ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ ကျော်ထိရှိလာ

0
138

(Unicode)

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ ကျော်ထိရှိလာ

Photo Credit- The Guardian

စူပါတိုင်ဖွန်း “ရိုင်” ကြောင့် သေဆုံးသူ ၂၀၀ကျော် သွားပြီလို့ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။

အားကောင်းတဲ့မုန်တိုင်းဟာ ကြာသပတေးနေ့မှ သောကြာနေ့ထိ ဖိလစ်ပိုင်အလယ်ပိုင်းက Cebu ကျွန်းနဲ့ အခြားနေရာတွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။

မုန်တိုင်းကြောင့် နေအိမ်တွေပျက်ဆီးပြီး နေရာအနှံ့ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Cebu နဲ့ Bohol ကျွန်းတွေမှာတော့ အနည်းဆုံးလူ ၂၀၈ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။လူပေါင်း ၁၈၀,၀၀၀ကျော်ဟာ စာသင်
ကျောင်းနဲ့ အခြားအဆောက်အအုံတွေမှာ ခိုလှုံနေကြတယ်လို့လည်း ပြောပါတယ်။

ကျွန်းစုအချို့မှာ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေတာကြောင့် နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်အေဂျင်စီအနေနဲ့ ဝေးလံခေါင်သီ
တဲ့ကျွန်းတွေက ပျက်စီးမှုအတိုင်းအတာကို ခန့်မှန်းလို့ မရနိုင်သေးပါဘူး။

ရေ၊စားနပ်ရိက္ခာ၊ရွက်ဖျင်တဲများနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန်အတွက် ပီဆို၂ဘီလီယံ (သို့)ဒေါ်လာသန်း ၄၀ခန့်ခွဲဝေပေးမည်ဖြစ်ကြောင်း အစိုးရက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

သို့သော် အရေးပေါ်ကယ်ဆယ်ရေးအတွက် အချို့နေရာတွေမှာ လမ်းတွေနဲ့ဆိပ်ကမ်းတွေပျက်ဆီးသွားတာကြောင့် အဟန့်အတားဖြစ်နေပါတယ်။

Source- NHK
Photo Credit- The Guardian

(Zawgyi)

ဖိလစ္ပိုင္တြင္ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေသဆုံးသူ ၂၀၀ ေက်ာ္ထိရွိလာ

စူပါတိုင္ဖြန္း “႐ိုင္” ေၾကာင့္ ေသဆုံးသူ ၂၀၀ေက်ာ္ သြားၿပီလို႔ ဖိလစ္ပိုင္အမ်ိဳးသားရဲတပ္ဖြဲ႕က ေျပာပါတယ္။

အားေကာင္းတဲ့မုန္တိုင္းဟာ ၾကာသပေတးေန႔မွ ေသာၾကာေန႔ထိ ဖိလစ္ပိုင္အလယ္ပိုင္းက Cebu ကြၽန္းနဲ႔ အျခားေနရာေတြကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တာပါ။

မုန္တိုင္းေၾကာင့္ ေနအိမ္ေတြပ်က္ဆီးၿပီး ေနရာအႏွံ႔ေရလႊမ္းမိုးမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

Cebu နဲ႔ Bohol ကြၽန္းေတြမွာေတာ့ အနည္းဆုံးလူ ၂၀၈ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။လူေပါင္း ၁၈၀,၀၀၀ေက်ာ္ဟာ စာသင္
ေက်ာင္းနဲ႔ အျခားအေဆာက္အအုံေတြမွာ ခိုလႈံေနၾကတယ္လို႔လည္း ေျပာပါတယ္။

ကြၽန္းစုအခ်ိဳ႕မွာ လမ္းပန္းဆက္သြယ္ေရးမ်ားျပတ္ေတာက္ေနတာေၾကာင့္ ႏိုင္ငံရဲ႕ သဘာဝေဘးအႏၲရာယ္ေအဂ်င္စီအေနနဲ႔ ေဝးလံေခါင္သီ
တဲ့ကြၽန္းေတြက ပ်က္စီးမႈအတိုင္းအတာကို ခန္႔မွန္းလို႔ မရႏိုင္ေသးပါဘူး။

ေရ၊စားနပ္ရိကၡာ၊႐ြက္ဖ်င္တဲမ်ားႏွင့္ အျခားကယ္ဆယ္ေရးပစၥည္းမ်ား ေပးပို႔ရန္အတြက္ ပီဆို၂ဘီလီယံ (သို႔)ေဒၚလာသန္း ၄၀ခန္႔ခြဲေဝေပးမည္ျဖစ္ေၾကာင္း အစိုးရက တနဂၤေႏြေန႔မွာ ေျပာခဲ့ပါတယ္။

သို႔ေသာ္ အေရးေပၚကယ္ဆယ္ေရးအတြက္ အခ်ိဳ႕ေနရာေတြမွာ လမ္းေတြနဲ႔ဆိပ္ကမ္းေတြပ်က္ဆီးသြားတာေၾကာင့္ အဟန္႔အတားျဖစ္ေနပါတယ္။

Source- NHK
Photo Credit- The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here