မြန်မာ နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၅၈ သန်းကို ကနေဒါနိုင်ငံက လက်ရှိရင်းနှီးမြှုပ်နှံထား

0
54

(Unicode)

မြန်မာ နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၅၈ သန်းကို ကနေဒါနိုင်ငံက လက်ရှိရင်းနှီးမြှုပ်နှံထား

အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ညှိနှိုင်းရေးအတွက် ဒီဇင်ဘာ ၂၁ ရက်ကပြုလုပ်သည့် ကြိုတင်ပြင်ဆင်အ စည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက အာဆီယံသာမက မိမိနိုင်ငံရဲ့အကျိုးစီးပွားအတွက်ကိုပါ ရလဒ်ကောင်းတွေရရှိအောင် စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့ပြောဆိုခဲ့ပါတယ်။

ဘာသာရပ်အလိုက် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူတွေကို ရွေးချယ်တာဝန်ပေးအပ်ရာမှာလည်း နိုင်ငံတကာသဘောတူညီချက်တွေ မိမိနိုင်ငံရဲ့ ဥပဒေတွေကို ကြေညက်ပိုင်နိုင်ကျွမ်းကျင်သူတွေကိုသာ တာဝန်ပေးဖို့ပြောဆိုခဲ့ပါတယ်။

အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်အတွက် ညှိနှိုင်းထားတဲ့ကိုးကားစာတမ်းပါ နယ်ပယ်တွေနဲ့စာတမ်းနဲ့စပ်လျင်းပြီး နှစ်ဖက်သဘောတူညီမှုရရှိဖို့ ညှိနှိုင်းဆွေးနွေးခဲ့တာတွေကို အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က ပြောဆိုခဲ့ပါတယ်။

အလားတူပဲ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့်က အာဆီယံ-ကနေဒါ လွတ်လပ်သောကုန် သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းမှုတွေကို ၂၀၂၂ ခုနှစ်အတွင်းမှာ စေ့စပ်ညှိနှိုင်းမှုဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်တွေ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာ နိုင်ငံကိုယ်စားဆက်လက်‌ဆောင် ရွက်မည့်အစီအစဥ်တွေကို ပြောဆိုခဲ့ပါတယ်။

အာဆီယံဟာ ကနေဒါနိုင်ငံရဲ့ ဆဋ္ဌမအကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ကနေဒါနိုင်ငံဟာလည်း အာဆီယံရဲ့ ၁၅ နိုင်ငံမြောက်ကုန်သွယ်ဖက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကနေဒါနိုင်ငံရဲ့ လက်ရှိရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅၈ သန်းရှိတာကြောင့် မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံတွေထဲမှာ အဆင့် ၁၆ ရှိပါတယ်။

(Zawgyi)

ျမန္မာ ႏိုင္ငံတြင္ အေမရိကန္ေဒၚလာ ၁၅၈ သန္းကို ကေနဒါႏိုင္ငံက လက္ရွိရင္းႏွီးျမႇဳပ္ႏွံထား

အာဆီယံ-ကေနဒါ လြတ္လပ္ေသာကုန္သြယ္မႈသေဘာတူစာခ်ဳပ္ညႇိႏႈိင္းေရးအတြက္ ဒီဇင္ဘာ ၂၁ ရက္ကျပဳလုပ္သည့္ ႀကိဳတင္ျပင္ဆင္အ စည္းအေဝးတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးေအာင္ႏိုင္ဦးက အာဆီယံသာမက မိမိႏိုင္ငံရဲ႕အက်ိဳးစီးပြားအတြက္ကိုပါ ရလဒ္ေကာင္းေတြရရွိေအာင္ စနစ္တက်ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ၾကဖို႔ေျပာဆိုခဲ့ပါတယ္။

ဘာသာရပ္အလိုက္ ကုန္သြယ္ေရးေစ့စပ္ညႇိႏႈိင္းသူေတြကို ေ႐ြးခ်ယ္တာဝန္ေပးအပ္ရာမွာလည္း ႏိုင္ငံတကာသေဘာတူညီခ်က္ေတြ မိမိႏိုင္ငံရဲ႕ ဥပေဒေတြကို ေၾကညက္ပိုင္ႏိုင္ကြၽမ္းက်င္သူေတြကိုသာ တာဝန္ေပးဖို႔ေျပာဆိုခဲ့ပါတယ္။

အာဆီယံ-ကေနဒါ လြတ္လပ္ေသာကုန္သြယ္မႈသေဘာတူစာခ်ဳပ္အတြက္ ညႇိႏႈိင္းထားတဲ့ကိုးကားစာတမ္းပါ နယ္ပယ္ေတြနဲ႔စာတမ္းနဲ႔စပ္လ်င္းၿပီး ႏွစ္ဖက္သေဘာတူညီမႈရရွိဖို႔ ညႇိႏႈိင္းေဆြးေႏြးခဲ့တာေတြကို အာဆီယံအဆင့္ျမင့္စီးပြားေရးအရာရွိ၊ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊အၿမဲတမ္းအတြင္းဝန္ ေဒါက္တာဝါဝါေမာင္က ေျပာဆိုခဲ့ပါတယ္။

အလားတူပဲ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာမာလာမ်ိဳးၫႊန္႔က အာဆီယံ-ကေနဒါ လြတ္လပ္ေသာကုန္ သြယ္မႈသေဘာတူစာခ်ဳပ္ ညႇိႏႈိင္းမႈေတြကို ၂၀၂၂ ခုႏွစ္အတြင္းမွာ ေစ့စပ္ညႇိႏႈိင္းမႈေဆာင္႐ြက္မည့္ လုပ္ငန္းအစီအစဥ္ေတြ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံ ျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက ျမန္မာ ႏိုင္ငံကိုယ္စားဆက္လက္‌ေဆာင္ ႐ြက္မည့္အစီအစဥ္ေတြကို ေျပာဆိုခဲ့ပါတယ္။

အာဆီယံဟာ ကေနဒါႏိုင္ငံရဲ႕ ဆ႒မအႀကီးဆုံးကုန္သြယ္ဖက္ျဖစ္ၿပီး ကေနဒါႏိုင္ငံဟာလည္း အာဆီယံရဲ႕ ၁၅ ႏိုင္ငံေျမာက္ကုန္သြယ္ဖက္ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကေနဒါႏိုင္ငံရဲ႕ လက္ရွိရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၁၅၈ သန္းရွိတာေၾကာင့္ ျမန္မာႏိုင္ငံမွာရင္းႏွီးျမႇဳပ္ႏွံေနတဲ့ႏိုင္ငံေတြထဲမွာ အဆင့္ ၁၆ ရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here