မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးမှ ဆန်ဆီများလာ ရောက်ထုတ်ယူနိုင်ကြောင်းကြေညာ

0
175

မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးမှ ဆန်ဆီများလာ ရောက်ထုတ်ယူနိုင်ကြောင်းကြေညာ

နယ်ပယ်အသီးသီးမှ အနုပညာရှင်အတတ်ပညာ ရှင်လူ ၃၀၁၀ ယောက်စာအတွက်အခြေခံစား သောက်ကုန် လေးမျိုးကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၃၁ နေ့ထိ လာရောက်ထုတ်ယူနိုင်ကြောင်း ရုပ်ရှင်အစည်းအရုံးမှကြေညာစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနက ဆီတစ်လီတာဘူး ၃၀၁၀ နဲ့ ကုလားပဲပိဿာ ၃၀၁၀၊ ရန်ကုန်တိုင်းအစိုးရအဖွဲ၊စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်သန်းဦးမိသားစုက ဆန် ၁၂ ပြည်အိတ် ၃၀၁၀ နဲ့ ဆားပိဿာ ၃၀၁၀ တိုကိုလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသင်းဝင် ၁၆၉၀ ယောက်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)က အသင်းဝင် ၁၁၁၀ ယောက်နဲ့မြန်မာနိုင်ငံလူရွှင်တော်အသင်းဝင် ၂၁၀ ယောက် အတွက်တစ်‌ယောက်ကို အခြေခံစားသောက်ကုန်လေးမျိုးလှူဒါန်းပေးခဲ့ပါတယ်။

“အခြေခံစားသောက်ကုန်တွေ အဆက်မပြတ်ပေး အပ်လှူဒါန်းပေးဖိုက ရေရှည်မှာကန့်သတ်ချက်တွေရှိလာနိုင်တာကြောင့် အနုပညာရှင်တွေဟာ မိမိတိုရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ပြန်လည်ဆောင်ရွက်ကြစေလိုပါတယ် တတ်ကျွမ်းတဲ့ အနု ပညာနဲ့ မွန်းကျပ်နေတဲ့ ပြည်သူတွေ အပန်းပြေရေးအလုပ်အကျွေးပြုဖိုလိုအပ်ပါတယ်”လို ပြန် ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပြောဆိုခဲ့ပါတယ်။

အခုလိုလှူဒါန်းမှုကတော့ ကိုဗစ်(၁၉)ရောဂါကာလအတွင်း အနုပညာရှင်တွေစားဝတ်နေရေးအဆင်ပြေစေဖိုအတွက်အခြေခံစားသောက်ကုန် များကို လာရောက်ထုတ်ယူနိုင်ကြောင်းရုပ်ရှင်အစည်းအရုံးမှကြေညာခဲ့တာဖြစ်ပါတယ်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here