” မိခင်​ဖြစ်သူရဲ့နေအိမ်မှာသူခိုးခိုးခံရပြီးပုဂံမှာ လှူဖို့စုထားတဲ့ပိုက်ဆံ၂သိန်းကျော်နဲ့ဖုန်း ၂လုံးပါသွားတဲ့အကြောင်းပြောလာတဲ့ အဆိုတော်သားစို

0
221

” မိခင်​ဖြစ်သူရဲ့နေအိမ်မှာသူခိုးခိုးခံရပြီးပုဂံမှာ လှူဖို့စုထားတဲ့ပိုက်ဆံ၂သိန်းကျော်နဲ့ဖုန်း ၂လုံးပါသွားတဲ့အကြောင်းပြောလာတဲ့ အဆိုတော်သားစို

မိခင်နေထိုင်ရာတာမွေမြို့နယ်က အိမ်ကိုနှစ်ချီပိတ်ထားတာကြာတဲ့အတွက် ဒီဇင်ဘာ လ ၁၈ ရက်နေ့မှာ အိမ်ခဏသွားရင်းသန့်ရှင်းရေးလုပ်နေချိန် သူခိုးကအိမ်ရှေ့ဧည့်ခန်းမှာ ထားထားတဲ့ ပိုက်ဆံအိတ်ထဲကငွေ ၂ သိန်းကျော်နဲ့ဖုန်း ၂ လုံးကိုခိုးသွားကြောင်းအဆိုတော်သားစိုးကပြောပါတယ်။

အဆိုတော်သားစိုးက “မနေ့ နေ့လည် ၂ နာရီက သျှင်ပါကူဆေးခန်းဘေးကကျွန်တော် အမေ့အိမ်မှာ သူခိုး ဝင်ခိုးသွားပါတယ်။လူရှိနေတုန်း ခိုးတာပါ။အမေ့အခန်းက မြေညီထပ်ပါ။သူအခိုးခံရပုံကလည်း တိုက်ဆိုင်လွန်းလို့ပါ။ အမေကအဲ့အိမ်မှာမနေတာ နှစ်ချီနေပါ​ြပီ။ ဒီအတိုင်းပိတ်ထားတာပါ။အဖိုးတန်ပစ္စည်းလည်းဘာမှမရှိပါဘူး။မနေ့ကတော့ အိမ်ခဏသွားချင်တယ်၊ဖုန်တက်တာတွေသွားရှင်းချင်လို့ဆိုပြီး မသွားတာနှစ်ပေါက်နေတဲ့အိမ်ကို သွားပါတယ်။မြေညီထပ်တိုက်ခန်းသော့ကို မခတ်ပဲ ချိတ်ရုံချိတ်ထားပြီး အခန်းထဲဝင်ရှင်းနေတဲ့ ၅ မိနစ်လောက်အတွင်းမှာပဲ သူခိုးဟာ အိမ်ရှေ့ဧည်ခန်းမှာရှိတဲ့ ပိုက်ဆံအိတ်အကြီးထဲက ပိုက်ဆံထည့်ထားတဲ့ အိတ်အသေးနဲ့ ဝန်ထမ်း ၂ ယောက်ရဲ့ဖုန်းအဟောင်းလေး ၂ လုံးကို အမြန်မသွားပါတော့တယ်တိုက်ဆိုင်လိုက်တာများကွာဆိုသလိုပါပဲ။မပြန်တာကြာတဲ့ အိမ်တံခါးဖွင့်အပြီး ၅ မိနစ်အတွင်းသူခိုးဟာ ဧည့်ခန်းက ပိုက်ဆံ ၂သိန်း၇သောင်းပါတဲ့အိတ်နဲ့ဖုန်း ၂ လုံးကို မသွားပါတော့တယ်။အမေ့တိုက်ခန်းက သီးသန့်လမ်းကြားပါ။လူဝင်လူထွက်နည်းပါတယ်။ဒါတောင်ပါသွားသေးတော့ ကျန်တဲ့ နေရာတွေ ကျောက်မြောင်းဘက်တွေသတိထားစေချင်တာပါပဲ။လမ်းထဲက မြင်မိသူတချို့ပြောတာကတော့ ဘောင်းဘီအဖြူနဲ့သန့်သန်ပြန့်ပြန့်ဝတ်ထားတဲ့ အမျိုးသမီး တစ်ဦးအမြန်ထွက်သွားတာ မြင်မိပါတယ်တဲ့။သူခိုးတွေဟာသားသားနားနားဝတ်ပြီးခိုးနေကြတဲ့ပုံပါ။ပုဂံမှာ လှူဖို့ထားတာလေးတွေပါသွားပါပြီတဲ့။ဂရုစိုက်ကြပါနော် “လို့သူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသား ခဲ့ပါတယ်။

အဆို​ေတ​ာ်သားစိုးကအခုလိုအခိုးခံရတာနဲ့ပတ်သက်ပြီး တခြားနေရာမှာနေတဲ့သူတွေ တာမွေ မှာနေတဲ့သူတွေအနေနဲ့ပိုပြီးသတိထားသင့်ကြောင်းပြောပြခဲ့ပါတယ်။

