Yahoo Japan မှ ပို့စ်ဖယ်ရှားခြင်းဆိုင်ရာ အစီ ရင်ခံစာထုတ်ပြန်

0
64

(Unicode)

Yahoo Japan မှ ပို့စ်ဖယ်ရှားခြင်းဆိုင်ရာ အစီ ရင်ခံစာထုတ်ပြန်

Yahoo Japan ဟာ ၄င်းသတင်းဆိုက်ရဲ့ မှတ် ချက်ကဏ္ဍမှာ အသရေဖျက်တဲ့မှတ်ချက်များ ကဲ့သို့ လမ်းညွှန်ချက်ချိုးဖောက်တဲ့ပို့စ်တွေကို ဆန့်ကျင်တဲ့ ၄င်းရဲ့ပထမဆုံး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီဟာ စောင့်ကြည့်သူတွေအပြင် ၄င်းရဲ့စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ မှတ်ချက်များကို အလိုအလျောက်သိရှိနိုင်ပြီး ဖျက်ဖို့အတွက် AI စနစ်ကိုလည်း အသုံးပြုထားပါတယ်။

ကုမ္ပဏီဟာဖျက်လိုက်တဲ့ ပိုစ့်အရေအတွက်နဲ့ ၄င်းရဲ့အရေးယူဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ပထမဆုံးအကြိမ်အဖြစ်
ဖယ်ရှားတဲ့ အကြောင်းအရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ပို့စ်အလွန်အကျွံဖျက်တယ်ဆိုပြီး စိုးရိမ် ပူပန်မှုတွေပေါ်ပေါက်လာသောကြောင့် ကျွမ်းကျင်သူများရဲ့ အကြံပြုချက်ကို တုံ့ပြန်ခြင်းဖြစ်ပါတယ်။

Yahoo Japan ဟာ ယခုနှစ် မတ်လမှာ ပို့စ်ပေါင်း ၁၀.၅သန်းမှ ၃၅၀,၀၀၀ ခန့်ကို ဖယ်ရှားခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မတ်လထိတစ်နှစ်တာကာလအတွင်း ဖယ်ရှားခဲ့တဲ့ ပို့စ်တွေရဲ့ ၇၁%ကို AI မှ အလိုအလျောက်ဖယ်ရှားခဲ့တာဖြစ်ပြီး ၂၂%ကိုတော့ စောင့်ကြည့်အဖွဲ့က ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။၇%ကိုတော့ အခြားသူတွေရဲ့ သတင်းပေးပို့ချက် ကြောင့် စောင့်ကြည့်အဖွဲ့က ဖယ်ရှားခဲ့တာဖြစ် ပါတယ်။

စောင့်ကြည့်အဖွဲ့ကဖယ်ရှားခဲ့တဲ့ ပို့စ်တွေထဲက ၆၅.၄%ဟာ မနှစ်မြို့ဖွယ်အကြောင်းအရာများလို့ ယူဆခဲ့တာကြောင့် ဖယ်ရှားခဲ့တာဖြစ်ပြီး ၇.၉%ကတော့ ဆောင်းပါးအကြောင်းအရာနဲ့မသက်ဆိုင်ဘူးလို့ ယူဆတာကြောင့် ဖယ်ရှားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်သက်ဖွယ်လို့ယူဆရသောကြောင့် ဖျက်လိုက်တဲ့ပို့စ်တွေရဲ့ ၈၄.၁% ဟာ ဆဲဆိုခြင်း (သို့)အလွန်အကျွံဝေဖန်မှုတွေပါဝင်ပြီး ၁၁.၇% ဟာ လူမျိုးရေးဆဲဆိုမှု (သို့) အမုန်းစကားတွေပါဝင်တယ်လို့ ပြောပါတယ်။

Ref: NHK/Yahoo Japan releases report on post removals

Photo Credit-The Japan Times

(Zawgyi)

