တစ်ဧကကို ၁သိန်းနှုန်းနဲ့ ၂၀၂၁ခုနှစ်၊ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး

0
78

တစ်ဧကကို ၁သိန်းနှုန်းနဲ့ ၂၀၂၁ခုနှစ်၊ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး

ဒီဇင်ဘာလ ၁၇ရက်နေ့နံနက်ပိုင်းက နေပြည် တော်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ပျဉ်းမနားမြို့နယ်ဘဏ်ခွဲမှ တောင်သူများကို ၂၀၂၁ခုနှစ်၊ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခဲ့ကြောင်း သိရပါတယ်။

ပျဉ်းမနားမြို့နယ်၊ကျီးအင်းကျေးရွာအုပ်စုက တောင်သူ ၉ဦးကို စိုက်ပျိုးဧက ၆.၅ဧက အ တွက် ငွေကျပ် ၆.၈၅သန်း ထုတ်ချေးပေးခဲ့ပါတယ်။

၂၀၂၀ခုနှစ်၊ဆောင်းရာသီစိုက်ပျိုးစရိတ်ချေး ငွေအကျေဆပ်ပြီးသော တောင်သူ လယ်သမားများအတွက် ၂၀၂၁ ခုနှစ်၊စိုက်ပျိုးစရိတ်ချေး ငွေများကို ၂၀၂၁ခုနှစ်၊နိုဝင်ဘာလမှ ၂၀၂၂ခုနှစ်၊ဇန်နဝါရီလထိ ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ ပျဉ်းမနားမြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်ခိုင်ကြည်သာက ပြောပါတယ်။

၂၀၂၁ခုနှစ်၊ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စု ၄အုပ်စု၊ဧက ၁၆၁ ဧက၊ တောင်သူဦးရေ ၂၈ဦးကို ငွေကျပ် ၁၆.၄၅သန်း
ထုတ်ချေးပေးထားပြီးဖြစ်တယ်လို့ နေပြည် တော်၊တိုင်းဘဏ်ခွဲမန်နေဂျာ ဦးသက်ဦးက ပြောပါတယ်။

နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနဲ့ တောင်သူလယ် သမားများရဲ့စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက်အကူဖြစ်စေဖို့အတွက် တစ်ဧကကို ၁သိန်းနှုန်း၊၁နှစ်လျှင် အတိုးနှုန်း ၅% နဲ့ ချေးငွေများကို ထုတ်ချေးပေးတာ ဖြစ်ပါတယ်။

Zaw Gyi

တစ္ဧကကို ၁သိန္းႏွုန္းနဲ႔ ၂၀၂၁ခုႏွစ္၊ေဆာင္းရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြထုတ္ေခ်း

ဒီဇင္ဘာလ ၁၇ရက္ေန႔နံနက္ပိုင္းက ေနျပည္ ေတာ္၊ျမန္မာ့လယ္ယာဖြံ့ၿဖိဳးေရးဘဏ္၊ပ်ဥ္းမနားၿမိဳ႕နယ္ဘဏ္ခြဲမွ ေတာင္သူမ်ားကို ၂၀၂၁ခုႏွစ္၊ေဆာင္းရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားထုတ္ေခ်းေပးခဲ့ေၾကာင္း သိရပါတယ္။

ပ်ဥ္းမနားၿမိဳ႕နယ္၊က်ီးအင္းေက်းရြာအုပ္စုက ေတာင္သူ ၉ဦးကို စိုက္ပ်ိဳးဧက ၆.၅ဧက အ တြက္ ေငြက်ပ္ ၆.၈၅သန္း ထုတ္ေခ်းေပးခဲ့ပါတယ္။

၂၀၂၀ခုႏွစ္၊ေဆာင္းရာသီစိုက္ပ်ိဳးစရိတ္ေခ်း ေငြအေက်ဆပ္ၿပီးေသာ ေတာင္သူ လယ္သမားမ်ားအတြက္ ၂၀၂၁ ခုႏွစ္၊စိုက္ပ်ိဳးစရိတ္ေခ်း ေငြမ်ားကို ၂၀၂၁ခုႏွစ္၊နိုဝင္ဘာလမွ ၂၀၂၂ခုႏွစ္၊ဇန္နဝါရီလထိ ထုတ္ေခ်းေပးသြားမွာျဖစ္တယ္လို႔ ပ်ဥ္းမနားၿမိဳ႕နယ္ဘဏ္ခြဲမန္ေနဂ်ာ ေဒၚခိုင္ၾကည္သာက ေျပာပါတယ္။

၂၀၂၁ခုႏွစ္၊ေဆာင္းရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြကို ေက်းရြာအုပ္စု ၄အုပ္စု၊ဧက ၁၆၁ ဧက၊ ေတာင္သူဦးေရ ၂၈ဦးကို ေငြက်ပ္ ၁၆.၄၅သန္း
ထုတ္ေခ်းေပးထားၿပီးျဖစ္တယ္လို႔ ေနျပည္ ေတာ္၊တိုင္းဘဏ္ခြဲမန္ေနဂ်ာ ဦးသက္ဦးက ေျပာပါတယ္။

နိုင္ငံအတြင္း စားနပ္ရိကၡာဖူလုံေစေရး၊လယ္ယာက႑ဖြံ့ၿဖိဳးတိုးတက္ေစေရးနဲ႔ ေတာင္သူလယ္ သမားမ်ားရဲ့စိုက္ပ်ိဳးစရိတ္ထုတ္လုပ္မွု အေထာက္အကူျဖစ္ေစဖို႔အတြက္ တစ္ဧကကို ၁သိန္းႏွုန္း၊၁ႏွစ္လၽွင္ အတိုးႏွုန္း ၅% နဲ႔ ေခ်းေငြမ်ားကို ထုတ္ေခ်းေပးတာ ျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here