Microsoft ရဲ့ Bing ဝက်ဘ်ဆိုက်တွင် အော်တိုအကြံပြုခြင်းလုပ်ဆောင်ချက်ကို တရုတ်ကယာယီရပ်ဆိုင်းခိုင်း

0
162

(Unicode)

Microsoft ရဲ့ Bing ဝက်ဘ်ဆိုက်တွင် အော်တိုအကြံပြုခြင်းလုပ်ဆောင်ချက်ကို တရုတ်ကယာယီရပ်ဆိုင်းခိုင်း

Photo Credit -Reuters

တရုတ်နိုင်ငံမှာရရှိနိုင်တဲ့ တစ်ခုတည်းသော နိုင်ငံခြားရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Bing ရဲ့အော်တိုအကြံပြုခြင်းလုပ်ဆောင်ချက်ကို ရက်ပေါင်း ၃၀ ဆိုင်းငံ့ထားဖို့ တရုတ်အစိုးရက တောင်းဆိုထားတယ်လို့ Microsoft က ပြောပါတယ်။

Bing ဟာ Microsoft ကနေ ဖြန့်ဝေထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် Bing ဟာ ကမ္ဘာလုံးဆိုင်ရာရှာဖွေရေူပလက်ဖောင်းတစ်ခုဖြစ်ပြီး “တရားဥပဒေစိုးမိုးရေးနှင့် သုံးစွဲသူတွေရဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့်ကို လေးစားလိုက်နာရန် ကတိပြုထားပါသည်” ဟု Bing က ၄င်းရဲ့တရုတ်ရှာဖွေ ရေးဝက်ဘ်ဆိုက်မှာ သောကြာနေ့က ပြောခဲ့ပါတယ်။ဆိုင်းငံ့ရခြင်းရဲ့အကြောင်းအရင်းကိုတော့ မဖော်ပြထားပါဘူး။

အင်တာနက်ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့နှစ်က သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချိုးဖောက်မှုနဲ့ တရုတ်အစိုးရရဲ့ ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရပါတယ်။

တရုတ်အစိုးရကတော့ ဆိုရှယ်လစ်တန်ဖိုးတွေကို မြှင့်တင်ဖို့အတွက် လူမှုကွန်ယက်ပလက်ဖောင်းတွေကို လိုလားကြောင်း ပြောခဲ့ပါတယ်။

Microsoft ဟာ တရုတ်နိုင်ငံက ၄င်းရဲ့ပရော်ဖက်ရှင်နယ် လူမှုကွန်ယက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ LinkedIn ပိတ်ပစ်မယ်လို့လည်း အောက် တိုဘာလက ပြောခဲ့ပါသေးတယ်။

Source-CNA

(Zawgyi)

Microsoft ရဲ႕ Bing ဝက္ဘ္ဆိုက္တြင္ ေအာ္တိုအႀကံျပဳျခင္းလုပ္ေဆာင္ခ်က္ကို တ႐ုတ္ကယာယီရပ္ဆိုင္းခိုင္း

တ႐ုတ္ႏိုင္ငံမွာရရွိႏိုင္တဲ့ တစ္ခုတည္းေသာ ႏိုင္ငံျခားရွာေဖြေရးဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Bing ရဲ႕ေအာ္တိုအႀကံျပဳျခင္းလုပ္ေဆာင္ခ်က္ကို ရက္ေပါင္း ၃၀ ဆိုင္းငံ့ထားဖို႔ တ႐ုတ္အစိုးရက ေတာင္းဆိုထားတယ္လို႔ Microsoft က ေျပာပါတယ္။

Bing ဟာ Microsoft ကေန ျဖန္႔ေဝထားတဲ့ ဝက္ဘ္ဆိုက္တစ္ခုလည္းျဖစ္ပါတယ္။

ဒါ့အျပင္ Bing ဟာ ကမာၻလုံးဆိုင္ရာရွာေဖြေရူပလက္ေဖာင္းတစ္ခုျဖစ္ၿပီး “တရားဥပေဒစိုးမိုးေရးႏွင့္ သုံးစြဲသူေတြရဲ႕ သတင္းအခ်က္အလက္ ရယူပိုင္ခြင့္ကို ေလးစားလိုက္နာရန္ ကတိျပဳထားပါသည္” ဟု Bing က ၄င္းရဲ႕တ႐ုတ္ရွာေဖြ ေရးဝက္ဘ္ဆိုက္မွာ ေသာၾကာေန႔က ေျပာခဲ့ပါတယ္။ဆိုင္းငံ့ရျခင္းရဲ႕အေၾကာင္းအရင္းကိုေတာ့ မေဖာ္ျပထားပါဘူး။

အင္တာနက္ကုမၸဏီေတြဟာ ၿပီးခဲ့တဲ့ႏွစ္က သုံးစြဲသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ခ်ိဳးေဖာက္မႈနဲ႔ တ႐ုတ္အစိုးရရဲ႕ ျပစ္ဒဏ္ေပးျခင္းကို ခံခဲ့ရပါတယ္။

တ႐ုတ္အစိုးရကေတာ့ ဆိုရွယ္လစ္တန္ဖိုးေတြကို ျမႇင့္တင္ဖို႔အတြက္ လူမႈကြန္ယက္ပလက္ေဖာင္းေတြကို လိုလားေၾကာင္း ေျပာခဲ့ပါတယ္။

Microsoft ဟာ တ႐ုတ္ႏိုင္ငံက ၄င္းရဲ႕ပေရာ္ဖက္ရွင္နယ္ လူမႈကြန္ယက္ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ LinkedIn ပိတ္ပစ္မယ္လို႔လည္း ေအာက္ တိုဘာလက ေျပာခဲ့ပါေသးတယ္။

Source-CNA


LEAVE A REPLY

Please enter your comment!
Please enter your name here