KIO ဌာနချုပ်ထိန်းချုပ်ရာ လိုင်ဇာကို အိုင်စီအာရ်စီသွားရောက်ကူညီ

0
202

KIO ဌာနချုပ်ထိန်းချုပ်ရာ လိုင်ဇာကို အိုင်စီအာရ်စီသွားရောက်ကူညီ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီးက မိုင်းဆတ်ပါကျေးရွာရှိ ရောဂါစောင့်ကြပ်ကြည့်ရှုသီးသန့်နေရာဆီကို သွားရောက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ အိုင်စီအာရ်စီက ဒီရက်ထဲမှာပြောပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့က ဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးက“အိုင်စီအာရ်စီ ဒီကိုရောက်လာတော့ စိတ်ထဲပိုလုံခြုံသွားတယ်လို့ ခံစားရတယ်” လို့ ပြောဆိုပါတယ်။

အိုင်စီအာရ်စီဟာ လိုင်ဇာကို ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)နဲ့ အတူသွားရောက်ခဲ့တာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ကိုဗစ်-၁၉ ရောဂါတုန့်ပြန်ရေးကော်မတီကို ပံ့ပိုးကူညီပေးဖို့ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါရဲ့ သက်ရောက်မှုကို လျော့ပါးစေဖို့ ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

အိုင်စီအာရ်စီက လိုင်ဇာက ကိုဗစ်စင်တာကို တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးပစ္စည်းများ (PPE)၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ မြေရေစစ်အိုးတွေနဲ့ လက်ဆေးဘေစင်တွေ ထောက်ပံ့ခဲ့ပါတယ်။

မြန်မာ- တရုတ်နှစ်နိုင်ငံ နယ်စပ်နားမှာရှိတဲ့ လိုင်ဇာမြို့ဟာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် နိုဝင်ဘာလ ၂ ရက်နေ့မှ စတင်၍ အသွားအလာကန့်သတ်ခံထားရပြီး မကြာသေးမီလများအတွင်း ထိုဒေသရှိ လူပေါင်း ၃၀၀၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါကိုတွေ့ရှိထားပါတယ်။

အိုင်စီအာရ်စီရဲ့ ကျန်းမာရေးအရာရှိ ဒေါ်စန်းစန်းဌေးက“ဒီအချိန်မှာ လိုအပ်ချက်တွေအားလုံးကို မဖြည့်ဆည်းပေးနိုင်ပေမယ့် တတ်နိုင်သလောက် ကူညီပေးနိုင်လို့ ဝမ်းသာပါတယ်” လို့ ပြောပါတယ်။

အိုင်စီအာရ်စီဟာ ခရီးစဉ်အတွင်း ကိုဗစ်-၁၉ရောဂါ တုံ့ပြန်ရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ၊ ကချင်လွတ်လပ်ရေးအဖွဲ့ အစည်းရဲ့ ကျန်းမာရေးဌာန အကြီးအကဲနဲ့ လိုင်ဇာဗဟိုအရပ်ဘက်ဆေးရုံမှ ဆေးရုံအုပ်တို့နဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်။

Zaw Gyi

KIO ဌာနခ်ဳပ္ထိန္းခ်ဳပ္ရာ လိုင္ဇာကို အိုင္စီအာရ္စီသြားေရာက္ကူညီ

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဌာနခ်ဳပ္ရွိတဲ့ လိုင္ဇာၿမိဳ႕အနီးက မိုင္းဆတ္ပါေက်းရြာရွိ ေရာဂါေစာင့္ၾကပ္ၾကည့္ရွုသီးသန႔္ေနရာဆီကို သြားေရာက္ခဲ့တယ္လို႔ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီအဖြဲ႕ အိုင္စီအာရ္စီက ဒီရက္ထဲမွာေျပာပါတယ္။

ကခ်င္ျပည္နယ္ လိုင္ဇာၿမိဳ႕က ေဒသခံက်န္းမာေရးဝန္ထမ္းတစ္ဦးက“အိုင္စီအာရ္စီ ဒီကိုေရာက္လာေတာ့ စိတ္ထဲပိုလုံျခဳံသြားတယ္လို႔ ခံစားရတယ္” လို႔ ေျပာဆိုပါတယ္။

အိုင္စီအာရ္စီဟာ လိုင္ဇာကို ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အေနနဲ႔ သြားေရာက္ခဲ့တာျဖစ္ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအက်ိဳးေဆာင္အဖြဲ႕ (PCG)နဲ႔ အတူသြားေရာက္ခဲ့တာပါ။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ (KIO) ရဲ့ ကိုဗစ္-၁၉ ေရာဂါတုန႔္ျပန္ေရးေကာ္မတီကို ပံ့ပိုးကူညီေပးဖို႔ျဖစ္ၿပီး ကိုဗစ္-၁၉ေရာဂါရဲ့ သက္ေရာက္မွုကို ေလ်ာ့ပါးေစဖို႔ ကူညီေပးနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

အိုင္စီအာရ္စီက လိုင္ဇာက ကိုဗစ္စင္တာကို တစ္ကိုယ္ရည္သုံးေရာဂါကာကြယ္ေရးပစၥည္းမ်ား (PPE)၊ တစ္ကိုယ္ေရသန႔္ရွင္းေရးသုံးပစၥည္းေတြ၊ ေစာင္၊ ေခါင္းအုံး၊ ျခင္ေထာင္၊ ေျမေရစစ္အိုးေတြနဲ႔ လက္ေဆးေဘစင္ေတြ ေထာက္ပံ့ခဲ့ပါတယ္။

ျမန္မာ- တ႐ုတ္ႏွစ္နိုင္ငံ နယ္စပ္နားမွာရွိတဲ့ လိုင္ဇာၿမိဳ႕ဟာ ကိုဗစ္-၁၉ ကူးစက္မွုေၾကာင့္ နိုဝင္ဘာလ ၂ ရက္ေန႔မွ စတင္၍ အသြားအလာကန႔္သတ္ခံထားရၿပီး မၾကာေသးမီလမ်ားအတြင္း ထိုေဒသရွိ လူေပါင္း ၃၀၀၀ ေက်ာ္မွာ ကိုဗစ္-၁၉ ေရာဂါကိုေတြ႕ရွိထားပါတယ္။

အိုင္စီအာရ္စီရဲ့ က်န္းမာေရးအရာရွိ ေဒၚစန္းစန္းေဌးက“ဒီအခ်ိန္မွာ လိုအပ္ခ်က္ေတြအားလုံးကို မျဖည့္ဆည္းေပးနိုင္ေပမယ့္ တတ္နိုင္သေလာက္ ကူညီေပးနိုင္လို႔ ဝမ္းသာပါတယ္” လို႔ ေျပာပါတယ္။

အိုင္စီအာရ္စီဟာ ခရီးစဥ္အတြင္း ကိုဗစ္-၁၉ေရာဂါ တုံ႔ျပန္ေရးေကာ္မတီရဲ့ ဒုတိယဥကၠ႒၊ ကခ်င္လြတ္လပ္ေရးအဖြဲ႕ အစည္းရဲ့ က်န္းမာေရးဌာန အႀကီးအကဲနဲ႔ လိုင္ဇာဗဟိုအရပ္ဘက္ေဆး႐ုံမွ ေဆး႐ုံအုပ္တို႔နဲ႔ ေတြ႕ဆုံနိုင္ခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here