Zaw Gyi

” မိခင္​ျဖစ္သူရဲ့ေနအိမ္မွာသူခိုးခိုးခံရၿပီးပုဂံမွာ လွူဖို႔စုထားတဲ့ပိုက္ဆံ၂သိန္းေက်ာ္နဲ႔ဖုန္း ၂လုံးပါသြားတဲ့အေၾကာင္းေျပာလာတဲ့ အဆိုေတာ္သားစိုး

မိခင္ေနထိုင္ရာတာေမြၿမိဳ႕နယ္က အိမ္ကို
ႏွစ္ခ်ီပိတ္ထားတာၾကာတဲ့အတြက္ ဒီဇင္ဘာ လ ၁၈ ရက္ေန႔မွာ အိမ္ခဏသြားရင္းသန္႔ရွင္းေရးလုပ္ေနခ်ိန္ သူခိုးကအိမ္ေရွ႕ဧည့္ခန္းမွာ ထားထားတဲ့ ပိုက္ဆံအိတ္ထဲကေငြ ၂ သိန္းေက်ာ္နဲ႔ဖုန္း ၂ လုံးကိုခိုးသြားေၾကာင္းအဆိုေတာ္သားစိုးကေျပာပါတယ္။

အဆိုေတာ္သားစိုးက “မေန႔ ေန႔လည္ ၂ နာရီက သၽွင္ပါကူေဆးခန္းေဘးကကၽြန္ေတာ္ အေမ့အိမ္မွာ သူခိုး ဝင္ခိုးသြားပါတယ္။လူရွိေနတုန္း ခိုးတာပါ။အေမ့အခန္းက ေျမညီထပ္ပါ။သူအခိုးခံရပုံကလည္း တိုက္ဆိုင္လြန္းလို႔ပါ။ အေမကအဲ့အိမ္မွာမေနတာ ႏွစ္ခ်ီေနပါ​ၿပီ။ ဒီအတိုင္းပိတ္ထားတာပါ။အဖိုးတန္ပစၥည္းလည္းဘာမွမရွိပါဘူး။မေန႔ကေတာ့ အိမ္ခဏသြားခ်င္တယ္၊ဖုန္တက္တာေတြသြားရွင္းခ်င္လို႔ဆိုၿပီး မသြားတာႏွစ္ေပါက္ေနတဲ့အိမ္ကို သြားပါတယ္။ေျမညီထပ္တိုက္ခန္းေသာ့ကို မခတ္ပဲ ခ်ိတ္႐ုံခ်ိတ္ထားၿပီး အခန္းထဲဝင္ရွင္းေနတဲ့ ၅ မိနစ္ေလာက္အတြင္းမွာပဲ သူခိုးဟာ အိမ္ေရွ႕ဧည္ခန္းမွာရွိတဲ့ ပိုက္ဆံအိတ္အႀကီးထဲက ပိုက္ဆံထည့္ထားတဲ့ အိတ္အေသးနဲ႔ ဝန္ထမ္း ၂ ေယာက္ရဲ့ဖုန္းအေဟာင္းေလး ၂ လုံးကို အျမန္မသြားပါေတာ့တယ္တိုက္ဆိုင္လိုက္တာမ်ားကြာဆိုသလိုပါပဲ။မျပန္တာၾကာတဲ့ အိမ္တံခါးဖြင့္အၿပီး ၅ မိနစ္အတြင္းသူခိုးဟာ ဧည့္ခန္းက ပိုက္ဆံ ၂သိန္း၇ေသာင္းပါတဲ့အိတ္နဲ႔ဖုန္း ၂ လုံးကို မသြားပါေတာ့တယ္။အေမ့တိုက္ခန္းက သီးသန႔္လမ္းၾကားပါ။လူဝင္လူထြက္နည္းပါတယ္။ဒါေတာင္ပါသြားေသးေတာ့ က်န္တဲ့ ေနရာေတြ ေက်ာက္ေျမာင္းဘက္ေတြသတိထားေစခ်င္တာပါပဲ။လမ္းထဲက ျမင္မိသူတခ်ိဳ႕ေျပာတာကေတာ့ ေဘာင္းဘီအျဖဴနဲ႔သန႔္သန္ျပန႔္ျပန႔္ဝတ္ထားတဲ့ အမ်ိဳးသမီး တစ္ဦးအျမန္ထြက္သြားတာ ျမင္မိပါတယ္တဲ့။သူခိုးေတြဟာသားသားနားနားဝတ္ၿပီးခိုးေနၾကတဲ့ပုံပါ။ပုဂံမွာ လွူဖို႔ထားတာေလးေတြပါသြားပါၿပီတဲ့။ဂ႐ုစိုက္ၾကပါေနာ္ “လို႔သူလက္ရွိအသုံးျပဳေနတဲ့လူမွုကြန္ယက္စာမ်က္ႏွာမွာေရးသား ခဲ့ပါတယ္။

အဆို​ေတ​ာ္သားစိုးကအခုလိုအခိုးခံရတာနဲ႔
ပတ္သက္ၿပီး တျခားေနရာမွာေနတဲ့သူေတြ တာေမြ မွာေနတဲ့သူေတြအေနနဲ႔ပိုၿပီးသတိထားသင့္ေၾကာင္းေျပာျပခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here