Yahoo Japan မွ ပို႔စ္ဖယ္ရွားျခင္းဆိုင္ရာ အစီ ရင္ခံစာထုတ္ျပန္

Yahoo Japan ဟာ ၄င္းသတင္းဆိုက္ရဲ႕ မွတ္ ခ်က္က႑မွာ အသေရဖ်က္တဲ့မွတ္ခ်က္မ်ား ကဲ့သို႔ လမ္းၫႊန္ခ်က္ခ်ိဳးေဖာက္တဲ့ပို႔စ္ေတြကို ဆန္႔က်င္တဲ့ ၄င္းရဲ႕ပထမဆုံး အစီရင္ခံစာကို ထုတ္ျပန္ခဲ့ပါတယ္။

ကုမၸဏီဟာ ေစာင့္ၾကည့္သူေတြအျပင္ ၄င္းရဲ႕စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္တဲ့ မွတ္ခ်က္မ်ားကို အလိုအေလ်ာက္သိရွိႏိုင္ၿပီး ဖ်က္ဖို႔အတြက္
AI စနစ္ကိုလည္း အသုံးျပဳထားပါတယ္။

ကုမၸဏီဟာဖ်က္လိုက္တဲ့ ပိုစ့္အေရအတြက္နဲ႔ ၄င္းရဲ႕အေရးယူေဆာင္႐ြက္မႈေတြကို ပြင့္လင္းျမင္သာမႈရွိေစဖို႔အတြက္ ပထမဆုံးအႀကိမ္အျဖစ္
ဖယ္ရွားတဲ့ အေၾကာင္းအရင္းေတြကို ထုတ္ျပန္ခဲ့ပါတယ္။

ဒါဟာ ပို႔စ္အလြန္အကြၽံဖ်က္တယ္ဆိုၿပီး စိုးရိမ္ ပူပန္မႈေတြေပၚေပါက္လာေသာေၾကာင့္ ကြၽမ္းက်င္သူမ်ားရဲ႕ အႀကံျပဳခ်က္ကို တုံ႔ျပန္ျခင္းျဖစ္ပါတယ္။

Yahoo Japan ဟာ ယခုႏွစ္ မတ္လမွာ ပို႔စ္ေပါင္း ၁၀.၅သန္းမွ ၃၅၀,၀၀၀ ခန္႔ကို ဖယ္ရွားခဲ့ေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

မတ္လထိတစ္ႏွစ္တာကာလအတြင္း ဖယ္ရွားခဲ့တဲ့ ပို႔စ္ေတြရဲ႕ ၇၁%ကို AI မွ အလိုအေလ်ာက္ဖယ္ရွားခဲ့တာျဖစ္ၿပီး ၂၂%ကိုေတာ့ ေစာင့္ၾကည့္အဖြဲ႕က ဖယ္ရွားခဲ့တာလို႔ ဆိုပါတယ္။၇%ကိုေတာ့ အျခားသူေတြရဲ႕ သတင္းေပးပို႔ခ်က္ ေၾကာင့္ ေစာင့္ၾကည့္အဖြဲ႕က ဖယ္ရွားခဲ့တာျဖစ္ ပါတယ္။

ေစာင့္ၾကည့္အဖြဲ႕ကဖယ္ရွားခဲ့တဲ့ ပို႔စ္ေတြထဲက ၆၅.၄%ဟာ မႏွစ္ၿမိဳ႕ဖြယ္အေၾကာင္းအရာမ်ားလို႔ ယူဆခဲ့တာေၾကာင့္ ဖယ္ရွားခဲ့တာျဖစ္ၿပီး ၇.၉%ကေတာ့ ေဆာင္းပါးအေၾကာင္းအရာနဲ႔မသက္ဆိုင္ဘူးလို႔ ယူဆတာေၾကာင့္ ဖယ္ရွားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

မႏွစ္သက္ဖြယ္လို႔ယူဆရေသာေၾကာင့္ ဖ်က္လိုက္တဲ့ပို႔စ္ေတြရဲ႕ ၈၄.၁% ဟာ ဆဲဆိုျခင္း (သို႔)အလြန္အကြၽံေဝဖန္မႈေတြပါဝင္ၿပီး ၁၁.၇% ဟာ လူမ်ိဳးေရးဆဲဆိုမႈ (သို႔) အမုန္းစကားေတြပါဝင္တယ္လို႔ ေျပာပါတယ္။

Ref: NHK/Yahoo Japan releases report on post removals

Photo Credit-The Japan Times


LEAVE A REPLY

Please enter your comment!
Please enter your name here