လှိုင် သာယာတွင် စိတ်ကြွဆေးပြား ၅ သိန်းကို အရောင်းအဝယ်ပြု လုပ်နေစဥ်ဖမ်းဆီး ရမိ

0
242

(Unicode)

လှိုင် သာယာတွင် စိတ်ကြွဆေးပြား ၅ သိန်းကို အရောင်းအဝယ်ပြု လုပ်နေစဥ်ဖမ်းဆီး ရမိ

လှိုင် သာယာ(အနောက်ပိုင်း)မြို့ နယ်၊မွေးမြူ ရေးစက်မှုဇုန်၊ရွှေရင်အေးကျောင်း(၃)လမ်းတွင် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စောင့်ဆိုင်းစစ်ဆေးရာမှ အမျိုးသား၊အမျိုးသမီး ၁၃ ယောက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်နံနက် ၁၁ နာရီမှာသွားရောက်စောင့်ဆိုင်း စစ် ဆေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ စောင့်ဆိုင်းစစ်ဆေးရာ ရဲကိုကိုအောင် မောင်းနှင်ပြီး လှဘုန်း၊လှမျိုးခင်၊ဇော်နိုင်လတ် တို့ လိုက်လာသည့် Mark-X မော်တော်ယာဉ်နှင့် လွင်ဖြိုးအောင် မောင်းနှင်ပြီး ထင်လင်းအောင်၊ ဝင်းမောင်နှင့်မဇာခြည်ထွန်း၊မနာအိ တို့လိုက်ပါလာသည့် Fielder မော်တော်ယာဉ်၊ သန့်ကိုဝင်း မောင်းနှင်ပြီး လှိုင်မျိုးအောင် လိုက်ပါလာသည့် Crown မော်တော်ယာဉ် သုံး စီးတို့တွေ့ဆုံ၍ ကြိုတင်ရောက်ရှိနေသည့် ကျော်ကျော်၊ ချစ်ဇော် တို့နှစ်ဦးနှင့်စိတ်ကြွဆေးပြားများ အရောင်းအဝယ်ပြုလုပ်စဥ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စီးနင်းလာသည့်မော်တော်ယာဥ်များအားရှာဖွေစစ်ဆေးရာ Mark-X မော်တော်ယာဉ်ပေါ်ရှိ သံသေတ္တာအတွင်းမှ (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ) စိတ်ကြွဆေး ၅ သိန်းပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထိုကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိခဲ့သူများအား သက်ဆိုင်ရာရဲစခန်းက မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းစီးရမိရေးအ တွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here