၀င်းနဲ့ဇော် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနေလို့ဆို

0
159

(Unicode)

၀င်းနဲ့ဇော် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနေလို့ဆို

ထိုင်းနိုင်ငံမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်း တို့ နှစ်ဦးဟာ လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်လူမှုအဖွဲ့တွေက ဆိုပါတယ်။

သူတို့ကို ပုံမှန်ထောင်ဝင်စာတွေ့တာမျိုးလည်းမရှိတာက တစ်ကြောင်း၊ ထိုင်းနိုင်ငံမှာ အခါအားလျော်စွာ ပေးတဲ့ လွတ်ငြိမ်းချမ်းသာလျှော့ပေါ့ခွင့်တွေကို မရတာက တစ်ကြောင်းကြောင့် ဖြစ်နိုင်တယ်လို့ လူမှုရေးလုပ်နေသူတွေက ပြောပြကြပါတယ်။

“သူတို့နှစ်ယောက်ဟာ မြန်မာနိုင်ငံကို ထောင်ပြောင်းချင်နေကြပါတယ်။ဒါပေမဲ့ ထောင်ပြောင်းတယ်ဆိုတာကို သက်ဆိုင်ရာ အစိုးရတွေကပဲ လုပ်လို့ ရတာ ဖြစ်လို့ ပုံမှန် ထောင်ဝင်စာတွေ့ခွင့် ရဖို့ ကိုတော့လုပ်ဆောင်နေတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပေါ်ပြူလာကို ပြောပါတယ်။

“အရင်အစိုးရလက်ထက်တွေတုန်းကလည်း ပုံမှန်ထောင်ဝင်စာသွားတွေ့တာမျိုး မရှိခဲ့ဘူး၊သူတို့ ထောင်ထဲမှာ စည်းကမ်းတကျ နေတယ်လို့လည်း ကြားရပါတယ်။ဒါပေမဲ့ ဒီနှစ်မှာ လွတ်ငြိမ်း ချမ်းသာခွင့် မှာ သူတို့ မပါတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိတယ်လို့ ကျွန်တော်တို့ ခံစားနားလည်မိတယ်။အခု ရခိုင် ဝံလက် ဖောင်ဒေးရှင်းနဲ့ ချိတ်ဆက် လုပ်သွားဖို့ ရှိပါတယ်”လို့ သူက ပြောပါတယ်။

ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ၂၀၁၅ ခုနှစ်က ဗြိတိနိုင်ငံသူ ဟန်နာ သေဆုံးခဲ့တဲ့ အမှုမှာ ပါဝင်တယ်ဆိုပြီးတော့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်း ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု စုစုပေါင်းအမှု ၇ မှု နှင့် ထိုင်းရဲတပ်ဖွဲ့က တရားစွဲခဲ့တာကြောင့် အဲဒီ အမှုတွေနဲ့ သေဒဏ်ချခံခဲ့ရပါတယ်။

ပြီးတဲ့နောက်မှာတော့ ထိုင်းဘုရင်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်က သနားခံစာ တင်ခဲ့တာကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်ထိုင်းဘုရင် မွေးနေ့ အထိမ်းအမှတ်နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ကနေ သေဒဏ်ကနေ ထောင် ဒဏ် တစ်သက်တစ်ကျွန်း လျှော့ချခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

၀င္းနဲ႔ေဇာ္ စိတ္ပိုင္းဆိုင္ရာထိခိုက္မွုရွိေနလို႔ဆို

ထိုင္းနိုင္ငံမွာ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္း က်ခံေနရတဲ့ ျမန္မာနိုင္ငံသား ကိုဝင္းေဇာ္ထြန္း နဲ႔ ကိုေဇာ္လင္း တို႔ ႏွစ္ဦးဟာ လက္ရွိမွာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မွု ရွိေနတယ္လို႔ ထိုင္းနိုင္ငံအေျခစိုက္လူမွုအဖြဲ႕ေတြက ဆိုပါတယ္။

