ကွမ်းလုံတံတား ၂၀၂၃ လလယ်တွင်ပြီးစီးမည်

0
273

(Unicode)

ကွမ်းလုံတံတား ၂၀၂၃ လလယ်တွင်ပြီးစီးမည်

တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping ၏၂၀၁၉ ခုနှစ် ဇန်နဝါရီ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့သည့် အရေးပါပူးပေါင်းဆောင်ရွက်မှုရလဒ်များထဲမှတစ်ခု ဖြစ်သည့် ကွမ်းလုံတံတားအား လက်ရှိတွင် တည်ဆောက်လျှက်ရှိပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တည်ဆောက်ပြီးစီးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့် အရေးပါစီမံကိန်းတစ်ခုဖြစ်သော ကွမ်းလုံတံတားစီမံကိန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် တည်ရှိသည်။

လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း(မိုင် ၄၉/၆) ပေါ်၌ တည်ဆောက်နေသော အဆိုပါ ကွမ်းလုံတံတားသစ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ ယွမ်ငွေ သန်းပေါင်း (၁၃၇ ဒသမ ၀၀) အကုန်ကျခံကာ ထောက်ပံ့လှူဒါန်း တည်ဆောက်ပေးခြင်းဖြစ်ပြီး ၁၉၆၄ ခုနှစ်တွင် တရုတ်ပညာရှင်များ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ သော ယခင်မူလ ကြိုးတံတားဟောင်းမှာ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းကြာမြင့်လာပြီဖြစ်ရာ တံတားခံနိုင်ဝန်အား လျော့နည်းလာပြီး ယာဉ်တစ်စီးချင်း ၂၅ တန်သာ ခွင့်ပြုနိုင်တော့သဖြင့် ကုန်တင်ယာဉ်ကြီးများ ပိတ်ဆို့မှုများဖြစ်ပေါ်လာ၍ ကုန်စည်စီးဆင်းမှုများနှောင့်နှေးလာသောကြောင့် ယာဉ်များဖြတ်သန်းမောင်းနှင်မှု အဆင်ပြေစေရန်အတွက် အဆိုပါကြိုးတံတားဟောင်းနှင့် တစ်မိုင်အကွာ၌ ကွမ်းလုံတံတားအသစ်အား တည်ဆောက်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားကြီးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တရားဝင် စတင်တည်ဆောက်ခဲ့ကာ စီမံကိန်း၌ ကွမ်းလုံတံတားအသစ်တည်ဆောက်ခြင်းနှင့် ကမ်းနှစ်ဖက်ဆက်သွယ်သောလမ်း ပါဝင်သည်ဟု တရုတ်သံရုံးက ဆိုသည်။

တံတားကြီး တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန် နယ်စပ်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးအခြေအနေများ များစွာပိုမိုကောင်းမွန်လာစေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု အရည်အသွေး အဆင့်မြှင့်တင်ရန်နှင့် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးတိုကို မြှင့်တင်ပေးနိုင်မည်ဟု တရုတ်သံရုံးကဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) က”ချင်းရွှေဟော်နယ်စပ်ဂိတ်ဟာ နယ်စပ်ထွက်ပေါက်ဂိတ်ဆိုတော့ တရုတ်ပြည်ဘက်ကဝင်တဲ့ ယာဉ်တွေဟာဆိုရင် တစ်နေ့တစ်နေ့ကို ယာဉ်အစီးရေ ၂၀၀၀ လောက် ချင်းရွှေဟော်နယ်စပ်ဂိတ်ကတဆင့် ဖြတ်သန်းမောင်းနှင်ကြတဲ့အတွက် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားပြီး ကွမ်းလုံမြို့ထဲမှာဆိုရင် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ယာဉ်ပိတ်ဆို့မှုတွေဖြစ်တော့ ကုန်စည်စီးဆင်းမှုကို နှောင့်နှေးစေတာပေါ့၊ ပြီးတော့ကုန်သွယ်မှုအဓိကထွက်ပေါက်ဖြစ်တဲ့ မူဆယ်နယ်စပ်ဂိတ်ပြီးရင် ဒုတိယ ကုန်သွယ်မှုများပြားတာက ချင်းရွှေဟော်နယ်စပ်ဂိတ်ဖြစ်တာဆိုတော့ ကွမ်းလုံ ကြိုးတံတားဟောင်းကြီး ကလည်း နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်သွားပြီဖြစ်တဲ့အတွက် တရုတ်ပြည်ကနေပြီးတော့ ကြိုးတံတားဟောင်း အောက်ဖက်(Down Stream) နားမှာ တံတားသစ်တစ်စင်းတည်ဆောက်ထောက်ပံ့လှူဒါန်းချင်တယ်ဆိုပြီး နှစ်နိုင်ငံသဘောတူညီချက်နဲ့ တည်ဆောက်နေခြင်းပဲဖြစ်ပါတယ်၊ တံတားသစ်တည်ဆောက်ပြီးစီးသွားပြီဆိုရင်တော့ အကန့်အသတ်မရှိတော့ဘဲ မြန်မာပြည်ကို အဓိကဖြတ်ပေါက်အနေနဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေတဆင့် ကုန်သွယ်ရေးလမ်းကြောင်းကြီး ပွင့်သွားတော့မှာဖြစ်ပါတယ်”ဟု ရှင်းပြထားသည်။

