မန္တလေးမြို့လယ်ခေါင်က ဝိန့်လီရွှေဆိုင်ဓားပြတိုက်ခံရ

0
265

မန္တလေးမြို့လယ်ခေါင်က ဝိန့်လီရွှေဆိုင်ဓားပြတိုက်ခံရ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ မြို့လယ်ခေါင်က ဝိန့်လီစိန်ရွှေရတနာအရောင်းဆိုင် ကို ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီကျော်က ဆိုင်ကယ်စီးလာတဲ့အမျိုးသားတွေက သေနတ်ပစ်ပြီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓားပြတိုက်တဲ့ အမျိုးသားတွေက မျက်နှာဖုံးတွေဝတ်ဆင်ထားပါတယ်။ဆိုင်ကယ်တွေနဲ့ရောက်လာတာဖြစ်ပြီး သေနတ်ပစ်ဖောက်ပြီးရွှေဆိုင်ထဲကိုဝင်ကာ မှန်ပုံးထဲထည့်တားတဲ့ ရွှေထည်တွေကိုယူဆောင်မောင်းနှင်ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

“သေနတ်နဲ့ပစ်ပြီး ဆိုင်ထဲကိုဝင်သွားတယ် နောက်ပြေးထွက်လာပြီး ဆိုင်ကယ်ကိုအမြန်မောင်းထွက်ပြေးသွားတာပဲ ထွက်လာတဲ့အချိန်မှာအထုတ်တွေလည်းပါတယ်”လို့ဝိန့်လီရွှေဆိုင်နားက ဆိုင်ရှင်တစ်ယောက်ကပြောပါတယ်။

ရွှေဆိုင်ဓားပြတိုက်တဲ့အမျိုးသားတွေဟာ ဆိုင်လုံခြုံရေးအစောင့်ကို မြေပေါ်ဝပ်ခိုင်းပြီး ဆိုင်ထဲကိုဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

Photo _ CJ

Zaw Gyi

မႏၲေလးၿမိဳ႕လယ္ေခါင္က ဝိန္႔လီေရႊဆိုင္ဓားျပတိုက္ခံရ

မႏၲေလးၿမိဳ႕၊ခ်မ္းေအးသာစံၿမိဳ႕နယ္မွာရွိတဲ့ ၿမိဳ႕လယ္ေခါင္က ဝိန္႔လီစိန္ေရႊရတနာအေရာင္းဆိုင္ ကို ဒီဇင္ဘာ ၁၈ ရက္ညေန ၅ နာရီေက်ာ္က ဆိုင္ကယ္စီးလာတဲ့အမ်ိဳးသားေတြက ေသနတ္ပစ္ၿပီး ဓားျပတိုက္ခံခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ဓားျပတိုက္တဲ့ အမ်ိဳးသားေတြက မ်က္ႏွာဖုံးေတြဝတ္ဆင္ထားပါတယ္။ဆိုင္ကယ္ေတြနဲ႔ေရာက္လာတာျဖစ္ၿပီး ေသနတ္ပစ္ေဖာက္ၿပီးေရႊဆိုင္ထဲကိုဝင္ကာ မွန္ပုံးထဲထည့္တားတဲ့ ေရႊထည္ေတြကိုယူေဆာင္ေမာင္းႏွင္ထြက္ေျပးခဲ့တယ္လို႔ သိရပါတယ္။

“ေသနတ္နဲ႔ပစ္ၿပီး ဆိုင္ထဲကိုဝင္သြားတယ္ ေနာက္ေျပးထြက္လာၿပီး ဆိုင္ကယ္ကိုအျမန္ေမာင္းထြက္ေျပးသြားတာပဲ ထြက္လာတဲ့အခ်ိန္မွာအထုတ္ေတြလည္းပါတယ္”လို႔ဝိန္႔လီေရႊဆိုင္နားက ဆိုင္ရွင္တစ္ေယာက္ကေျပာပါတယ္။

ေရႊဆိုင္ဓားျပတိုက္တဲ့အမ်ိဳးသားေတြဟာ ဆိုင္လုံျခဳံေရးအေစာင့္ကို ေျမေပၚဝပ္ခိုင္းၿပီး ဆိုင္ထဲကိုဝင္ေရာက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္ ။

Photo _ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here