ကွာရန်တင်းမလိုဘဲတရားဝင်ပြည်ဝင်ခွင့် လက်ခံခြင်းအား ယာယီရပ်ဆိုင်းကြောင်း ထိုင်းနိုင်ငံ ကြေညာ

0
188

(Unicode)

ကွာရန်တင်းမလိုဘဲတရားဝင်ပြည်ဝင်ခွင့် လက်ခံခြင်းအား ယာယီရပ်ဆိုင်းကြောင်း ထိုင်းနိုင်ငံ ကြေညာ

Photo Credit _ Bangkok post

ထိုင်းနိုင်ငံမှာ အိုမီခရွန်ဗီဇမျိုးကွဲကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှု လက္ခဏာစတင်နေကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာ ၂၁ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘက်က ပြည်ဝင်ခွင့်နဲ့ ပတ်သတ်ပြီး ကြေညာချက်တစ်ရပ်ကို ယနေ့ ဒီဇင်ဘာ ၂၂ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။

ထိုင်းနိုင်ငံ အစိုးရက Phuket Sandbox ခရီးသွားအစီအစဉ်မှအပ ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့်နဲ့ Sandbox အစီအစဉ်အရ ပြည်ပခရီးသွားလက်ခံခြင်းတို့ကို ဒီဇင်ဘာ ၂၂ ရက်မှစ၍ ယာယီရပ်ဆိုင်းထားတော့မှာပါ။

ဒီဇင်ဘာ ၂၂ ရက်မတိုင်မီ ပြည်ဝင်ခွင့်ပါမစ်တွေကို အောင်မြင်စွာ လျှောက်ထားတဲ့ ခရီးသွားတွေအနေနဲ့ကတော့ ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့်နဲ့ Sandbox အစီအစဉ်ဖြင့် နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ခွင့်ကိုတော့ ပြုထားပါတယ်။ ဒါပေမယ့် စစ်ဆေးစမ်းသပ်မှု နှစ်ကြိမ်ကို ခံယူရမည်ဖြစ်ပြီး ကျန်းမာရေးဌာနရဲ့ နီးကပ်စွာ စောင့်ကြည့်မှုကိုတော့ ခံယူကြရမှာပါ။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြည်ပမှဝင်ရောက်လာသူထဲက တစ်ဦးမှာ အိုမီခရွန် ပိုးတွေ့ရှိခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်ကကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မှာတော့ ဒေသတွင်း အိုမီခရွန် ပထမဆုံးကူးစက်မှု တွေ့ရှိခဲ့တာမှာ အခုဆိုရင်တော့ အို မီခရွန်ရောဂါပိုးကူးစက်ခံရသူ ၆၃ ဦးထိုင်းမှာရှိလာခဲ့ပါပြီ။

ထိုင်းအစိုးရဟာ နိုဝင်ဘာ ၁ ရက်မှ စတင်ပြီး ကပ်ရောဂါအန္တရာယ်နည်းပါးသော နိုင်ငံနဲ့ ဒေသ ၆၃ ခုမှ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသော ခရီးသွားများအတွက် ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့်အစီအစဉ်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တာရှိပါတယ်။

Photo Credit _ Bangkok post

(Zawgyi)

ကြာရန္တင္းမလိုဘဲတရားဝင္ျပည္ဝင္ခြင့္ လက္ခံျခင္းအား ယာယီရပ္ဆိုင္းေၾကာင္း ထိုင္းႏိုင္ငံ ေၾကညာ

ထိုင္းႏိုင္ငံမွာ အိုမီခ႐ြန္ဗီဇမ်ိဳးကြဲကို႐ိုနာဗိုင္းရပ္စ္ လ်င္ျမန္စြာ ကူးစက္ျပန႔္ပြားမႈ လကၡဏာစတင္ေနေၾကာင္း ထိုင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္႐ုံးက ဒီဇင္ဘာ ၂၁ ရက္တြင္ သတိေပးခ်က္ ထုတ္ျပန္ခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံ ဘက္က ျပည္ဝင္ခြင့္နဲ႔ ပတ္သတ္ၿပီး ေၾကညာခ်က္တစ္ရပ္ကို ယေန႔ ဒီဇင္ဘာ ၂၂ရက္တြင္ ထုတ္ျပန္ေၾကညာလိုက္ေၾကာင္း ဆင္ဟြာသတင္းမွာေဖာ္ျပပါတယ္။

ထိုင္းႏိုင္ငံ အစိုးရက Phuket Sandbox ခရီးသြားအစီအစဥ္မွအပ ကြာရန္တင္းမလိုဘဲ တရားဝင္ျပည္ဝင္ခြင့္နဲ႔ Sandbox အစီအစဥ္အရ ျပည္ပခရီးသြားလက္ခံျခင္းတို႔ကို ဒီဇင္ဘာ ၂၂ ရက္မွစ၍ ယာယီရပ္ဆိုင္းထားေတာ့မွာပါ။

ဒီဇင္ဘာ ၂၂ ရက္မတိုင္မီ ျပည္ဝင္ခြင့္ပါမစ္ေတြကို ေအာင္ျမင္စြာ ေလွ်ာက္ထားတဲ့ ခရီးသြားေတြအေနနဲ႔ကေတာ့ ကြာရန္တင္းမလိုဘဲ တရားဝင္ျပည္ဝင္ခြင့္နဲ႔ Sandbox အစီအစဥ္ျဖင့္ ႏိုင္ငံတြင္းသို႔ ဝင္ေရာက္ႏိုင္ခြင့္ကိုေတာ့ ျပဳထားပါတယ္။ ဒါေပမယ့္ စစ္ေဆးစမ္းသပ္မႈ ႏွစ္ႀကိမ္ကို ခံယူရမည္ျဖစ္ၿပီး က်န္းမာေရးဌာနရဲ႕ နီးကပ္စြာ ေစာင့္ၾကည့္မႈကိုေတာ့ ခံယူၾကရမွာပါ။

ထိုင္းႏိုင္ငံ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနက ျပည္ပမွဝင္ေရာက္လာသူထဲက တစ္ဦးမွာ အိုမီခ႐ြန္ ပိုးေတြ႕ရွိခဲ့တယ္လို႔ ဒီဇင္ဘာ ၆ ရက္ကေၾကညာခဲ့ပါတယ္။

ဒီဇင္ဘာ ၂၀ ရက္မွာေတာ့ ေဒသတြင္း အိုမီခ႐ြန္ ပထမဆုံးကူးစက္မႈ ေတြ႕ရွိခဲ့တာမွာ အခုဆိုရင္ေတာ့ အို မီခ႐ြန္ေရာဂါပိုးကူးစက္ခံရသူ ၆၃ ဦးထိုင္းမွာရွိလာခဲ့ပါၿပီ။

ထိုင္းအစိုးရဟာ ႏိုဝင္ဘာ ၁ ရက္မွ စတင္ၿပီး ကပ္ေရာဂါအႏၲရာယ္နည္းပါးေသာ ႏိုင္ငံနဲ႔ ေဒသ ၆၃ ခုမွ ကာကြယ္ေဆး အျပည့္အဝ ထိုးႏွံၿပီးေသာ ခရီးသြားမ်ားအတြက္ ကြာရန္တင္းမလိုဘဲ တရားဝင္ျပည္ဝင္ခြင့္အစီအစဥ္ကို အေကာင္အထည္ေဖာ္လုပ္ေဆာင္ခဲ့တာရွိပါတယ္။

Photo Credit _ Bangkok post


LEAVE A REPLY

Please enter your comment!
Please enter your name here