အိမ်ထဲရှိပရိဘောဂ နဲ့လက်ဝတ်ရတနာများ ဖောက်ယူအခိုးခံလိုက်ရတဲ့ သရုပ်ဆောင်ဖူးပွင့်သခင်
0
295
အိမ်ထဲရှိပရိဘောဂနဲ့လက်ဝတ်ရတနာများဖောက်ယူအခိုးခံလိုက်ရတဲ့ သရုပ်ဆောင်ဖူးပွင့်သခင်
သရုပ်ဆောင်ဖူးဖွင့်သခင်ခရီးထွက်နေတဲ့အချိန်ကာလအတွင်းသူမရဲ့အိမ်မှာအလုပ်လုပ်နေတဲ့အလုပ်သမားလင်မယား ၂ ယောက်ကအိမ်တွင်းရှိပရိဘောဂ ပစ္စည်းများအဝတ်အထည်များလက်ဝတ်လက်စားများကို ခိုးယူထွက်ပြေးသွားတာပဲ ဖြစ်ပါတယ်။
” ကျွန်မ 17.12.2021 မှ 20.12.2021 ခရီးသွားနေစဉ်အချိန် ယကျွန်မအိမ်မှာ အလုပ်လုပ်သူ
ဒေါ်အောင်မေဆန်း ( ခ ) မေမြတ်နိုးနဲ့ သူမရဲ့အမျိုးသားကျော်ဇင် တို့လင်မယားနှစ်ယောက်ကိုယုံကြည်စိတ်ချစွာအိမ်ကိုအပ်နှံထားခဲ့ရာ
ကျွန်မမရှိစဉ်အချိန် 20.12.2021 နေ့ရက်မှာ
ကျွန်မ​၏အိမ်တွင်းရှိပရိဘောဂပစ္စည်းများအဝတ်အထည်အသစ်များလက်ဝတ်ရတနာများဖောက်ယူခိုးပီးထွက်ပြေးသွားပါသည်။ ပစ္စည်း​များ၏တန်ဖိုးများမှာ ယခုခန့်မှန်းခြေသိန်း ၅၀ ကျော်ခန့်ခိုးယူထွက်ပြေးသွားပါတယ်။ ခိုးယူထွက်ပြေးသွားတဲ့လင်မယားနှစ်ယောက်အားတွေ့ရှိပါကအကြောင်းကြားပေးပါရန်မေတ္တာ ရပ်ခံအပ်ပါတယ်။ခေါ်ယူလက်ခံထားသောသူ များအားဥပဒေအရထိရောက်စွာအရေးယူမယ်လို့ ” လည်းသူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာရေးသားဖော်ပြခဲ့ပါတယ်။
အခုလက်ရှိမှာ သရုပ်ဆောင်ဖူးပွင့်သခင်အနေနဲ့ ပစ္စည်းများခိုးယူထွက်ပြေးသွားခဲ့တဲ့ လင်မယား ၂ ယောက်နဲ့ပတ်သက်ပြီး တွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားပေးဖို့ ပြောထားပါတယ်။
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here