မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး

0
211

မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ်လှေကားတာဝါဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၈၅ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ဓါတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံ၏ပြောကြားချက်ကိုကိုးကားပြီး မကွေးတိုင်းအစိုးရအဖွဲ့က ယနေ့ဒီဇင်ဘာ၁၉တွင်ထုတ်ပြန်သည်။

“၂၀၂၂ ခုနှစ် (၁)လပိုင်း အကုန်တွင် အပြီးတည်ဆောက် သွားမှာဖြစ်ပါတယ်” ဟု Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ဆိုကြောင်း ထုတ်ပြန်ချက်ကဖော်ပြသည်။

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို Phase-1 အဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ)ရှိပြီး ဘုရားကြီး ဘဏ္ဍာငွေမှ ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် လည်းကောင်း၊ဓာတ်လှေကား အဆောက်အဦ တည်ဆောက်ပြီးစီးပါက Phase-2 အဖြစ် AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းကို ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း (၂၃၀၀)ခန့်ဖြင့် အတက်နှင့် အဆင်းဟူ၍ တပ်ဆင်ဆောင်ရွက်သွားမည်ဟုသိရသည်။

Zaw Gyi

မန္းေရႊစက္ေတာ္ဘုရား ဓာတ္ေလွကားေဆာက္လုပ္မွု ၈၅ ရာခိုင္ႏွုန္းေက်ာ္ၿပီးစီး

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ မင္းဘူး(စကု) ၿမိဳ႕နယ္ရွိ မန္းေရႊစက္ေတာ္ဘုရားႀကီးတြင္ တည္ေဆာက္လ်က္ရွိေသာ ဓါတ္ေလွကားတာဝါေဆာက္လုပ္ေနမွု လုပ္ငန္းမ်ားအားလုံး ၈၅ ရာခိုင္ႏွုန္းေက်ာ္ တည္ေဆာက္ၿပီးစီးေနၿပီျဖစ္ေၾကာင္း ဓါတ္ေလွကားေဆာက္လုပ္ေရးကုမၸဏီ Project မန္ေနဂ်ာ ဦးသန္းလြင္ထံ၏ေျပာၾကားခ်က္ကိုကိုးကားၿပီး မေကြးတိုင္းအစိုးရအဖြဲ႕က ယေန႔ဒီဇင္ဘာ၁၉တြင္ထုတ္ျပန္သည္။

“၂၀၂၂ ခုႏွစ္ (၁)လပိုင္း အကုန္တြင္ အၿပီးတည္ေဆာက္ သြားမွာျဖစ္ပါတယ္” ဟု Kyaw Thar Engineering Construction Group ကုမၸဏီမွ Project မန္ေနဂ်ာ ဦးသန္းလြင္က ဆိုေၾကာင္း ထုတ္ျပန္ခ်က္ကေဖာ္ျပသည္။

မန္းေရႊစက္ေတာ္ဘုရား ဓါတ္ေလွကားတာဝါကို Phase-1 အျဖစ္ ႏွစ္က်ိပ္ရွစ္ဆူေစတီေတာ္အနီးမွ ကိုးခန္းႀကီးဘုရားအထိ (အလ်ား ေပ ၂၁၀ x အျမင့္ ၁၁၉ ေပ x အက်ယ္ ၁၂ ေပ)ရွိၿပီး ဘုရားႀကီး ဘ႑ာေငြမွ ခြင့္ျပဳ‌ေငြက်ပ္သိန္းေပါင္း (၁၆၀၀၀)ခန႔္ျဖင့္ လည္းေကာင္း၊ဓာတ္ေလွကား အေဆာက္အဦ တည္ေဆာက္ၿပီးစီးပါက Phase-2 အျဖစ္ AGT ကုမၸဏီက စပိန္နိုင္ငံထုတ္ Orona ဓာတ္ေလွကားအမ်ိဳးအစား Lift Tower ႏွစ္စင္းကို ခြင့္ျပဳ‌ေငြက်ပ္သိန္းေပါင္း (၂၃၀၀)ခန႔္ျဖင့္ အတက္ႏွင့္ အဆင္းဟူ၍ တပ္ဆင္ေဆာင္ရြက္သြားမည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here