တောင်ကိုရီးယားမှာ ညမထွက်ရအမိန့်ကို ပြန် လည်ပြဌာန်းလိုက်တာကြောင့် စီးပွါးရေးလုပ် ငန်းရှင်တွေ စိုးရိမ်နေကြ

0
155

(Unicode)

တောင်ကိုရီးယားမှာ ညမထွက်ရအမိန့်ကို ပြန် လည်ပြဌာန်းလိုက်တာကြောင့် စီးပွါးရေးလုပ် ငန်းရှင်တွေ စိုးရိမ်နေကြ

ကိုရိုနာဗိုင်းရပ်ကူးစက်မှု မြင့်တက်လာကြောင့် တောင်ကိုရီးယားမှာ ယခုတစ်ပတ်ကစတင်ပြီး ညမထွက်ရအမိန့်ပြန်လည် သတ်မှတ်လိုက်ပါတယ်။

အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး အနည်းဆုံး ဇန်နဝါရီ ၂ရက်နေ့ထိ လူစုလူဝေးတွေမပြုလုပ်ဖို့နဲ့ social distancing အစီ အမံတွေကို ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။

၎င်းတို့တွင် လူ ၄ဦးထက်မပိုတဲ့စုဝေးမှုတွေနဲ့ စားသောက်ဆိုင်များ၊ကော်ဖီဆိုင်များနဲ့ ဘားများကို ည ၉နာရီထိသာ ဖွင့်ခွင့်ပြုခြင်းတွေ ပါဝင်ပါတယ်။

တောင်ကိုးရီးယားအစိုးရဟာ ကိုဗစ်၁၉နဲ့အတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကန့်သတ်ချက်တွေကိုဖြေလျှော့ပေးခဲ့ပြီး နိုင်ငံတွင်း ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ၆ပတ်အကြာမှာ ၎င်းအစီအမံတွေ ထွက်ပေါ်လာခဲ့တာပါ။

ကန့်သတ်ချက်တွေဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း နေ့စဉ်ဖြစ်ပွါးမှုတွေနဲ့ ပြင်းထန်တဲ့ကူးစက်မှုတွေဟာ စံချိန်တင်မြင့်မားလာခဲ့ပါတယ်။

တနင်္လာနေ့က ဆိုလ်းမှာဖွင့်လှစ်ထားတဲ့ ကိုရီးယားအသားကင်ဆိုင်တစ်ခုတွင် စားသုံးသူတွေဟာ ည ၉နာရီကျော် အပြင်မထွက်ရအမိန့်ကြောင့် ၎င်းတို့ရဲ့ ကုတ်အင်္ကျီတွေနဲ့ mask တွေကို ကမန်းကတန်းဝတ်ဆင်ပြီး ထွက်ခွါသွားခဲ့ကြပါတယ်။

အားလပ်ရက်မတိုင်ခင် ခုလိုအရေးယူဆောင်ရွက်မှုတွေကို တချို့က စိတ်ပျက်နေကြပါတယ်။

အသားကင်ဆိုင်ပိုင်ရှင်က ကန့်သတ်ချက်တွေဖြေလျှော့လိုက်တဲ့အခါမှာ သူဟာ ယခုနှစ်ကုန်မှာ အခုပ်များလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့နောက်ထပ်ဝန်ထမ်းတွေငှါးရမ်းခဲ့ပြီး စားသောက်ကုန်ပစ္စည်းအများအပြားကိုလည်း ပြင်ဆင်ထားကြောင်း ပြောပါတယ်။

ဒါပေမယ့် အခုထုတ်လိုက်တဲ့ ကန့်သတ်ချက် တွေကြောင့် သူ့မှာအခက်အခဲတွေ တွေကြုံနေရတယ်လို့ ပြောပါတယ်။

ကိုရီးယားအစိုးရကတော့ အသေးစားလုပ်ငန်းပိုင်ရှင်များကို ဝမ် ၁သန်း(အမေရိကန်ဒေါ်လာ ၈၃၉ဒေါ်လာ) ပေးဆောင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Source- CNA
Photo credit-Reuters

(Zawgyi)

ေတာင္ကိုရီးယားမွာ ညမထြက္ရအမိန႔္ကို ျပန္ လည္ျပဌာန္းလိုက္တာေၾကာင့္ စီးပြါးေရးလုပ္ ငန္းရွင္ေတြ စိုးရိမ္ေနၾက

