မကွေးဝန်ကြီးချုပ်ဟောင်းဒေါက်တာအောင်မိုးညိုအား မလျော်ဩဇာသုံးမှုဆိုင်ရာ ဥပ​ဒေဖြင့် အမှုထပ်တိုး

0
187

မကွေးဝန်ကြီးချုပ်ဟောင်းဒေါက်တာအောင်မိုးညိုအား မလျော်ဩဇာသုံးမှုဆိုင်ရာ ဥပ​ဒေဖြင့် အမှုထပ်တိုး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို မကွေးခရိုင်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီး ပုဒ်မ ၁၇၁(စ) နဲ့ အမှုထပ်တိုးပြီး စွဲဆိုလိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

နီးစပ်တဲ့ ရှေ့နေတစ်ဦးက “ မကွေးမြို့နယ် တရားရုံးမှာ မကွေးခရိုင်ရွေးကောက်ပွဲကော်မရှင်က တရားလိုလုပ်ပြီးတော့ ဦးတိုက်လျှောက်ထားခဲ့တာကို တရားရုံးက လက်ခံခဲ့တယ်လို့ သိရပါတယ်”လို့ ပြောပါတယ်။

မကွေးဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါက်တာအောင်မိုးညိုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့အပြင် အဂတိအမှု ၆ မှု ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာပုဒ်မ ၂၅ တို့နဲ့ တရားရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။

ဒေါက်တာအောင်မိုးညို ရဲ့ အဂတိအမှုတွေအတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့ နဲ့ ၂၄ ရက် တွေမှာ အပြီးသတ်လျှောက်လဲချက်ပေးရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခု ထပ်တိုးထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မလျော်ဩဇာသုံးမှု ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)ဆိုတာဟာ ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ပေးရင် ထောင် တစ်နှစ် နဲ့ ငွေ ဒဏ် တစ်မျိုးမျိုး ၊ဒါမှ မဟုတ် နှစ်မျိုးလုံး ကျခံ ရတဲ့ အမှု ဖြစ်တယ်လို့ သိရပါတယ်။

Zaw Gyi

မေကြးဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာေအာင္မိုးညိဳအား မေလ်ာ္ဩဇာသုံးမွုဆိုင္ရာ ဥပ​ေဒျဖင့္ အမွုထပ္တိုး

မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအာင္မိုးညိဳကို မေကြးခရိုင္ေရြးေကာက္ပြဲေကာ္မရွင္က ေရြးေကာက္ပြဲဆိုင္ရာ မေလ်ာ္ဩဇာသုံးမွု ရာဇသတ္ႀကီး ပုဒ္မ ၁၇၁(စ) နဲ႔ အမွုထပ္တိုးၿပီး စြဲဆိုလိုက္တယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။

နီးစပ္တဲ့ ေရွ႕ေနတစ္ဦးက “ မေကြးၿမိဳ႕နယ္ တရား႐ုံးမွာ မေကြးခရိုင္ေရြးေကာက္ပြဲေကာ္မရွင္က တရားလိုလုပ္ၿပီးေတာ့ ဦးတိုက္ေလၽွာက္ထားခဲ့တာကို တရား႐ုံးက လက္ခံခဲ့တယ္လို႔ သိရပါတယ္”လို႔ ေျပာပါတယ္။

မေကြးဗဟိုအက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတဲ့ ေဒါက္တာေအာင္မိုးညိဳဟာ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမွု ပုဒ္မ ၅၀၅(ခ) နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံထားရတဲ့အျပင္ အဂတိအမွု ၆ မွု ၊ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမွုဆိုင္ရာပုဒ္မ ၂၅ တို႔နဲ႔ တရားရင္ဆိုင္ေနရဆဲလည္း ျဖစ္ပါတယ္။

ေဒါက္တာေအာင္မိုးညိဳ ရဲ့ အဂတိအမွုေတြအတြက္ ဒီဇင္ဘာလ ၂၃ ရက္ေန႔ နဲ႔ ၂၄ ရက္ ေတြမွာ အၿပီးသတ္ေလၽွာက္လဲခ်က္ေပးရမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

အခု ထပ္တိုးထားတဲ့ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး မေလ်ာ္ဩဇာသုံးမွု ရာဇသတ္ႀကီးပုဒ္မ ၁၇၁(စ)ဆိုတာဟာ ျပစ္မွုထင္ရွားလို႔ ျပစ္ဒဏ္ေပးရင္ ေထာင္ တစ္ႏွစ္ နဲ႔ ေငြ ဒဏ္ တစ္မ်ိဳးမ်ိဳး ၊ဒါမွ မဟုတ္ ႏွစ္မ်ိဳးလုံး က်ခံ ရတဲ့ အမွု ျဖစ္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here