အိုမီခရွန်ဟာ ဒယ်တာထက်ပျံံနှံ့မှုနှုန်းပိုများကြောင်း အထေက်အထားတွေ့ရှိခဲ့တယ်လို့ WHO ဆို

0
130

(Unicode)

အိုမီခရွန်ဟာ ဒယ်တာထက်ပျံံနှံ့မှုနှုန်းပိုများကြောင်း အထေက်အထားတွေ့ရှိခဲ့တယ်လို့ WHO ဆို

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ဟာ ဒယ်လ် တာမျိုးကွဲထက် သိသိသာသာပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အကြီးအကဲက သတိပေးလိုက်ပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က တင်္နလာနေ့တုန်းက ဂျီနီဗာရှိ အဖွဲ့အစည်းဌာနချုပ်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဒါဟာ ၁နှစ်ခွဲအတွင်းမှာ Video Confrencing နဲ့မဟုတ်ပဲ WHO ရဲ့ ပထမဆုံး သတင်းထောက်တွေနဲ့တိုက်ရိုက်တွေ့ဆုံတဲ့သတင်းစာရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။

Tedros က “အခု အိုမီခရွန်ဟာ ဒယ်လ်တာမျိုးကွဲထက် သိသိသာသာ ပျံ့နှံ့နေတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေရှိနေပါပြီ။ ကာကွယ်ဆေးထိုးပြီးသူတွေ ဒါမှမဟုတ် ကိုဗစ်၁၉ ကနေ ပြန်ကောင်းလာတဲ့ သူတွေမှာ ကူးစက်ခံရနိုင်သလို ပြန်ကူးစက်နိုင်ခြေလည်းများတယ်” လို့ ပြောပါတယ်။

Pfizer နဲ့ Moderna ဆေးဝါးကုမ္ပဏီတွေဟာ ၄င်းတို့ရဲ့ ကိုဗစ်၁၉ကာကွယ်ဆေးတွေကို ထပ် ဆောင်းကာကွယ်ဆေးအနေနနဲ့ ထပ်မံထိုးနှံပါက အိုမီခရွန်မျိုးကွဲကို ထိထိရောက်ရောက်ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။

WHO ရဲ့ သိပ္ပံပညာရှင် Soumya Swaminathan က “အိုမီခရွန်အပေါ်မှာ mRNA နည်းပညာပါဝင်သော ကိုဗစ်၁၉ကာကွယ်ဆေးတွေက ထိရောက်မှုရှိနိုင်တယ်လို့ ကောက်ချက် ချဖို့ အချိန်မတန်သေးဘူး” လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ဝူဟန်မြို့မှာရှိတဲ့ WHO အဖွဲ့မှ ပြုလုပ်သော လေ့လာမှုမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရဲ့စ်မြစ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိဘူးလို့ Tedros က ပြောပါတယ်။

လေ့လာမှုဟာ တရုတ်ဘက်က ပွင့်လင်းမြင်သာမှုနဲ့ ဒေတာခွဲဝေမှုအားနည်းတာကြောင့် အဟန့်အတားဖြစ်စေတယ်လို့ Tedros က မှတ်ချက်ပြုထားပါတယ်။

Source-NHK
Photo Credit- India Today

(Zawgyi)

အိုမီခ႐ြန္ဟာ ဒယ္တာထက္ပ်ံံႏွံ႔မႈႏႈန္းပိုမ်ားေၾကာင္း အေထက္အထားေတြ႕ရွိခဲ့တယ္လို႔ WHO ဆို

ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ အိုမီခ႐ြန္ဟာ ဒယ္လ္ တာမ်ိဳးကြဲထက္ သိသိသာသာပ်ံ႕ႏွံ႔ေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)အႀကီးအကဲက သတိေပးလိုက္ပါတယ္။

WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ Tedros Adhanom Ghebreyesus က တနၤလာေန႔တုန္းက ဂ်ီနီဗာရွိ အဖြဲ႕အစည္းဌာနခ်ဳပ္မွာ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

ဒါဟာ ၁ႏွစ္ခြဲအတြင္းမွာ Video Confrencing နဲ႔မဟုတ္ပဲ WHO ရဲ႕ ပထမဆုံး သတင္းေထာက္ေတြနဲ႔တိုက္႐ိုက္ေတြ႕ဆုံတဲ့သတင္းစာရွင္းလင္းပြဲလည္း ျဖစ္ပါတယ္။

Tedros က “အခု အိုမီခ႐ြန္ဟာ ဒယ္လ္တာမ်ိဳးကြဲထက္ သိသိသာသာ ပ်ံ႕ႏွံ႔ေနတယ္ဆိုတဲ့ ခိုင္လုံတဲ့အေထာက္အထားေတြရွိေနပါၿပီ။ ကာကြယ္ေဆးထိုးၿပီးသူေတြ ဒါမွမဟုတ္ ကိုဗစ္၁၉ ကေန ျပန္ေကာင္းလာတဲ့ သူေတြမွာ ကူးစက္ခံရႏိုင္သလို ျပန္ကူးစက္ႏိုင္ေျခလည္းမ်ားတယ္” လို႔ ေျပာပါတယ္။

Pfizer နဲ႔ Moderna ေဆးဝါးကုမၸဏီေတြဟာ ၄င္းတို႔ရဲ႕ ကိုဗစ္၁၉ကာကြယ္ေဆးေတြကို ထပ္ ေဆာင္းကာကြယ္ေဆးအေနနနဲ႔ ထပ္မံထိုးႏွံပါက အိုမီခ႐ြန္မ်ိဳးကြဲကို ထိထိေရာက္ေရာက္ကာကြယ္ႏိုင္တယ္လို႔ ေျပာပါတယ္။

WHO ရဲ႕ သိပၸံပညာရွင္ Soumya Swaminathan က “အိုမီခ႐ြန္အေပၚမွာ mRNA နည္းပညာပါဝင္ေသာ ကိုဗစ္၁၉ကာကြယ္ေဆးေတြက ထိေရာက္မႈရွိႏိုင္တယ္လို႔ ေကာက္ခ်က္ ခ်ဖို႔ အခ်ိန္မတန္ေသးဘူး” လို႔ ေျပာခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ဝူဟန္ၿမိဳ႕မွာရွိတဲ့ WHO အဖြဲ႕မွ ျပဳလုပ္ေသာ ေလ့လာမႈမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ရဲ႕စ္ျမစ္ကို ေဖာ္ထုတ္ႏိုင္ခဲ့ျခင္းမရွိဘူးလို႔ Tedros က ေျပာပါတယ္။

ေလ့လာမႈဟာ တ႐ုတ္ဘက္က ပြင့္လင္းျမင္သာမႈနဲ႔ ေဒတာခြဲေဝမႈအားနည္းတာေၾကာင့္ အဟန္႔အတားျဖစ္ေစတယ္လို႔ Tedros က မွတ္ခ်က္ျပဳထားပါတယ္။

Source-NHK
Photo Credit- India Today


LEAVE A REPLY

Please enter your comment!
Please enter your name here