ဖားကန့်မှာ မြေစာပုံပြိုကျ လူ၁၀၀ထက်မနည်းပျောက်ဆုံးနေဟု ခန့်မှန်းနေ

0
95

(Unicode)

ဖားကန့်မှာ မြေစာပုံပြိုကျ လူ၁၀၀ထက်မနည်းပျောက်ဆုံးနေဟု ခန့်မှန်းနေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြိုနယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ စိန်စိန်လုပ်ကွက်တွင် ယနေ့၂၂.၁၂.၂၀၂၁ ရက်နေ့၊မနက် ၄နာရီခန့်က အမြင့်ပေ (၂၀၀)ခန့်မှ မြေစာပြုတ်ကျ၍ ရေမဆေးကျောက်ရှာဖွေသူများ ရေကန်အတွင်း ပြုတ်ကျပျောက်ဆုံးမှုဖြစ်ပွားနေသည်ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံက သိရသည်။

ဒေသခံတစ်ဦးက “ လူ ၇၀၊၈၀၊၁၀၀လောက် ပါသွားနိုင်တယ်လို့ ပြောနေကြတယ်။သေသေချာချာ ဘယ်သူမှ မပြောနိုင်သေးဘူး။မနက်အစောကြီးပြိုတယ်ဆိုတော့လေ။ဈေးသည်တွေတောင်ပါသွားတယ်လို့ သိရတယ်။ပေ ၂၀၀အထက်ကနေ ပြိုတော့ တော်တော်ဆိုးတယ်”ဟု ဒေသခံတစ်ဦးကပြောပြသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လုံးခင်းနယ်မြေမီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လုံးခင်းကျေးရွာအရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊အရပ်ဘက်လူမှုအဖွဲ့များက ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိနေကြသည်။

“ထပ်ပြိုနိုင်တဲ့ အနေအထားလည်း ရှိနေတော့ သတိထားနေကြတဲ့ အခြေအနေမှာရှိနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခုမြေစာပုံပြိုကျမှုကြောင့် လူအနည်းဆုံး ၅ ဦးသေဆုံးခဲ့သည်။

ပုံစာ _ ယခင် ပုံ​ဟောင်းများဖြစ်ပါသည်။

(Zawgyi)

ဖားကန႔္မွာ ေျမစာပုံၿပိဳက် လူ၁၀၀ထက္မနည္းေပ်ာက္ဆုံးေနဟု ခန႔္မွန္းေန

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳနယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ သာယာကုန္းေက်း႐ြာရွိ စိန္စိန္လုပ္ကြက္တြင္ ယေန႔၂၂.၁၂.၂၀၂၁ ရက္ေန႔၊မနက္ ၄နာရီခန႔္က အျမင့္ေပ (၂၀၀)ခန႔္မွ ေျမစာျပဳတ္က်၍ ေရမေဆးေက်ာက္ရွာေဖြသူမ်ား ေရကန္အတြင္း ျပဳတ္က်ေပ်ာက္ဆုံးမႈျဖစ္ပြားေနသည္ဟု ကယ္ဆယ္ေရးေဆာင္႐ြက္ေနသူမ်ားထံက သိရသည္။

ေဒသခံတစ္ဦးက “ လူ ၇၀၊၈၀၊၁၀၀ေလာက္ ပါသြားႏိုင္တယ္လို႔ ေျပာေနၾကတယ္။ေသေသခ်ာခ်ာ ဘယ္သူမွ မေျပာႏိုင္ေသးဘူး။မနက္အေစာႀကီးၿပိဳတယ္ဆိုေတာ့ေလ။ေဈးသည္ေတြေတာင္ပါသြားတယ္လို႔ သိရတယ္။ေပ ၂၀၀အထက္ကေန ၿပိဳေတာ့ ေတာ္ေတာ္ဆိုးတယ္”ဟု ေဒသခံတစ္ဦးကေျပာျပသည္။

လက္ရွိတြင္ ဖားကန႔္ၿမိဳနယ္မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လုံးခင္းနယ္ေျမမီးသတ္စခန္း သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လုံးခင္းေက်း႐ြာအရန္မီးသတ္စခန္းမွ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊အရပ္ဘက္လူမႈအဖြဲ႕မ်ားက ကယ္ဆယ္ရွာေဖြေရးလုပ္ငန္းမ်ားလုပ္ကိုင္လ်က္ရွိေနၾကသည္။

“ထပ္ၿပိဳႏိုင္တဲ့ အေနအထားလည္း ရွိေနေတာ့ သတိထားေနၾကတဲ့ အေျခအေနမွာရွိေနတယ္”ဟု ေဒသခံတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ ရက္ကလည္း ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕မွ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္တခုေျမစာပုံၿပိဳက်မႈေၾကာင့္ လူအနည္းဆုံး ၅ ဦးေသဆုံးခဲ့သည္။

ပုံစာ _ ယခင္ ပုံ​ေဟာင္းမ်ားျဖစ္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here