ကို႐ိုနာဗိုင္းရပ္ကူးစက္မႈ ျမင့္တက္လာေၾကာင့္ ေတာင္ကိုရီးယားမွာ ယခုတစ္ပတ္ကစတင္ၿပီး ညမထြက္ရအမိန႔္ျပန္လည္ သတ္မွတ္လိုက္ပါတယ္။

အာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့သီတင္းပတ္ကစၿပီး အနည္းဆုံး ဇန္နဝါရီ ၂ရက္ေန႔ထိ လူစုလူေဝးေတြမျပဳလုပ္ဖို႔နဲ႔ social distancing အစီ အမံေတြကို ဆက္တိုက္ထုတ္ျပန္ခဲ့ပါတယ္။

၎တို႔တြင္ လူ ၄ဦးထက္မပိုတဲ့စုေဝးမႈေတြနဲ႔ စားေသာက္ဆိုင္မ်ား၊ေကာ္ဖီဆိုင္မ်ားနဲ႔ ဘားမ်ားကို ည ၉နာရီထိသာ ဖြင့္ခြင့္ျပဳျခင္းေတြ ပါဝင္ပါတယ္။

ေတာင္ကိုးရီးယားအစိုးရဟာ ကိုဗစ္၁၉နဲ႔အတူယွဥ္တြဲေနထိုင္ျခင္းဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ကန႔္သတ္ခ်က္ေတြကိုေျဖေလွ်ာ့ေပးခဲ့ၿပီး ႏိုင္ငံတြင္း ကာကြယ္ေဆးထိုးႏွံမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ၆ပတ္အၾကာမွာ ၎အစီအမံေတြ ထြက္ေပၚလာခဲ့တာပါ။

ကန႔္သတ္ခ်က္ေတြေျဖေလွ်ာ့ေပးခဲ့ၿပီးေနာက္ပိုင္း ေန႔စဥ္ျဖစ္ပြါးမႈေတြနဲ႔ ျပင္းထန္တဲ့ကူးစက္မႈေတြဟာ စံခ်ိန္တင္ျမင့္မားလာခဲ့ပါတယ္။

တနလၤာေန႔က ဆိုလ္းမွာဖြင့္လွစ္ထားတဲ့ ကိုရီးယားအသားကင္ဆိုင္တစ္ခုတြင္ စားသုံးသူေတြဟာ ည ၉နာရီေက်ာ္ အျပင္မထြက္ရအမိန႔္ေၾကာင့္ ၎တို႔ရဲ႕ ကုတ္အက်ႌေတြနဲ႔ mask ေတြကို ကမန္းကတန္းဝတ္ဆင္ၿပီး ထြက္ခြါသြားခဲ့ၾကပါတယ္။

အားလပ္ရက္မတိုင္ခင္ ခုလိုအေရးယူေဆာင္႐ြက္မႈေတြကို တခ်ိဳ႕က စိတ္ပ်က္ေနၾကပါတယ္။

အသားကင္ဆိုင္ပိုင္ရွင္က ကန႔္သတ္ခ်က္ေတြေျဖေလွ်ာ့လိုက္တဲ့အခါမွာ သူဟာ ယခုႏွစ္ကုန္မွာ အခုပ္မ်ားလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ေနာက္ထပ္ဝန္ထမ္းေတြငွါးရမ္းခဲ့ၿပီး စားေသာက္ကုန္ပစၥည္းအမ်ားအျပားကိုလည္း ျပင္ဆင္ထားေၾကာင္း ေျပာပါတယ္။

ဒါေပမယ့္ အခုထုတ္လိုက္တဲ့ ကန႔္သတ္ခ်က္ ေတြေၾကာင့္ သူ႔မွာအခက္အခဲေတြ ေတြႀကဳံေနရတယ္လို႔ ေျပာပါတယ္။

ကိုရီးယားအစိုးရကေတာ့ အေသးစားလုပ္ငန္းပိုင္ရွင္မ်ားကို ဝမ္ ၁သန္း(အေမရိကန္ေဒၚလာ ၈၃၉ေဒၚလာ) ေပးေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။

Source- CNA
Photo credit-Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here