လူ ၅၄၀ စာ အတွက် အစားအသောက်နဲ့ဆေးဝါးအသုံးဆောင် ပစ္စည်းများလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ထူးအောင်

0
136

လူ ၅၄၀ စာ အတွက် အစားအသောက်နဲ့ဆေးဝါးအသုံးဆောင် ပစ္စည်းများလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ထူးအောင်

ဘုန်းဘုန်း Ashin Sanda Suria ရဲ့ဦးဆောင်ညွှန်ပြမှု ကြောင့်သရုပ်ဆောင်ထူးအောင်နဲ့ ၇ ရက်သားသမီး အလှူရှင်များတိုင်ပင်ကာ လပြည့်နေ့စုပေါင်းအလှူအဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးတိုက်နယ်ထဲရှိ လူ ၅၄၀ စာအတွက် ဆန် ကြက်ဥ ကြက်သွန် ဆေးဝါး တီရှပ် နဲ့ချိုင့်တို့ကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

“ဘုန်းဘုန်း Ashin Sanda Suria နှင့် ခုနှစ်ရက်သားသမီးများရဲ့လပြည့်နေ့ စုပေါင်းအလှူကိုဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးတိုက်နယ် တောညိုရွာ၊ဇီးကုန်းရွာ၊ကညင်ကုန်းရွာ၊စာဖြူစုရွာ၊အညှာတန်းရွာ၊ကျွန်းချောင်းရွာ၊စောက်မြောင်ရွာ၊ညောင်ချောင်းရွာ တို့အား လူ(၅၄၀) စာ ဆန်၊ကြက်ဥ၊ကြက်သွန်၊ ဆေးဝါးနှင့်အခြားသော တီရှပ်၊Flannelအင်္ကျီ ၊ ချိုင့်တို့ကို စုပေါင်းလှူဒါန်းခဲ့ပါတယ် ” လို့ သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

သရုပ်ဆောင်ထူးအောင်ကအခုလက်ရှိမှာဘုန်းဘုန်း Ashin Sanda Suriaနဲ့ အတူမရှိဆင်းရဲချို့တဲ့ တဲ့ နေရာတွေမှာ အစားသောက်ဆေးဝါး အသုံးဆောင်ပစ္စည်း များကို တတ်နိုင်သလောက် ပါဝင်ကူညီလှုဒါန်းပေးနေတာပဲဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here