အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ဝင် မြန်မာ အားကစားသမားတွေ တရုတ်နိုင်ငံမှာပဲ လေ့ကျင့်ရမယ်

0
322

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ဝင် မြန်မာ အားကစားသမားတွေ တရုတ်နိုင်ငံမှာပဲ လေ့ကျင့်ရမယ်


မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ် မှာ ပြုလုပ်မဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) မှာ ဝင်ပြိင်မဲ့ မြန်မာ အားကစားသမားတွေဟာ ပြိုင်ပွဲမတိုင်ခင်အထိတရုတ်နိုင်ငံမှာပဲ လေ့ကျင့်ရမှာ ဖြစ်တယ်လို သိရပါတယ်။

အဲဒီ ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဝူရှုး၊ ပြေးခုန်ပစ်၊ ကနူးလှေလှော်ခြင်း၊ အလေးမ၊ လက်ဝှေ့၊ ဘော်လီဘော စတဲ့ ကားအစား နည်းတွေကို ဝင်ပြိုင်မှာဖြစ်ပါတယ်။

တရုတ်-မြန်မာအစိုးရအကြားမှာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ က Exchange of Notes ကိုလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလက စတင်လို အားကစားနည်းပညာထောက်ပံ့မှု စီမံကိန်းစတင်ဖော်ဆောင်ဖို အတည်ပြုခဲ့တာ ဖြစ်တယ်လို သိရပါတယ်။

အဲဒီ သဘောတူညီမှုမှာ တရုတ်နည်းပြတွေ က မြန်မာနိုင်ငံမှာ ကာလတိုသင်ကြားပေးတာ၊ မြန်မာအားကစားသမားတွေကို တရုတ်နိုင်ငံသိုသွားရောက်လေ့ကျင့်စေတာ အပြင် မြန်မာနိုင်ငံအတွက် လေ့ကျင့်ရေးပစ္စည်းများထောက်ပံ့ပေးတာတွေ ပါဝင်ပါတယ်။

မူလက ၂၀၂၁ ခုနှစ်နိုဝင်ဘာလ မှာ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) ကို ဗီယက်နမ်မှာ ကျင်းပဖို စီစဉ်ထားပေမဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်ကိုရွှေ့ပြောင်းလိုက်ရပါတယ်။အဲဒီ SEA Games အတွက် ပြိုင်ပွဲဝင်မဲ့ မြန်မာအားကစားသမားတွေဟာ SEA Games မကျင်းပခင်အထိတရုတ်နိုင်ငံမှာပဲ လေ့ကျင့်ရမှာ ဖြစ်တယ်လို သိရပါတယ်။

Credit – Insidethegames

Zaw Gyi

 








LEAVE A REPLY

Please enter your comment!
Please enter your name here