(Zawgyi)

ကြမ္းလုံတံတား ၂၀၂၃ လလယ္တြင္ၿပီးစီးမည္

တ႐ုတ္ႏိုင္ငံသမၼတ Mr. Xi Jinping ၏၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီခဲ့သည့္ အေရးပါပူးေပါင္းေဆာင္႐ြက္မႈရလဒ္မ်ားထဲမွတစ္ခု ျဖစ္သည့္ ကြမ္းလုံတံတားအား လက္ရွိတြင္ တည္ေဆာက္လွ်က္ရွိၿပီး ၂၀၂၃ ခုႏွစ္ ဇြန္လ ၉ ရက္ေန႔တြင္ တည္ေဆာက္ၿပီးစီးရန္ စီစဥ္ထားေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးက ထုတ္ျပန္သည္။

တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ပံ့ပိုးကူညီသည့္ အေရးပါစီမံကိန္းတစ္ခုျဖစ္ေသာ ကြမ္းလုံတံတားစီမံကိန္းသည္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လားရႈိးခ႐ိုင္၊ ကြမ္းလုံၿမိဳ႕နယ္တြင္ တည္ရွိသည္။

လားရႈိးခ႐ိုင္၊ ကြမ္းလုံၿမိဳ႕နယ္၊ သိႏၷီ-ကြမ္းလုံ-ခ်င္းေ႐ႊေဟာ္လမ္း(မိုင္ ၄၉/၆) ေပၚ၌ တည္ေဆာက္ေနေသာ အဆိုပါ ကြမ္းလုံတံတားသစ္အား တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ယူနန္ျပည္နယ္အစိုးရမွ ယြမ္ေငြ သန္းေပါင္း (၁၃၇ ဒသမ ၀၀) အကုန္က်ခံကာ ေထာက္ပံ့လႉဒါန္း တည္ေဆာက္ေပးျခင္းျဖစ္ၿပီး ၁၉၆၄ ခုႏွစ္တြင္ တ႐ုတ္ပညာရွင္မ်ား၏ အကူအညီျဖင့္ တည္ေဆာက္ခဲ့ ေသာ ယခင္မူလ ႀကိဳးတံတားေဟာင္းမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္သက္တမ္းၾကာျမင့္လာၿပီျဖစ္ရာ တံတားခံႏိုင္ဝန္အား ေလ်ာ့နည္းလာၿပီး ယာဥ္တစ္စီးခ်င္း ၂၅ တန္သာ ခြင့္ျပဳႏိုင္ေတာ့သျဖင့္ ကုန္တင္ယာဥ္ႀကီးမ်ား ပိတ္ဆို႔မႈမ်ားျဖစ္ေပၚလာ၍ ကုန္စည္စီးဆင္းမႈမ်ားေႏွာင့္ေႏွးလာေသာေၾကာင့္ ယာဥ္မ်ားျဖတ္သန္းေမာင္းႏွင္မႈ အဆင္ေျပေစရန္အတြက္ အဆိုပါႀကိဳးတံတားေဟာင္းႏွင့္ တစ္မိုင္အကြာ၌ ကြမ္းလုံတံတားအသစ္အား တည္ေဆာက္ေနျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ပံ့ပိုးကူညီတည္ေဆာက္ေပးသည့္ ကြမ္းလုံတံတားႀကီးစီမံကိန္းကို ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၁၀ ရက္ေန႔က တရားဝင္ စတင္တည္ေဆာက္ခဲ့ကာ စီမံကိန္း၌ ကြမ္းလုံတံတားအသစ္တည္ေဆာက္ျခင္းႏွင့္ ကမ္းႏွစ္ဖက္ဆက္သြယ္ေသာလမ္း ပါဝင္သည္ဟု တ႐ုတ္သံ႐ုံးက ဆိုသည္။

