ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်သံတမန် ရာထူးမှ နုတ်ထွက်

0
112

ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်သံတမန် ရာထူးမှ နုတ်ထွက်

ကုလသမဂ္ဂဆိုင်ရာ အာဖဂန်သံအမတ်ကြီးဟာ ၄င်းနေရာမှာ တာလီဘန်တွေရဲ့ နေရာအစားထိုးဖို့ လှုံ့ဆော်မှုကြောင့် ရာထူးကနုတ်ထွက်လိုက်ပါတယ်။

လက်ရှိသံအမတ် Ghulam Isaczai ကို ယခင် အာဖဂန်အစိုးရက ခန့်အပ်ခဲ့တာပါ။သူဟာ လူ့အခွင့်အရေးအပါအဝင် အခြားကိစ္စရပ်တွေမှာ တာလီဘန်ကို ဆန့်ကျင်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ကြာသပတေးနေ့မှာ Isaczai ရဲ့ နုတ်ထွက်စာကို လက်ခံရရှိခဲ့တယ်
ပြောပါတယ်။

အဆိုပါစာတွင် ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်ရဲ့ ယာယီသံတမန်အဖြစ် ဝန်ကြီးအတိုင်ပင် ခံပုဂ္ဂိုလ် Naseer Ahmad Faiq က တာဝန်ထမ်းဆောင်မည် ဟု ပါရှိပါတယ်။

ဩဂုတ်လမှာ တာလီဘန်တို့ အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်ပြီးနောက်မှာ Isaczai ဟာ ၄င်းရဲ့နေရာမှာပဲ ဆက်ရှိနေခဲ့တာပါ။သူဟာ အစ္စလမ်မစ်အဖွဲ့ရဲ့ မူဝါဒများ၊အမျိုးသမီးများ ၏ အခွင့်အရေးများနဲ့ အခြားကိစ္စရပ်တွေမှာလည်း ဝေဖန်ခဲ့ပါတယ်။

တာလီဘန်တို့က ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီးအဖြစ် အဖွဲ့ရဲ့ အကြီးတန်းအရာရှိ Suhailb Shaheen ကို ရွေးချယ်ထားကြောင်း ကုလသမဂ္ဂကို စက်တင်ဘာလက အကြောင်းကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၁ရက်နေ့မှာတော့ UN Credentials Committeee က အာဖဂန်နစ္စတန် အတွက် ပြောရေးဆိုခွင့်ရှိသူကိုရွေးချယ်ဖို့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

တာလီဘန်တွေဘက်က သံတမန်အဖြစ်ရွေးချယ်ခံထားရတဲ့ Shaheen ကတော့ သူ့နိုင်ငံကို သူကိုယ်စားပြုသင့်တယ်လို့ တွစ်တာမှာရေးသားထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာအာဖဂန်နစ္စတန်ရဲ့ သံတမန် နေရာကို နိုင်ငံအနှံ့အချုပ်အခြာအာဏာပိုင်ဆိုင်ထားတဲ့ လက်ရှိအစိုးရထံ ပေးအပ် ခြင်းဖြင့် ၄င်းရဲ့ကြားနေဝါဒကို သက်သေပြဖို့ Shaheen က ကုလသမဂ္ဂထံ တောင်းဆိုထားပါတယ်။

Source – NHK

Zaw Gyi

ကုလသမဂၢဆိုင္ရာ အာဖဂန္နစၥတန္သံတမန္ ရာထူးမွ ႏုတ္ထြက္

ကုလသမဂၢဆိုင္ရာ အာဖဂန္သံအမတ္ႀကီးဟာ ၄င္းေနရာမွာ တာလီဘန္ေတြရဲ့ ေနရာအစားထိုးဖို႔ လွုံ႔ေဆာ္မွုေၾကာင့္ ရာထူးကႏုတ္ထြက္လိုက္ပါတယ္။

လက္ရွိသံအမတ္ Ghulam Isaczai ကို ယခင္ အာဖဂန္အစိုးရက ခန္႔အပ္ခဲ့တာပါ။သူဟာ လူ႔အခြင့္အေရးအပါအဝင္ အျခားကိစၥရပ္ေတြမွာ တာလီဘန္ကို ဆန္႔က်င္ခဲ့ပါတယ္။

ကုလသမဂၢရဲ့လက္ေထာက္ ေျပာေရးဆိုခြင့္ရွိသူ Farhan Haq က ၾကာသပေတးေန႔မွာ Isaczai ရဲ့ ႏုတ္ထြက္စာကို လက္ခံရရွိခဲ့တယ္
ေျပာပါတယ္။

အဆိုပါစာတြင္ ကုလသမဂၢဆိုင္ရာ အာဖဂန္နစၥတန္ရဲ့ ယာယီသံတမန္အျဖစ္ ဝန္ႀကီးအတိုင္ပင္ ခံပုဂၢိဳလ္ Naseer Ahmad Faiq က တာဝန္ထမ္းေဆာင္မည္ ဟု ပါရွိပါတယ္။

ဩဂုတ္လမွာ တာလီဘန္တို႔ အာဖဂန္နစၥတန္ကို ျပန္လည္သိမ္းပိုက္ၿပီးေနာက္မွာ Isaczai ဟာ ၄င္းရဲ့ေနရာမွာပဲ ဆက္ရွိေနခဲ့တာပါ။သူဟာ အစၥလမ္မစ္အဖြဲ႕ရဲ့ မူဝါဒမ်ား၊အမ်ိဳးသမီးမ်ား ၏ အခြင့္အေရးမ်ားနဲ႔ အျခားကိစၥရပ္ေတြမွာလည္း ေဝဖန္ခဲ့ပါတယ္။

တာလီဘန္တို႔က ကုလသမဂၢဆိုင္ရာ အာဖဂန္နစၥတန္သံအမတ္ႀကီးအျဖစ္ အဖြဲ႕ရဲ့ အႀကီးတန္းအရာရွိ Suhailb Shaheen ကို ေရြးခ်ယ္ထားေၾကာင္း ကုလသမဂၢကို စက္တင္ဘာလက အေၾကာင္းၾကားခဲ့ပါတယ္။

ဒါေပမယ့္ ဒီဇင္ဘာ ၁ရက္ေန႔မွာေတာ့ UN Credentials Committeee က အာဖဂန္နစၥတန္ အတြက္ ေျပာေရးဆိုခြင့္ရွိသူကိုေရြးခ်ယ္ဖို႔ ဆုံးျဖတ္ခ်က္ကို ေရႊ႕ဆိုင္းလိုက္ပါတယ္။

တာလီဘန္ေတြဘက္က သံတမန္အျဖစ္ေရြးခ်ယ္ခံထားရတဲ့ Shaheen ကေတာ့ သူ႔နိုင္ငံကို သူကိုယ္စားျပဳသင့္တယ္လို႔ တြစ္တာမွာေရးသားထားပါတယ္။

ဒါ့အျပင္ ကုလသမဂၢဆိုင္ရာအာဖဂန္နစၥတန္ရဲ့ သံတမန္ ေနရာကို နိုင္ငံအႏွံ့အခ်ဳပ္အျခာအာဏာပိုင္ဆိုင္ထားတဲ့ လက္ရွိအစိုးရထံ ေပးအပ္ ျခင္းျဖင့္ ၄င္းရဲ့ၾကားေနဝါဒကို သက္ေသျပဖို႔
Shaheen က ကုလသမဂၢထံ ေတာင္းဆိုထားပါတယ္။

Source – NHK


LEAVE A REPLY

Please enter your comment!
Please enter your name here