ခင်ပွန်းဖြစ်သူရဲ့ရိုက်ကွင်းကို ကော်ဖီထရပ်ကားပို့ပြီး အားပေးကြောင်းပြသခဲ့တဲ့ Kim Tae Hee

0
204

ခင်ပွန်းဖြစ်သူရဲ့ရိုက်ကွင်းကို ကော်ဖီထရပ်ကားပို့ပြီး အားပေးကြောင်းပြသခဲ့တဲ့ Kim Tae Hee

ဒီဇင်ဘာလ ၂၂ရက်နေ့မှာ Rain ရဲ့ကုမ္ပဏီက၄င်းရဲ့ အင်တာဂရမ်အကောင့်မှာ Kim TaeHeeပေးပို့လိုက်တဲ့ ရောင်စုံကော်ဖီထရပ်ကားအကြောင်းကို ပို့စ်တင်ထားခဲ့ပါတယ်။

“Ding Dong!ချစ်ခြင်းမေတ္တာတွေနဲ့ ကော်ဖီထရပ်ကားဟာ Ghost Doctor ရိုက်ကွင်းကို ရောက်လာခဲ့ပါပြီ” လို့ ရေးသားထားပါတယ်။

Kim Tae Hee ဟာ ခင်ပွန်းဖြစ်သူကို အားပေးတဲ့အကြောင်းကို Ghost Doctor ဒရာမာထဲကRain ရဲ့ဇာတ်ကောင်နာမည်ဖြစ်တဲ့ Cha Young
Min နာမည်နဲ့အတူ အခြားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း အားပေးခဲ့ကြောင်း ရေးသားထားပါတယ်။

Rain နဲ့ Kim Tae Hee ဟာ ၂၀၁၇ မှာ လက်ထပ်ခဲ့ပြီး အခုချိန်မှာတော့ မင်္ဂလာသက်တမ်း ၄နှစ် ကျော်ရှိနေပြီး ချစ်စဖွယ် သမီးလေး ၂ယော က်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Rain နဲ့ Kim Tae Hee တို့ဟာ တောင်ကိုရီးယားရဲ့ ထိပ်တန်းစုံတွဲဖြစ်ပြီး တယောက်ကိုတယောက်ချစ်ခင်ကြင်နာမှုကို အများက လေးစားအားကျနေရတဲ့ စုံတွဲလည်းဖြစ်ပါတယ်။

ယခု Rain ပါဝင်ရိုက်ကူးနေတဲ့ Ghost Doctorဒရာမာကိုတော့ ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ ၃ရက် နေ့ကပြီး ကိုရီးယားစံတော်ချိန် ည ၁၀နာရီခွဲအချိန်မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Zaw Gyi

ခင္ပြန္းျဖစ္သူရဲ့ရိုက္ကြင္းကို ေကာ္ဖီထရပ္ကားပို႔ၿပီး အားေပးေၾကာင္းျပသခဲ့တဲ့ Kim Tae Hee

ဒီဇင္ဘာလ ၂၂ရက္ေန႔မွာ Rain ရဲ့ကုမၸဏီက၄င္းရဲ့ အင္တာဂရမ္အေကာင့္မွာ Kim TaeHeeေပးပို႔လိုက္တဲ့ ေရာင္စုံေကာ္ဖီထရပ္ကား
အေၾကာင္းကို ပို႔စ္တင္ထားခဲ့ပါတယ္။

“Ding Dong!ခ်စ္ျခင္းေမတၱာေတြနဲ႔ ေကာ္ဖီထရပ္ကားဟာ Ghost Doctor ရိုက္ကြင္းကို ေရာက္လာခဲ့ပါၿပီ” လို႔ ေရးသားထားပါတယ္။

Kim Tae Hee ဟာ ခင္ပြန္းျဖစ္သူကို အားေပးတဲ့အေၾကာင္းကို Ghost Doctor ဒရာမာထဲကRain ရဲ့ဇာတ္ေကာင္နာမည္ျဖစ္တဲ့ Cha Young
Min နာမည္နဲ႔အတူ အျခားသ႐ုပ္ေဆာင္ေတြနဲ႔ ရိုက္ကူးေရးအဖြဲ႕သားေတြကိုလည္း အားေပးခဲ့ေၾကာင္း ေရးသားထားပါတယ္။

Rain နဲ႔ Kim Tae Hee ဟာ ၂၀၁၇ မွာ လက္ထပ္ခဲ့ၿပီး အခုခ်ိန္မွာေတာ့ မဂၤလာသက္တမ္း ၄ႏွစ္ ေက်ာ္ရွိေနၿပီး ခ်စ္စဖြယ္ သမီးေလး ၂ေယာ က္ကိုလည္း ပိုင္ဆိုင္ထားပါတယ္။

Rain နဲ႔ Kim Tae Hee တို႔ဟာ ေတာင္ကိုရီးယားရဲ့ ထိပ္တန္းစုံတြဲျဖစ္ၿပီး တေယာက္ကိုတေယာက္ခ်စ္ခင္ၾကင္နာမွုကို အမ်ားက ေလးစားအားက်ေနရတဲ့ စုံတြဲလည္းျဖစ္ပါတယ္။

ယခု Rain ပါဝင္ရိုက္ကူးေနတဲ့ Ghost Doctorဒရာမာကိုေတာ့ ၂၀၂၂ခုႏွစ္၊ဇန္နဝါရီလ ၃ရက္ ေန႔ကၿပီး ကိုရီးယားစံေတာ္ခ်ိန္ ည ၁၀နာရီခြဲအခ်ိန္မွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here