ယနေ့ည (ဒီဇင်ဘာ ၁၈ရက်နေ့) မှာစောင့်ကြည့်ရမယ့် Snow Drop ဇာတ်လမ်းတွဲ

0
377

ယနေ့ည (ဒီဇင်ဘာ ၁၈ရက်နေ့) မှာစောင့်ကြည့်ရမယ့် Snow Drop ဇာတ်လမ်းတွဲ

ဒီနေ့ညမှာ ထုတ်လွှင့်မယ့် Snow Drop ရဲ့ အပိုင်း(၁) မှာပါဝင်တဲ့ Jung Hae In နဲ့Jisoo တို့ရဲ့ ပထမဆုံးတွေ့ဆုံပုံတွေကို JTBC က အရိပ် အမြွက် ပြလိုက်ပါတယ်။

ထုတ်လုပ်ရေးအဖွဲ့က ” ဒီမြင်ကွင်းကတော့ Su Ho(Jung Hae In) နဲ့ Young Ro (Jisoo)တို့ blind date မှာ တွေ့ခဲ့ပြီး တယောက်အပေါ်တယောက် ထူးဆန်းတဲ့ခံစားချက်တွေ ခံစားရတဲ့ မြင်ကွင်းပါ။သူတို့ ၂ယောက်ရဲ့ ဆက်ဆံရေးဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ” လို့
ပြောခဲ့ပါတယ်။

Snow Drop ဟာ ကိုရီးယားရဲ့အရေးအခင်းဖြစ်ချိန် ၁၉၈၇ကာလကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးတက္ကသိုလ်ကျောင်း
သား Su Ho(Jung Hae In)နဲ့ ဟိုဆုအမျိုးသမီးတက္ကသိုလ်၊အင်္ဂလိပ်စာဌာနက ကျောင်းသူလေးYoung Ro( Jisoo) တို့ရဲ့ အမှတ်မထင်တွေ့ဆုံမှုကနေ ဖြစ်ပေါ်လာတဲ့ အချစ်ရေးကို ပုံဖော်ထားတာပါ။

ဇာတ်ကားကို Rating 19+ သတ်မှတ်ထားပြီး သွေးထွက်သံယိုအခန်းတွေပါနိုင်တာကြောင့်ယခုလို သတ်မှတ်တာဖြစ်နိုင်တယ်လို့ ပရိသတ် တွေက ယူဆနေကြပါတယ်။

ဒါ့အပြင် ဒီဇာတ်လမ်းမှာပါဝင်တဲ့ မင်းသား Jung Hae In ဟာလည်း ၁၉၈၇ ရဲ့ သမိုင်းကြောင်းကို မလေ့လာထားတဲ့အတွက် ပရိသတ် တွေရဲ့ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။

ဒီဇာတ်ကားကိုတော့ ကိုရီးယားရဲ့ JTBC ရုပ်သံလိုင်းကနေ အပတ်စဉ် စနေ၊တနင်္ဂနွေမှာ ထုတ် လွှင့်သွားမှာဖြစ်ပြီး ဒီနေ့ည ကိုရီးယားစံတော်ချိန် ၁၀နာရီခွဲမှာ အပိုင်း (၁)ကို ထုတ်လွှင့်ပြသသွားမှာပါ။

Zaw Gyi



ပြောခဲ့ပါတယ်။






LEAVE A REPLY

Please enter your comment!
Please enter your name here