သာသနတက္ကသီလဓမ္မပါရဂူ, Ph.D(Buddhism) ဘွဲ့ရသံဃာတော်တစ်ပါးအပါအဝင် ဘွဲ့ရသံဃာ တော် ၁၁၂ ပါးကိုဘွဲ့တံဆိပ်တော်တွေပေးအပ်

0
234

သာသနတက္ကသီလဓမ္မပါရဂူ, Ph.D(Buddhism) ဘွဲ့ရသံဃာတော်တစ်ပါးအပါအဝင် ဘွဲ့ရသံဃာ တော် ၁၁၂ ပါးကိုဘွဲ့တံဆိပ်တော်တွေပေးအပ်

(၂၇)ကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့က သာသနတက္ကသီလဓမ္မပါရဂူ, Ph.D(Buddhism)ဘွဲ့ရသံဃာတော်တစ်ပါးအပါ အဝင် ဘွဲ့ရသံဃာတော် ၁၁၂ ပါးကို ဒီဇင်ဘာ ၁၈ ရက်က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မဟာဘွဲ့နှင်းသဘင်ခန်းမမှာ သာသနတ က္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဘွဲ့ တံဆိပ်တော်တွေပေးအပ်ခဲ့ပါတယ်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) က သာသနတက္ကသီလဓမ္မာစရိယ, B.A (Buddhism)ဘွဲ့ရ ၅၄ ပါး၊ သာသနတက္ကသီလမ ဟာဓမ္မာစရိယ,M.A(Buddhism)ဘွဲ့ရ ခြောက်ပါး၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)က သာသနတက္ကသီလ ဓမ္မာစရိယ, B.A (Buddhism)ဘွဲ့ရ ၃၈ ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ,M.A(Buddhism)ဘွဲ့ရ ၁၃ ပါး၊ သာသနတက္ကသီလဓမ္မပါရဂူ, Ph.D (Buddhism)ဘွဲ့ရတစ်ပါး အပါအဝင် ၁၁၂ ပါးဖြစ်ပါတယ်။

ဘွဲ့ရသံဃာတော်တွေကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မော်ကွန်းထိန်း ဆရာ တော်နဲ့(ရန်ကုန်)မော်ကွန်းထိန်းဆရာတော်တို့က တစ်ပါးချင်းစီရဲ့ဘွဲ့တော်တွေကိုကြေညာပြီး ပါ မောက္ခချုပ်ဆရာတော်ကြီးက ဘွဲ့တံဆိပ်တော်တွေပေးအပ်ခဲ့ပါတယ်။

“နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ တက္ကသိုလ်တွေဟာ ပရိယတ်စာပေအရာမှာ ရဲရင့်ထက်မြက်မှု “ဗျတ္တပဋိဗလ”ဂုဏ်နှင့်ပြည့်စုံသော ရဟန်းတော်တွေကိုမွေးထုတ်ပေးပြီး ထေရဝါဒဂုဏ်ဒြပ်ကို ပီ ပြင်စွာထင်ဟပ်နိုင်တဲ့အပြင် ခေတ်အမြင် ခေတ်အတွေးတွေကို မပယ်ရှားပဲ ရှေးမဟာထေရ် အ စဉ်အဆက်တို့ရဲ့ နည်းနာနိဿယနဲ့ အစဉ်အလာတွေကိုထိန်းသိမ်း စောင့်ရှောက်လျက်ရှိတဲ့ တက္က သိုလ်ကြီးတွေဖြစ်ပါတယ်”လို့ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုက လျှောက်တင်ခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ကြီးနဲ့ဆရာတော်၊သံဃာတော်ကြီးတွေကြွရောက်တော်မူခဲ့ကြပါတယ်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်နှင့်မန္တလေး)တို့မှ (၂၆)ကြိမ်မြောက်အထိ ဘွဲ့တံ ဆိပ်ရရှိခဲ့ကြတဲ့ သံဃာတော် ၂၉၀၃ ပါးရှိပြီး ယခု (၂၇)ကြိမ်မြောက်မှ ၁၁၂ ပါးအပါအဝင် သံဃာ တော်ပေါင်း ၃၀၁၅ ပါးရှိပြီဖြစ်ကြောင်း သိရသည်။

Photo-Aung Myint

Zaw Gyi

သာသနတကၠသီလဓမၼပါရဂူ, Ph.D(Buddhism) ဘြဲ႕ရသံဃာေတာ္တစ္ပါးအပါအဝင္ ဘြဲ႕ရသံဃာ ေတာ္ ၁၁၂ ပါးကိုဘြဲ႕တံဆိပ္ေတာ္ေတြေပးအပ္