တံတားႀကီး တည္ေဆာက္ၿပီးစီးပါက ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ တ႐ုတ္ႏိုင္ငံ ယူနန္ နယ္စပ္ေဒသမ်ားတြင္ လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္ေထာက္ပံ့ပို႔ေဆာင္ေရးအေျခအေနမ်ား မ်ားစြာပိုမိုေကာင္းမြန္လာေစၿပီး တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္မႈ အရည္အေသြး အဆင့္ျမႇင့္တင္ရန္ႏွင့္ တ႐ုတ္-ျမန္မာနယ္စပ္ေဒသ တည္ၿငိမ္ေရးႏွင့္ ဖြံၿဖိဳးတိုးတက္ေရးတိုကို ျမႇင့္တင္ေပးႏိုင္မည္ဟု တ႐ုတ္သံ႐ုံးကဆိုသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာနဒုတိယၫႊန္ၾကားေရးမႉး(ၿမိဳ႕ျပ) က”ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္ဟာ နယ္စပ္ထြက္ေပါက္ဂိတ္ဆိုေတာ့ တ႐ုတ္ျပည္ဘက္ကဝင္တဲ့ ယာဥ္ေတြဟာဆိုရင္ တစ္ေန႔တစ္ေန႔ကို ယာဥ္အစီးေရ ၂၀၀၀ ေလာက္ ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္ကတဆင့္ ျဖတ္သန္းေမာင္းႏွင္ၾကတဲ့အတြက္ ယာဥ္ပိတ္ဆို႔မႈမ်ား ျဖစ္ပြားၿပီး ကြမ္းလုံၿမိဳ႕ထဲမွာဆိုရင္ ဟိုဘက္ကမ္း၊ ဒီဘက္ကမ္း ယာဥ္ပိတ္ဆို႔မႈေတြျဖစ္ေတာ့ ကုန္စည္စီးဆင္းမႈကို ေႏွာင့္ေႏွးေစတာေပါ့၊ ၿပီးေတာ့ကုန္သြယ္မႈအဓိကထြက္ေပါက္ျဖစ္တဲ့ မူဆယ္နယ္စပ္ဂိတ္ၿပီးရင္ ဒုတိယ ကုန္သြယ္မႈမ်ားျပားတာက ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္ျဖစ္တာဆိုေတာ့ ကြမ္းလုံ ႀကိဳးတံတားေဟာင္းႀကီး ကလည္း ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာျမင့္သြားၿပီျဖစ္တဲ့အတြက္ တ႐ုတ္ျပည္ကေနၿပီးေတာ့ ႀကိဳးတံတားေဟာင္း ေအာက္ဖက္(Down Stream) နားမွာ တံတားသစ္တစ္စင္းတည္ေဆာက္ေထာက္ပံ့လႉဒါန္းခ်င္တယ္ဆိုၿပီး ႏွစ္ႏိုင္ငံသေဘာတူညီခ်က္နဲ႔ တည္ေဆာက္ေနျခင္းပဲျဖစ္ပါတယ္၊ တံတားသစ္တည္ေဆာက္ၿပီးစီးသြားၿပီဆိုရင္ေတာ့ အကန႔္အသတ္မရွိေတာ့ဘဲ ျမန္မာျပည္ကို အဓိကျဖတ္ေပါက္အေနနဲ႔ ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္ကေနတဆင့္ ကုန္သြယ္ေရးလမ္းေၾကာင္းႀကီး ပြင့္သြားေတာ့မွာျဖစ္ပါတယ္”ဟု ရွင္းျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here