အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတန်းအတွင်းဝန် နှင့် USDP ပါတီ တွေ့ဆုံမည်

0
157

(Unicode)

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတန်းအတွင်းဝန် နှင့် USDP ပါတီ တွေ့ဆုံမည်

မြန်မာနိုင်ငံသို့ ၂ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် လာရောက်နေသည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Mr. Shri Harsh Vardhan Shringlaသည် နေပြည်တော်သို့ ယနေ့ ဒီဇင်ဘာ၂၂တွင် ရောက်ရှိလာပြီဖြစ်သည်။

နစကအကြီးအကဲအပါအဝင် နစကနိုင်ငံခြားရေးဝန်ကြီးဌာန စသည်တို့နှင့်တွေ့ဆုံမည်ဟုသိရသည်။

ထို့အပြင် နိုင်ငံရေးပါတီအချို့နှင့်ပါ တွေ့ဆုံမည်ဟုလည်းသိရသည်။

USDPပါတီပြောရေးဆိုခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က “အမြဲတန်းအတွင်းဝန်က ကျွန်တော်တို့ပါတီရဲ့ ဥက္ကဌကို တွေ့ဆုံ ခွင့်တောင်းတယ်။ကျနော်တို့က တွေ့ဆုံမယ်။ဘာတွေဆွေးနွေးကြမယ်။ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ ခုနေ မပြောနိုင်သေးပါဘူး။တွေ့ဆုံဆွေးနွေးပြီးရင်တော့ သတင်းထုတ်ပြန်ပေးသွားမှာပါ”ဟု ပြောသည်။

တွေ့ဆုံမည့် အခြားပါတီများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း အိန္ဒိယနိုင်ငံမှ အဆင့်မြင့်အရာရှိတဦး၏ ပထမဦးဆုံး မြန်မာခရီးစဉ်ဖြစ်ကာခရီးစဉ်အတွင်းအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စများ၊ အိန္ဒိယ- မြန်မာနယ်စပ်လုံခြုံရေးအခြေအနေများအပါအဝင် မြန်မာ့နိုင်ငံရေးအခြေအနေများအား ဆွေးနွေးမည်ဟု အိန္ဒိ ယနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ထားကာ ထုတ်ပြန်ချက်ထဲ နစကနှင့်သာမက နိုင်ငံရေးပါတီများ၊ အရပ်ဖက်ဆိုင်ရာ အသင်းအဖွဲများနှင့်ပါ တွေ့ဆုံဆွေးနွေးလိမ့်မည်ဟု ဖော်ပြထားသည်။

(Zawgyi)

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနအၿမဲတန္းအတြင္းဝန္ ႏွင့္ USDP ပါတီ ေတြ႕ဆုံမည္

ျမန္မာႏိုင္ငံသို႔ ၂ရက္ၾကာ ခ်စ္ၾကည္ေရးခရီးစဥ္ လာေရာက္ေနသည့္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတန္းအတြင္းဝန္ Mr. Shri Harsh Vardhan Shringlaသည္ ေနျပည္ေတာ္သို႔ ယေန႔ ဒီဇင္ဘာ၂၂တြင္ ေရာက္ရွိလာၿပီျဖစ္သည္။

နစကအႀကီးအကဲအပါအဝင္ နစကႏိုင္ငံျခားေရးဝန္ႀကီးဌာန စသည္တို႔ႏွင့္ေတြ႕ဆုံမည္ဟုသိရသည္။

ထို႔အျပင္ ႏိုင္ငံေရးပါတီအခ်ိဳ႕ႏွင့္ပါ ေတြ႕ဆုံမည္ဟုလည္းသိရသည္။

USDPပါတီေျပာေရးဆိုခြင့္ရ ေဒါက္တာနႏၵာလွျမင့္က “အၿမဲတန္းအတြင္းဝန္က ကြၽန္ေတာ္တို႔ပါတီရဲ႕ ဥကၠဌကို ေတြ႕ဆုံ ခြင့္ေတာင္းတယ္။က်ေနာ္တို႔က ေတြ႕ဆုံမယ္။ဘာေတြေဆြးေႏြးၾကမယ္။ဘာေတြ ေဆြးေႏြးၾကမယ္ဆိုတာ ခုေန မေျပာႏိုင္ေသးပါဘူး။ေတြ႕ဆုံေဆြးေႏြးၿပီးရင္ေတာ့ သတင္းထုတ္ျပန္ေပးသြားမွာပါ”ဟု ေျပာသည္။

ေတြ႕ဆုံမည့္ အျခားပါတီမ်ားကို ဆက္လက္စုံစမ္းေနဆဲျဖစ္ပါသည္။

ေဖေဖာ္ဝါရီ ၁ရက္ေနာက္ပိုင္း အိႏၵိယႏိုင္ငံမွ အဆင့္ျမင့္အရာရွိတဦး၏ ပထမဦးဆုံး ျမန္မာခရီးစဥ္ျဖစ္ကာခရီးစဥ္အတြင္းအတြင္း လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရးကိစၥမ်ား၊ အိႏၵိယ- ျမန္မာနယ္စပ္လုံၿခဳံေရးအေျခအေနမ်ားအပါအဝင္ ျမန္မာ့ႏိုင္ငံေရးအေျခအေနမ်ားအား ေဆြးေႏြးမည္ဟု အိႏၵိ ယႏိုင္ငံျခားေရးဝန္ႀကီးဌာနထုတ္ျပန္ထားကာ ထုတ္ျပန္ခ်က္ထဲ နစကႏွင့္သာမက ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဖက္ဆိုင္ရာ အသင္းအဖြဲမ်ားႏွင့္ပါ ေတြ႕ဆုံေဆြးေႏြးလိမ့္မည္ဟု ေဖာ္ျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here