ Northeastern တက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူ Shannon Nargi က သတင်းစာကို ပြောပါတယ်။

“ဒီကြေကွဲဖွယ်ဖြစ်ရပ်ဟာ ဆက်လက်စုံစမ်းနေဆဲဖြစ်လို့ တက္ကသိုလ်က ခုချိန်မှာ နောက်ထပ်မှတ်ချက်ပေးမှာမဟုတ်ပါဘူး” လို့ အီးမေးလ်ကနေတဆင့် ပြောခဲ့ပါတယ်။

Northeastern တက္ကသိုလ်ရဲဌာနကတော့ Snell စာကြည့်တိုက်မှာ “လက်ရှိတွင်ဆေးဘက်ဆိုင် ရာ အရေးပေါ်အခြေအနေတွေကို ဆက်လက်လုပ်ဆောင်နေတယ်” လို့Twitter မှာရေးသားခဲ့ပါတယ်။

Boston Fire နဲ့ EMS တို့ကတော့ နောက်ထပ်သတိပေးချက်မထွက်မချင်း စာကြည့်တိုက်ဧရိယာကို ရှောင်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။

ညနေ ၃နာရီကျော်ပြီးမကြာခင်မှာပဲ ရဲဌာနက”အားလုံးရှင်းသွားပါပြီ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

The Huntington News ကတော့ကျောင်းဟာ စိတ်ကျန်းမာရေးနဲ့အကြံဥာဏ်လိုအပ်နေတဲ့ ကျောင်းသားတွေကို ပံ့ပိုးကူညီမှုတွေလုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ဘော်စတွန်ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Source- Boston.com

(Zawgyi)

ေဘာ္စတြန္ၿမိဳ႕က Northeastern တကၠသိုလ္စာၾကည့္တိုက္တြင္ ေက်ာင္းသားတစ္ေယာက္ မိမိကိုယ္ကိုအဆုံးစီရင္

အေမရိကန္ႏိုင္ငံ၊ေဘာ္စတြန္ၿမိဳ႕မွာရွိတဲ့ Northeastern တကၠသိုလ္က ေက်ာင္းသားတစ္ေယာက္ဟာ ဗုဒၶဟူးေန႔က Snell စာၾကည့္တိုက္မွာကိုယ့္ကိုယ္ကိုသတ္​ေသသြားခဲ့တယ္လို႔ ေက်ာင္းရဲ႕သတင္းစာThe Huntington News က ေဖာ္ျပခဲ့ပါတယ္။

ဒီဇင္ဘာ ၁၅ရက္ေန႔၊ နံနက္ ၁၁နာရီ ၃၀မိနစ္ ေက်ာင္းသားကို ေတြ႕တဲ့အခ်ိန္မွာ ေက်ာင္းသားဟာ လႈပ္ရွားမႈမရွိပဲ ေသဆုံးေနခဲ့တယ္လို႔ Northeastern တကၠသိုလ္မွ ေျပာေရးဆိုခြင့္ရွိသူ Shannon Nargi က သတင္းစာကို ေျပာပါတယ္။

“ဒီေၾကကြဲဖြယ္ျဖစ္ရပ္ဟာ ဆက္လက္စုံစမ္းေနဆဲျဖစ္လို႔ တကၠသိုလ္က ခုခ်ိန္မွာ ေနာက္ထပ္မွတ္ခ်က္ေပးမွာမဟုတ္ပါဘူး” လို႔ အီးေမးလ္ကေနတဆင့္ ေျပာခဲ့ပါတယ္။

Northeastern တကၠသိုလ္ရဲဌာနကေတာ့ Snell စာၾကည့္တိုက္မွာ “လက္ရွိတြင္ေဆးဘက္ဆိုင္ ရာ အေရးေပၚအေျခအေနေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္” လို႔Twitter မွာေရးသားခဲ့ပါတယ္။

Boston Fire နဲ႔ EMS တို႔ကေတာ့ ေနာက္ထပ္သတိေပးခ်က္မထြက္မခ်င္း စာၾကည့္တိုက္ဧရိယာကို ေရွာင္ရွားဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ညေန ၃နာရီေက်ာ္ၿပီးမၾကာခင္မွာပဲ ရဲဌာနက”အားလုံးရွင္းသြားပါၿပီ” လို႔ Twitter မွာ ေရးသားခဲ့ပါတယ္။

The Huntington News ကေတာ့ေက်ာင္းဟာ စိတ္က်န္းမာေရးနဲ႔အႀကံဥာဏ္လိုအပ္ေနတဲ့ ေက်ာင္းသားေတြကို ပံ့ပိုးကူညီမႈေတြလုပ္ေဆာင္ေပးေနတယ္လို႔ ဆိုပါတယ္။

ေဘာ္စတြန္ရဲတပ္ဖြဲ႕ကေတာ့ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။

Source- Boston.com


LEAVE A REPLY

Please enter your comment!
Please enter your name here