သူတို႔ကို ပုံမွန္ေထာင္ဝင္စာေတြ႕တာမ်ိဳးလည္းမရွိတာက တစ္ေၾကာင္း၊ ထိုင္းနိုင္ငံမွာ အခါအားေလ်ာ္စြာ ေပးတဲ့ လြတ္ၿငိမ္းခ်မ္းသာေလၽွာ့ေပါ့ခြင့္ေတြကို မရတာက တစ္ေၾကာင္းေၾကာင့္ ျဖစ္နိုင္တယ္လို႔ လူမွုေရးလုပ္ေနသူေတြက ေျပာျပၾကပါတယ္။

“သူတို႔ႏွစ္ေယာက္ဟာ ျမန္မာနိုင္ငံကို ေထာင္ေျပာင္းခ်င္ေနၾကပါတယ္။ဒါေပမဲ့ ေထာင္ေျပာင္းတယ္ဆိုတာကို သက္ဆိုင္ရာ အစိုးရေတြကပဲ လုပ္လို႔ ရတာ ျဖစ္လို႔ ပုံမွန္ ေထာင္ဝင္စာေတြ႕ခြင့္ ရဖို႔ ကိုေတာ့လုပ္ေဆာင္ေနတယ္လို႔ ထိုင္းေတာင္ပိုင္း အေျခစိုက္ ပညာေရးႏွင့္ ဖြံၿဖိဳး တိုးတက္ေရး ေဖာင္ေဒးရွင္း ရဲ့ အမွုေဆာင္ ဒါရိုက္တာ ဦးထူးခ်စ္က ေပၚျပဴလာကို ေျပာပါတယ္။

“အရင္အစိုးရလက္ထက္ေတြတုန္းကလည္း ပုံမွန္ေထာင္ဝင္စာသြားေတြ႕တာမ်ိဳး မရွိခဲ့ဘူး၊သူတို႔ ေထာင္ထဲမွာ စည္းကမ္းတက် ေနတယ္လို႔လည္း ၾကားရပါတယ္။ဒါေပမဲ့ ဒီႏွစ္မွာ လြတ္ၿငိမ္း ခ်မ္းသာခြင့္ မွာ သူတို႔ မပါတာေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္တာေတြ ရွိတယ္လို႔ ကၽြန္ေတာ္တို႔ ခံစားနားလည္မိတယ္။အခု ရခိုင္ ဝံလက္ ေဖာင္ေဒးရွင္းနဲ႔ ခ်ိတ္ဆက္ လုပ္သြားဖို႔ ရွိပါတယ္”လို႔ သူက ေျပာပါတယ္။

ထိုင္းေတာင္ပိုင္း လိပ္ကၽြန္းမွာ ၂၀၁၅ ခုႏွစ္က ၿဗိတိနိုင္ငံသူ ဟန္နာ ေသဆုံးခဲ့တဲ့ အမွုမွာ ပါဝင္တယ္ဆိုၿပီးေတာ့ ကိုဝင္းေဇာ္ထြန္း နဲ႔ ကိုေဇာ္လင္း ကို လူသတ္မွု၊ မုဒိမ္းမွု၊ ပစၥည္းလုယူမွု စုစုေပါင္းအမွု ၇ မွု ႏွင့္ ထိုင္းရဲတပ္ဖြဲ႕က တရားစြဲခဲ့တာေၾကာင့္ အဲဒီ အမွုေတြနဲ႔ ေသဒဏ္ခ်ခံခဲ့ရပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ ထိုင္းဘုရင္ကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၂၄ ရက္က သနားခံစာ တင္ခဲ့တာေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၅ ရက္ထိုင္းဘုရင္ ေမြးေန႔ အထိမ္းအမွတ္နဲ႔ ျပစ္ဒဏ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ကေန ေသဒဏ္ကေန ေထာင္ ဒဏ္ တစ္သက္တစ္ကၽြန္း ေလၽွာ့ခ်ခံခဲ့ရတာ ျဖစ္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here