စားသုံးဆီကို ပြည်ပမှတင်သွင်းနေရခြင်းကြောင့် ​စျေး နှုန်းမကြီးမြင့်​စေရန် တရားဝင် ဝင်ရောက်နိုင်ဖို့ကိုကြပ်မတ်လုပ်ဆောင်သွားမည်

0
197

စားသုံးဆီကို ပြည်ပမှတင်သွင်းနေရခြင်းကြောင့် ​စျေး နှုန်းမကြီးမြင့်​စေရန် တရားဝင် ဝင်ရောက်နိုင်ဖို့ကိုကြပ်မတ်လုပ်ဆောင်သွားမည်

မြန်မာနိုင်ငံမှာ စားသုံးဆီသုံးစွဲမှုဟာ တစ်နှစ်ကိုပျမ်းမျှ တန်ချိန် ၁၇ သိန်းခန့်ရှိတာကြောင့် ပြည် တွင်းမှာစားသုံးဆီလုံလောက်ဖို့အတွက် နှစ်စဥ်ပြည်ပကနေတင်သွင်းနေရပါတယ်လို့ စီးပွားကူး သန်းဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဒေါက် တာပွင့်ဆန်းက မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ် ငန်းရှင်များအသင်းရဲ့(၂၉)ကြိမ်မြောက် နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးမှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအ သင်းဟာ ဗဟိုဘဏ်ကရောင်းချပေးတဲ့ အမေရိကန်ဒေါ်လာဝယ်ယူခွင့်ကို ခြောက်ကြိမ်ရရှိထားပြီးဖြစ်တာကြောင့် စားသုံးဆီကိုသက်သာတဲ့စျေးနှုန်းနဲ့ပြည်သူတွေထံရောင်းချပေးနိုင်‌တော့မှာပါလို့ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းကပြောပါတယ်။

နိုင်ငံတော်အနေနဲ့ကျန်းမာရေးနဲ့အညီ ဆီစားသုံးမှုလျော့ချရေး ဆီထွက်သီးနှံတွေစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေ စျေးကွက်အလွယ်တကူရရှိရေးတွေကို ရည်မှန်းဆောင်ရွက်နေပါတယ်လို့ ပြည် ထောင်စုဝန်ကြီးကပြောပါတယ်။

“စားသုံးဆီစျေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ပြည်ပကဝင်လာတဲ့ စားသုံးဆီတွေကို တရားဝင် ဝင်ရောက်ဖို့အတွက် နိုင်ငံတော်ကကြပ်မတ်လုပ် ဆောင်နေပါတယ်”လို့ပြောဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေသုံးစွဲမှုလျော့ကျစေရေးအ တွက် စားသုံးဆီတင်သွင်းရေးကို ၂၀၂၁ ခုနှစ်၊အောက်တိုဘာလကစပြီး အခြေခံမူတွေချမှတ်ကာ တင်သွင်းခွင့်ပြု့ပြီး တင်သွင်းထုတ်လုပ်နေပါတယ်လို့ပြောဆိုပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအ သင်းက နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ စားသုံးဆီတွေကို သက် သာတဲ့စျေးနှုန်းတဲ့ တန်ချိန်အများအပြားကို လက် လီ၊လက်က္ကား ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။

Zaw Gyi

စားသုံးဆီကို ပြည်ပမှတင်သွင်းနေရခြင်းကြောင့် ​ဈေး နှုန်းမကြီးမြင့်​စေရန် တရားဝင် ဝင်ရောက်နိုင်ဖို့ကိုကြပ်မတ်လုပ်ဆောင်သွားမည်


မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအ သင်းဟာ ဗဟိုဘဏ်ကရောင်းချပေးတဲ့ အမေရိကန်ဒေါ်လာဝယ်ယူခွင့်ကို ခြောက်ကြိမ်ရရှိထားပြီးဖြစ်တာကြောင့် စားသုံးဆီကိုသက်သာတဲ့ဈေးနှုန်းနဲ့ပြည်သူတွေထံရောင်းချပေးနိုင်‌တော့မှာပါလို့ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းကပြောပါတယ်။

နိုင်ငံတော်အနေနဲ့ကျန်းမာရေးနဲ့အညီ ဆီစားသုံးမှုလျော့ချရေး ဆီထွက်သီးနှံတွေစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေ ဈေးကွက်အလွယ်တကူရရှိရေးတွေကို ရည်မှန်းဆောင်ရွက်နေပါတယ်လို့ ပြည် ထောင်စုဝန်ကြီးကပြောပါတယ်။

“စားသုံးဆီဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ပြည်ပကဝင်လာတဲ့ စားသုံးဆီတွေကို တရားဝင် ဝင်ရောက်ဖို့အတွက် နိုင်ငံတော်ကကြပ်မတ်လုပ် ဆောင်နေပါတယ်”လို့ပြောဆိုပါတယ်။


မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအ သင်းက နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ စားသုံးဆီတွေကို သက် သာတဲ့ဈေးနှုန်းတဲ့ တန်ချိန်အများအပြားကို လက် လီ၊လက်က္ကား ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here