စစ်ကိုင်းတိုင်းဝန်ကြီးချုပ်(ဟောင်း)ကို ထောင် ဒဏ် ၂ နှစ်ယနေ့ချမှတ်

0
159

(Unicode)

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်(ဟောင်း)ကို ထောင် ဒဏ် ၂ နှစ်ယနေ့ချမှတ်

မုံရွာအကျဥ်းထောင်က အကျဥ်းထောင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့အမှုတွေထဲက အမှုတစ်ခုအတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာမြင့်နိုင်ကို ယနေ့မှာ အကျဥ်းထောင်တရားရုံးက ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကသိရပါတယ်။

“အခုအပြီးသတ်အမိန့်ချလိုက်တာက ပုဒ်မ-၅၀၅ (ခ)အတွက်ပါ တခြားရင်ဆိုင်ဖို့ကျန်တဲ့အမှုတွေလည်းရှိသေးတယ်”လို့ရှေ့နေတစ်ယောက်ကပြောပါတယ်။

ဝန်ကြီးချုပ်(ဟောင်း)ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဥ်းထောင်တရားရုံးက ပြစ်ဒဏ် ၂ နှစ်အမိန့်ချခဲ့ပေမယ့်လည်း ချုပ်ရက်တွေကိုပါ ပြစ်ဒဏ်ထဲမှာထည့်သွင်းသတ်မှတ်ပေးခဲ့ပါတယ်။

တရားစွဲဆိုထားပြီး ဆက်လက်ရင်ဆိုင်ရမည့် ဥပ ဒေပုဒ်မတွေကိုတော့ ရှေ့နေကပြောဆိုခဲ့ခြင်း မရှိပါဘူး။

(Zawgyi)

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္(ေဟာင္း)ကို ေထာင္ ဒဏ္ ၂ ႏွစ္ယေန႔ခ်မွတ္

မုံ႐ြာအက်ဥ္းေထာင္က အက်ဥ္းေထာင္တရား႐ုံးမွာ တရားရင္ဆိုင္ေနရတဲ့အမႈေတြထဲက အမႈတစ္ခုအတြက္ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္(ေဟာင္း) ေဒါက္တာျမင့္ႏိုင္ကို ယေန႔မွာ အက်ဥ္းေထာင္တရား႐ုံးက ေထာင္ဒဏ္ ၂ ႏွစ္အမိန္႔ခ်မွတ္ခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကသိရပါတယ္။

“အခုအၿပီးသတ္အမိန္႔ခ်လိုက္တာက ပုဒ္မ-၅၀၅ (ခ)အတြက္ပါ တျခားရင္ဆိုင္ဖို႔က်န္တဲ့အမႈေတြလည္းရွိေသးတယ္”လို႔ေရွ႕ေနတစ္ေယာက္ကေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္(ေဟာင္း)ေဒါက္တာျမင့္ႏိုင္ကို မုံ႐ြာအက်ဥ္းေထာင္တရား႐ုံးက ျပစ္ဒဏ္ ၂ ႏွစ္အမိန္႔ခ်ခဲ့ေပမယ့္လည္း ခ်ဳပ္ရက္ေတြကိုပါ ျပစ္ဒဏ္ထဲမွာထည့္သြင္းသတ္မွတ္ေပးခဲ့ပါတယ္။

တရားစြဲဆိုထားၿပီး ဆက္လက္ရင္ဆိုင္ရမည့္ ဥပ ေဒပုဒ္မေတြကိုေတာ့ ေရွ႕ေနကေျပာဆိုခဲ့ျခင္း မရွိပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here