အိန္ဒိယမှာ အိုမီခရွန်ဖြစ်ပွါးမှု ၂၀၀ကျော်ထိရှိလာ

0
104

(Unicode)

အိန္ဒိယမှာ အိုမီခရွန်ဖြစ်ပွါးမှု ၂၀၀ကျော်ထိရှိလာ

အိန္ဒိယနိုင်ငံရဲ့ပြည်နယ် ၁၂ခုမှာ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဖြစ်ပွါးမှု ၂၀၀ကျော်ရှိပြီး အများစုမှာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်နဲ့ မြို့တော်နယူးဒေလီတို့တွင် ဖြစ်ပွါးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက အင်္ဂါနေ့(ဒီဇင်ဘာ ၂၁ရက်)က ပြောပါတယ်။

နိုင်ငံတွင်း အိုမီခရွန်ရောဂါဖြစ်ပွါးမှုအရေအတွက်ဟာ တပတ်အတွင်း ၂ဆနီးပါးတိုးလာသော် လည်း ယခုအချိန်ထိ သေဆုံးမှုသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ရောဂါဖြစ်ပွါးမှုရဲ့ ၄၀%အောက်ဟာ အပြည့်အဝပြန်လည်ကောင်းမွန်ကာ ဆေးရုံကဆင်းသွားပြီဖြစ်ကြောင်း အချက်အလက်တွေက ဖော်ပြနေပါတယ်။

အိန္ဒိယနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၉၄၄သန်းရဲ့ ၈၇%ဟာ အနည်းဆုံးကာကွယ်တစ်ကြိမ်ထိုးပြီးသူများဖြစ်ပါတယ်။နိုင်ငံဟာ ရောဂါကူးစက် မှုမြင့်တက်လာနိုင်တဲ့ စိုးရိမ်မှုတွေကြားမှာပဲ ကာကွယ်ဆေးထိုးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ် ဆောင်လျက်ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ ရောဂါဖြစ်ပွါးမှု ၃၄.၇၅သန်းကိုအစီရင်ခံခဲ့ပြီး ဒါဟာအမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယမြောက် အများဆုံးဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး Mansukhb Mandeviya က အိုမီခရွန်ရောဂါဖြစ်ပွါးမှုရဲ့ ၈၀%ဟာ ရောဂါလက္ခဏာမပြကြောင်း တနင်္လာနေ့က ပါလီမန်မှာ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ မျိုးကွဲကို စောင့်ကြည့်နေပြီးလာမယ့်ရက်တွေမှာ ၄င်းရဲ့သက်ရောက်မှုတွေကို ဆက်လက်စောင့်ကြည့်သွားမယ်” လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ဒေလီပြည်နယ်ဝန်ကြီးချုပ် Arvind Kejriwal က နိုင်ငံသားတွေကို mask ဝတ်ဆင်ဖို့ တိုက်တွန်းထားပြီး ထပ်ဆောင်းကာကွယ်ဆေးတွေထိုးခွင့်ပြုဖို့လည်း ပြည်ထောင်စုအစိုးရဆီကို တောင်းဆိုခဲ့ပါတယ်။

Ref: CNA/India reports 200 Omicron cases across 12 states

Photo credit-Reuters

(Zawgyi)

အိႏၵိယမွာ အိုမီခ႐ြန္ျဖစ္ပြါးမႈ ၂၀၀ေက်ာ္ထိရွိလာ

အိႏၵိယႏိုင္ငံရဲ႕ျပည္နယ္ ၁၂ခုမွာ အိုမီခ႐ြန္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲျဖစ္ပြါးမႈ ၂၀၀ေက်ာ္ရွိၿပီး အမ်ားစုမွာ အိႏၵိယႏိုင္ငံ အေနာက္ပိုင္း Maharashtra ျပည္နယ္နဲ႔ ၿမိဳ႕ေတာ္နယူးေဒလီတို႔တြင္ ျဖစ္ပြါးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီး ဌာနက အဂၤါေန႔(ဒီဇင္ဘာ ၂၁ရက္)က ေျပာပါတယ္။

ႏိုင္ငံတြင္း အိုမီခ႐ြန္ေရာဂါျဖစ္ပြါးမႈအေရအတြက္ဟာ တပတ္အတြင္း ၂ဆနီးပါးတိုးလာေသာ္ လည္း ယခုအခ်ိန္ထိ ေသဆုံးမႈသတင္းထုတ္ျပန္ျခင္းမရွိေသးပါဘူး။

ေရာဂါျဖစ္ပြါးမႈရဲ႕ ၄၀%ေအာက္ဟာ အျပည့္အဝျပန္လည္ေကာင္းမြန္ကာ ေဆး႐ုံကဆင္းသြားၿပီျဖစ္ေၾကာင္း အခ်က္အလက္ေတြက ေဖာ္ျပေနပါတယ္။

အိႏၵိယႏိုင္ငံမွာ အ႐ြယ္ေရာက္ၿပီးသူ ၉၄၄သန္းရဲ႕ ၈၇%ဟာ အနည္းဆုံးကာကြယ္တစ္ႀကိမ္ထိုးၿပီးသူမ်ားျဖစ္ပါတယ္။ႏိုင္ငံဟာ ေရာဂါကူးစက္ မႈျမင့္တက္လာႏိုင္တဲ့ စိုးရိမ္မႈေတြၾကားမွာပဲ ကာကြယ္ေဆးထိုးလႈပ္ရွားမႈကို အရွိန္ျမႇင့္လုပ္ ေဆာင္လ်က္ရွိပါတယ္။

အိႏၵိယႏိုင္ငံမွာ ေရာဂါျဖစ္ပြါးမႈ ၃၄.၇၅သန္းကိုအစီရင္ခံခဲ့ၿပီး ဒါဟာအေမရိကန္ျပည္ေထာင္စုၿပီးလွ်င္ ဒုတိယေျမာက္ အမ်ားဆုံးျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီး Mansukhb Mandeviya က အိုမီခ႐ြန္ေရာဂါျဖစ္ပြါးမႈရဲ႕ ၈၀%ဟာ ေရာဂါလကၡဏာမျပေၾကာင္း တနလၤာေန႔က ပါလီမန္မွာ ေျပာခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ မ်ိဳးကြဲကို ေစာင့္ၾကည့္ေနၿပီးလာမယ့္ရက္ေတြမွာ ၄င္းရဲ႕သက္ေရာက္မႈေတြကို ဆက္လက္ေစာင့္ၾကည့္သြားမယ္” လို႔ က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။

ေဒလီျပည္နယ္ဝန္ႀကီးခ်ဳပ္ Arvind Kejriwal က ႏိုင္ငံသားေတြကို mask ဝတ္ဆင္ဖို႔ တိုက္တြန္းထားၿပီး ထပ္ေဆာင္းကာကြယ္ေဆးေတြထိုးခြင့္ျပဳဖို႔လည္း ျပည္ေထာင္စုအစိုးရဆီကို ေတာင္းဆိုခဲ့ပါတယ္။

Ref: CNA/India reports 200 Omicron cases across 12 states

Photo credit-Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here