(၂၇)ႀကိမ္ေျမာက္ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(ရန္ကုန္/မႏၲေလး)တို႔က သာသနတကၠသီလဓမၼပါရဂူ, Ph.D(Buddhism)ဘြဲ႕ရသံဃာေတာ္တစ္ပါးအပါ အဝင္ ဘြဲ႕ရသံဃာေတာ္ ၁၁၂ ပါးကို ဒီဇင္ဘာ ၁၈ ရက္က နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္ (ရန္ကုန္)မဟာဘြဲ႕ႏွင္းသဘင္ခန္းမမွာ သာသနတ ကၠသီလမဟာဘြဲ႕ႏွင္းသဘင္အခမ္းအနားမွာ ဘြဲ႕ တံဆိပ္ေတာ္ေတြေပးအပ္ခဲ့ပါတယ္။

နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(ရန္ကုန္) က သာသနတကၠသီလဓမၼာစရိယ, B.A (Buddhism)ဘြဲ႕ရ ၅၄ ပါး၊ သာသနတကၠသီလမ ဟာဓမၼာစရိယ,M.A(Buddhism)ဘြဲ႕ရ ေျခာက္ပါး၊ နိုင္ငံေတာ္ပရိယတၱိ သာသနာ့တကၠသိုလ္ (မႏၲေလး)က သာသနတကၠသီလ ဓမၼာစရိယ, B.A (Buddhism)ဘြဲ႕ရ ၃၈ ပါး၊ သာသနတကၠသီလ မဟာဓမၼာစရိယ,M.A(Buddhism)ဘြဲ႕ရ ၁၃ ပါး၊ သာသနတကၠသီလဓမၼပါရဂူ, Ph.D (Buddhism)ဘြဲ႕ရတစ္ပါး အပါအဝင္ ၁၁၂ ပါးျဖစ္ပါတယ္။

ဘြဲ႕ရသံဃာေတာ္ေတြကို နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(မႏၲေလး)ေမာ္ကြန္းထိန္း ဆရာ ေတာ္နဲ႔(ရန္ကုန္)ေမာ္ကြန္းထိန္းဆရာေတာ္တို႔က တစ္ပါးခ်င္းစီရဲ့ဘြဲ႕ေတာ္ေတြကိုေၾကညာၿပီး ပါ ေမာကၡခ်ဳပ္ဆရာေတာ္ႀကီးက ဘြဲ႕တံဆိပ္ေတာ္ေတြေပးအပ္ခဲ့ပါတယ္။

“နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ရဲ့ တကၠသိုလ္ေတြဟာ ပရိယတ္စာေပအရာမွာ ရဲရင့္ထက္ျမက္မွု “ဗ်တၱပဋိဗလ”ဂုဏ္ႏွင့္ျပည့္စုံေသာ ရဟန္းေတာ္ေတြကိုေမြးထုတ္ေပးၿပီး ေထရဝါဒဂုဏ္ျဒပ္ကို ပီ ျပင္စြာထင္ဟပ္နိုင္တဲ့အျပင္ ေခတ္အျမင္ ေခတ္အေတြးေတြကို မပယ္ရွားပဲ ေရွးမဟာေထရ္ အ စဥ္အဆက္တို႔ရဲ့ နည္းနာနိႆယနဲ႔ အစဥ္အလာေတြကိုထိန္းသိမ္း ေစာင့္ေရွာက္လ်က္ရွိတဲ့ တကၠ သိုလ္ႀကီးေတြျဖစ္ပါတယ္”လို႔ သာသနာေရးႏွင့္ယဥ္ေက်းမွုဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုက ေလၽွာက္တင္ခဲ့ပါတယ္။

အခမ္းအနားကို နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ ဗန္းေမာ္ေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ ဆရာေတာ္ႀကီးနဲ႔ဆရာေတာ္၊သံဃာေတာ္ႀကီးေတြႂကြေရာက္ေတာ္မူခဲ့ၾကပါတယ္။

နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(ရန္ကုန္ႏွင့္မႏၲေလး)တို႔မွ (၂၆)ႀကိမ္ေျမာက္အထိ ဘြဲ႕တံ ဆိပ္ရရွိခဲ့ၾကတဲ့ သံဃာေတာ္ ၂၉၀၃ ပါးရွိၿပီး ယခု (၂၇)ႀကိမ္ေျမာက္မွ ၁၁၂ ပါးအပါအဝင္ သံဃာ ေတာ္ေပါင္း ၃၀၁၅ ပါးရွိၿပီျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here